Sunday, December 27, 2015

ကိုယ့်အာရုံဟာ မြို့ကြီးပြကြီးမဆန်ဘူး၊ ရွက်ကြွေကလေးရဲ့ ခိုးခိုးခစ်ခစ်ရယ်သံနဲ့အတူ

လွင့်ပါးတာချင်းအတူတူငါ့မှာသာ လူလူသူသူ အကျမတော်ခဲ့..ရွက်ကြွေကလေးရယ်...လေတိုက်တဲ့အခိုက်မှာတောင်ကိုယ့်မှာ အဆန်ခရီးကို ဖြစ်လို့...အရာရာတိုင်းကို ညည်းတွားခဲ့ရလေတယ်..။ဂယောင်ခြောက်ခြားညနက်တွေမှာကိုယ်ဟာ ကိုယ့်အရိပ်ကိုယ် ခေါင်းအုံးအိပ်လို့...အိပ်မှုံစုံမွှားမနက်တွေမှာကိုယ်ဟာ ကိုယ့်မျက်ရည်နဲ့ကိုယ်...


Wednesday, October 28, 2015

ဟိုတုန်းက တို့တွေအလွန်ချစ်သည်..

ညွှန်း==> ဘလော့ဂါများအားလုံး ဖဘမှာ အကြောင်းအမျိုးမျိုးကြောင့် ငြင်းကြခုန်ကြရင်း မခေါ်နိုင် မပြောနိုင်ဖြစ်ကုန်တဲ့ မိတ်ဆွေတွေ တွေ့ရတိုင်း အရင်တစ်ချိန်က ဘဝတွေကို ပြန်သတိရမိတယ်။ မခေါ်နိုင်မပြောနိုင် ဖြစ်တဲ့ထဲမယ် ကိုယ်တို့မပါပေမယ့် ခုနောက်ပိုင်း အဲဒီလိုတွေ များလာကြတယ်။ ကျနော်ကိုယ့်ကိုယ်ကို...


Tuesday, October 27, 2015

ခုတလော (၇)

(၁)လောလောလတ်လတ် စိတ်ထဲမှာ Stress နည်းနည်းများနေတယ်လို့ထင်တယ်။ သူငယ်ချင်းတွေနဲ့ စာအုပ်တစ်အုပ်စီစဉ်ထားသေးတယ်။ အဲဒါက အကြွေးတစ်ပုဒ်ကျန်သေးတယ်။ လကခမဂ္ဂဇင်းကို ဗျာ ၁၊ ထု ၁ ၊ ဆောင်း ၁၊ စာမူပို့ထားသေးတယ်။ အရင်ကလောက် စိတ်ညစ်စရာ သိပ်မရှိဘူး။ သူ့ Flow လေးနဲ့သူ သွားနေတုန်းပဲ။ သီချင်းလည်း မဆိုချင်ဘူး.။ စာရေးဖို့လည်း...


Friday, September 18, 2015

"သုံး"ကြိုး

ဒဂုံစင်တာမှာ ထုံးစံအတိုင်း လူတွေတော်တော်စည်ကားနေတယ်..။ ရုံးပိတ်ရက်မို့ ဈေးဝယ်တွေ ပိုများနေတာကြောင့်လည်းဖြစ်မယ်ထင်တယ်..။ Window shopping လုပ်တဲ့ စုံတွဲတွေ ပိုများနေတာကို တွေ့ရတော့ ကျွန်တော့်စိတ်ထဲမှာ သူ့ကို သွားသတိရနေမိပြန်တယ်..။ တိုက်တိုက်ဆိုင်ဆိုင် ဟိုးရှေ့မှာ အင်္ကျီအဝါလေးနဲ့ တစ်ယောက်က...


Monday, August 24, 2015

အင်းယားပုံပြင်

Photo: Ultimate Magazine အင်း ယားသည် ဆိတ်ငြိမ်စွာတည်ရှိသည်..။ အင်းယားကန်ဘောင်တွင် ဆူညံနေသော ဂစ်တာဝိုင်းများ၊  သောက်စားမူးယစ်နေသော လူငယ်များ၊ တီတီတာတာ ကြည်နူးကြသော ချစ်သူစုံတွဲများသည် အင်းယား၏ တည်ငြိမ်မှုကို အနှောက်အယှက်မပေးနိုင်၊ ဣနြေ္ဒကြီးသော အင်းယားကန်ကို ဆူပူရှုပ်ထွေးသော အနားသတ်ဖြင့်...


Friday, March 6, 2015

ခုတလော(၆)

(၁) ဟိုတလောက ပဲခူးဖက်ကို ကိစ္စတစ်ခုနဲ့သွားရင်းနဲ့ အပြန်မှာ ကမ္ဘာကျော် ဆိုတဲ့ လိုင်းကားနဲ့ ပြန်လာခဲ့တယ်.။ ပဲခူးကနေ သင်္ကန်းကျွန်းဖက်ကို ပြန်တဲ့လမ်းပေါ့..။ ကျနော်က အပြင်ဖက်ခုံမှာ.။ ကျနော့်အတွင်းကလူထသွားတော့ ကျနော်က ပြတင်းပေါက်ဖက်မှာ ပြောင်းထိုင်လိုက်တယ်.။ လမ်းပေါ်က ခရီးဆောင်အိတ်ကိုလည်း ပေါင်ပေါ်တင်ထားလိုက်တယ်.။...


 

My Blog List