ရောက်တတ်ရာရာ ဆိုတဲ့ Label အောက်က ပို့စ်တွေကို မရေးခဲ့တာကြာခဲ့ပါပြီ.။ ၀တ္ထု နဲ့၊ ကဗျာ လောက်ပဲရေးဖြစ်ပြီးကျန်တဲ့ အက်ဆေးနဲ့ ဆောင်းပါးတွေလည်း မရေးဖြစ်တာ သိပ်ကြာနေပြီ.။ ဟိုဟိုသည်သည် မသွားဖြစ်တာလဲ ကြာလို့ပါ.။ နောက်ထပ် ဘယ်လိုငြင်းငြင်း ဘယ်သူမှ မယုံမယ့်အတူတူ ဖဘ မှာ အချိန်ကုန် နေတာလဲ ပါတယ်လို့ ပွင့်လင်းစွာ ၀န်ခံပါရစေ.။(၀န်မခံလည်း သိပြီးသားမဟုတ်လား ^_^) နောက်ပိုင်းတော့ ပုံမှန်အတိုင်းဆက်ရေးသွားဖို့ရှိပါတယ်.။ ဘယ်သူမှ လာမဖတ်ကြလည်း ကိုယ့်မောင်နှမတွေပဲ ဖတ်ကြပေါ့နော့။
ကဲ. ဒီလိုကြီး ပလ္လင်ခံလိုက်တော့ ရောက်တတ်ရာရာပို့စ်တစ်ပုဒ် ရေးမယ်ထင်သွားမလားမသိဘူး.။ အမှန်က ရောက်တတ်ရာရာတော့မဟုတ်ပါဘူး.။ ငမိုးတို့ရဲ့ “ ကျုပ်တို့အသိုင်းအ၀ိုင်း” လေးထဲကို မရဲတစ်ရဲ ခြေလှမ်း များနဲ့ ၀င်လာတဲ့ ငမိုးရဲ့ သူငယ်ချင်းဆိုလည်း ဟုတ်၊ ညီမ ဆိုလည်းဟုတ်တဲ့ “မြရိပ်ဇင်(ဆေး-၂) ” ဆိုတဲ့ ဘလော့ဂါ ဆရာဝန်မလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ.။ သူ့ရဲ့ Blog လိပ်စာကတော့ http://myayeikzin.blogspot.comဖြစ်ပါတယ်.။ သူကတော့ Facebook မှာ Fan Page တစ်ခုရေးနေတာ တော့ အချိန်အတိုင်းအတာတစ်ခုရှိပေမယ့် ငမိုးတို့ ဘလော့ဂါတွေ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပုံ၊ (အင်း သိပ်ချစ်ကြတာ. ^_^) ၊ သံယောဇဉ်ရှိကြပုံတွေကို သဘောကျ လေးစားလို့၊ ဘလော့ဂါ အသိုင်းအ၀ိုင်း ထဲကို တိုးဝင်လာသူပေါ့.။ (အမှန်က ငမိုးမြှောက်ပေးတာလဲပါတာပေါ့လေ..) ။
အမှန်က ကွကိုလည်း လေနေတာကြာပေါ့.။ ကျောင်းပိတ်တော့ လူလည်း ကွကို အနားပေးထားတယ်။ လောလောဆယ်တော့ ငမိုးရဲ့ Activities တွေက ဘာမှတော့သိပ်မရှိလှပါဘူး.။ လောလောဆယ် ဖတ်နေတဲ့ စာအုပ်က ကျော်ဝင်းရဲ့- စိန်ခေါ်ကြသူများစာအုပ်၊ Facebook မှာတော့ ကိုမျိုးဆက် စာတွေနဲ့ သူပြောတဲ့ အကြောင်းအရာတွေကို အကျယ်ဖတ်နေတယ်.။ နေ့တိုင်းနီးပါး ဘောလုံးကန်နေတယ်.။ ဆေးလိပ်ဖြတ် ခါနီးမှ တပ်ချုပ်ကြီးလက်ဆောင်ပေးသွားတဲ့ ပြည်တွင်းဖြစ်ဆေးလိပ်ကလေးတွေ မနည်းမများလေး သုံးဆောင်နေ တယ်.။ အချစ်ဆုံး ဂါဒီယန်က ပြည်တော်ပြန်သွားပြီ.။ ငမိုးတို့လည်း ပြန်ဖို့ နီးလာပြီ.။ ခါတိုင်းထက် ပို့စ်ကျဲဖို့ ပိုနီးလာတာပေါ့.။ ကံကြမ္မာဆိုတာကလည်းရှိသေးတော့ မိုးသက်ဦးလွင် ဘလော့လေး ပိုင်ရှင်မဲ့ချင်လည်းမဲ့သွား မပေါ့လေ.။ ဒါပေမယ့် ဘယ်နေရာရောက်ရောက်၊ ဘယ်အခြေအနေရောက်ရောက်. တစ်ချိန်က ကျင်လည် ပျော်မြူးခဲ့ဖူးတဲ့.နေရာလေးက ညီအစ်ကိုမောင်နှမများအားလုံးကို သတိရနေမယ်ဆိုတာ ပြောဖို့ မလိုလှဘူးထင် တယ်.။ ခင်ရာဆွေမျိုးတွေဆိုပေမယ့် ကျွန်တော့်ဘ၀ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ကျွန်တော့် မောင်နှမ တွေ အမြဲပါနေတယ်ဆိုတာ အားလုံးသိကြမှာပါ.။ တစ်နေ့နေ့ပေါ့. ။ ကျွန်တော် အားလုံးနဲ့ တစ်ချိန်ချိန်မှာ ဆုံချင်တယ်.။ မပိုင်တဲ့ မနက်ဖြန်တွေအကြောင်းကို ဥပေက္ခာပြုရင်းပေါ့လေ.။