နံပတ်(၁) -
ဒိုင်ယာရီ မရေးဖြစ်တာကြာခဲ့ပြီ.. ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ဖာသာ မှတ်သားတဲ့အတိတ်ကို ပြန်
မြင်မယ့် လူတစ်ယောက်ကို မနာကျင်စေချင်လို့ပေါ့.။ ကြာခဲ့ပြီဆိုတာတောင် နောက်ဆုံးရေးခဲ့တဲ့နေ့က
၁-၁-၂၀၁၃ ဆိုတော့ သိပ်မကြာဖူးပေါ့.။ မထူးပါဘူး.။ ပြန်ရေးရမှာပါပဲ.။ စောစောကတည်းက စမူဆာနဲ့
ပေါက်စီဆိုတာ ဘယ်လိုလုပ်ထပ်တူကျမလဲနော့..။ လောလောဆယ် ကိုယ့်ထက် အရေးကြီးတာတွေအများ
ကြီးပဲ ကျွန်တော်ကတော့အေးဆေးပါ..။ အလှည့်အပြောင်းတွေကို နားလည်နေပြီ..။ အကောင်းဆုံးနေမယ်။
မိဘကလွဲရင် အစားထိုးမရဘူးဆိုတာ မရှိပါဘူးနော့.။
နံပတ် (၂) -
ပရဟိတ အသင်းအစည်းအဝေးမှာ ကျွန်တော် ရာထူးတိုးသွားတယ် :D။ ရာထူးတိုးတယ်ဆိုပေမယ့်
တာဝန်ပေးခံရတာပေါ့.။ အင်တာနက်တာဝန်ခံ ဆိုတော့ ကျွန်တော် Joomla ဆိုက်ကိုင်ရဦးမယ်.။ လော
လောဆယ် Coding ကို မလုပ်ဖြစ်တာ သိပ်ကြာနေပြီ ..။ ဆိုတော့ ကျွန်တော်စာပြန်ဖတ်ရလိမ့်ဦးမယ်.။
တော်သေးတာပေါ့ .။ စာမေးပွဲပြီးသွားလို့.. ။ ဘာပဲပြောပြော ပင်ပန်းရလည်း ကိုယ့်ကြောင့် လူတွေစိတ်ချမ်း
သာရရင်ကျေနပ်ပါတယ်.။ ကျွန်တော်တို့ အလုပ်က မကောင်းတဲ့အလုပ်မှ မဟုတ်တာ..။
နံပတ်(၃) -
ကျွန်တော်ကသာ ကိုယ်အသုံးမကျလို့ ဘလော့မှာ လူမ၀င်တိုင်း Facebook ကို အပြစ်တင်နေတာ.။
တကယ့် တကယ် Facebook မှာ အစ်မမဒမ်ကိုး၊ ဦးအိကု တို့ ပျောက်သွားပြီ. ။ ကျွန်တော်လည်း ပြန်ကြား
ရေး လုပ်ဖို့သာ သုံးနေရတယ်.။ (တကယ်တော့မပြတ်နိုင်တာလဲ ပါပါတယ်. )။ အစ်မကန်ဒီတို့လို Silence လုပ် နေနိုင်ရင်လည်းအကောင်းသားပေါ့.။ ဒါပေမယ့်...။အင်း.. တစ်ဖြည်းဖြည်းတော့လျှော့ရမှာပေါ့လေ.။
နံပတ်(၄) -
ခုတစ်လော ကိုကိုးတို့ရေးတဲ့ မိုင်တိုင်(၂၀) တို့ ၊ ကြယ်စင် ဆယ့်တစ် တို့ ခေတ်စားနေတယ်.။ ပွင့်ပွင့်
လင်းလင်းပြောရရင် အားကျပါတယ်..။ ကျွန်တော့်လက်ကို ကျွန်တော်သိတယ်.။ အတိုထက် အရှည်ကို
ပိုအားသန်မိတယ်.။ အဲဒီအရှည်တောင် လောလောဆယ် တို့လို့တန်းလန်းဖြစ်နေတယ်.။ ကျိန်းသေတာက
တော့ လူတော်တော်များများက ၀တ္ထုတိုလေးတွေပဲ ပိုသဘောကျမှာပဲ.။ အတိုလေးတွေပြန်ရေးရဦးမယ်.။
ဝတ္ထုနဲ့ပတ်သတ်ပြီးတော့ပဲ ဒီဘလော့လေးက စလာတာကိုး..။
နံပတ်(၅) -
ခုတစ်လော Facebook မှာ Message Box ကနေ လိုက်ပို့တဲ့ Ware တွေရှိနေတယ်.။ အဲဒီကောင်တွေ
ကိုရှင်းဖို့ သိပ်မခဲယဉ်းပါဘူး.။ ခဲယဉ်းတာက ဒီလင့်ခ်လေးကို Like လုပ်ပေးပါ.။ Share ပေးပါဆိုတာ တွေ
ပဲ.။ ကိုယ်ကြိုက်ရင် ကိုယ် Like ပေါ့.။ တစ်ချက်လောက်ကြည့်ပေးပါဆိုလည်း တော်သေးတယ်.။ သဘော
ကျရင် ၊ Like သင့်ရင် Like မှာပေါ့.။ Like ရုံမက တစ်ခြားသူကို ပြချင်ရင် Share ပေးမှာပေါ့.။ အခုဟာက
အရည်အချင်းပြိုင်ပွဲတွေ ၊ အလှအပပြိုင်ပွဲတွေထက် ၊ အားမနာလျှာမကျိုးပြိုင်ပွဲတွေနဲ့တူနေတယ်.။
နံပတ်(၆) -
ဟိုနေ့က တွေ့ရသေးတယ်.။ ကလေးလေးတစ်ယောက်ကို ခြေသလုံးက အရှိုးရာလေးတွေ ပြပြီး ဆရာ
မ ကိုတရားစွဲတဲ့ ကိစ္စ..။ အဲဒီဆရာမ ဘယ်လိုဖြစ်သွားမလဲ.။ မြန်မာနိုင်ငံက ဆရာမပဲ.။ ရိုက်မှာပဲ.။ ကျွန်
တော်တို့ တုန်းက လည်းရိုက်ခံကြရတာပဲ.။တရားစွဲဖို့ ဝေလာဝေး ၊ စိတ်ထဲကတောင် မငြိုငြင်ခဲ့ဖူးဘူး.။
ချစ်ကြောက်ရိုသေပဲ.။ အဲဒီလိုတရားစွဲတဲ့ မိဘ ဆိုတာ ငယ်ငယ်က ဆရာ၊ဆရာမ ရိုက်တဲ့အခါ မကြိုက်တဲ့သူ
တပည့်သက် မကြေခဲ့သူလို့ ထင်မိတယ်.။ ဒီကိစ္စနဲ့ပတ်သတ်ပြီး US ကသူငယ်ချင်းတစ်ယောက်နဲ့ ငြင်းရ
သေးတယ်.။ မတူတာကို ယှဉ်လို့မရပါ.။ သူတို့နိုင်ငံကလူတွေက ခံယူချက်ကိုက ကောင်းပါတယ်.။
ကိုယ့်လူမျိုးအကြောင်းကိုယ်သိပေါ့.။ အရှေ့တိုင်းသားနဲ့ အနောက်တိုင်းသား စိတ်ထားကို မတူကြပါဘူး.။
ကိုယ့်လူမျိုးက ဘာသာတရားမှာကိုက ငရဲဆိုတဲ့ အကြောက်တရားနဲ့ထိန်းပြီးသား.။ ကျွန်တော်တို့ ဆရာမ
ကိုတစ်ခါမေးဖူးတယ်.။ သူတို့ဘာသာမှာလည်းရှိတဲ့ ငရဲ ဆိုတာကိုယုံမယုံပေါ့.။ ဆရာမက မယုံဘူးလို့ပဲ
ပြောတယ်.။ ဒါဖြင့်ရင် ခင်ဗျား ဘာဖြစ်လို့ အရက်မသောက်တာလဲ.လို့မေးတော့.။ မကောင်းမှန်းသိလို့
မသောက်တာတဲ့.။ ကျွန်တော်တို့ လူမျိုးထဲမှာ ငရဲ ဆိုတာ မရှိရင်၊ ဒါမှ မဟုတ် မယုံကြရင် ဘယ်လောက်
တောင် အထိန်းအကွပ်မဲ့လိုက်ကြမလဲ.။ ဒီက လူမျိုးတွေ ၁၀၀ မှာ ၉၀ က ငရဲကို မယုံကြဘူး.။ ကိုယ့်အသိ
စိတ်ဓါတ်နဲ့ကိုယ် ထိန်းကြသူတွေ..၊ တကယ်တော့ သီလ ဆိုတာ ဘာသာရေးဆိုင်ရာ ဥပဒေပါပဲ.။
နံပတ်(၇) -
အမေများနေ့မှာ အမေ့ဆီလည်း ဖုန်းမဆက်လိုက်ရဘူး.၊ အစည်းအဝေးက နေ့လည် ၁၂ နာရီက စ
ပြီး ည ၇ နာရီခွဲမှပြီးတယ်.။ ကျွန်တော်တို့ အစည်းအဝေးဆိုတာ အကြီးတစ်ယောက်ကပြောပြီး နောက်က
နေ စိတ်မပါလက်မပါ လိုက်နားထောင်နေတာမျိုးမဟုတ်ဘူး.။ အားလုံးက ကိုယ့်သဘောကိုယ် ထပြောပြီး
အဆင်မပြေတာတွေ အခက်အခဲတွေကို တစ်ခါတည်း ပေါင်းစည်းပြီး သဘောတူဖြေရှင်းကြတာ.။ အားလုံး
က ပြောကြ.၊ ဆွေးနွေးကြတော့ကြာလို့ ကြာမှန်းမသိပါဘူး.။ သိပ်ပြီးထိရောက်တယ်..။
နံပတ်(၈) -
ကျွန်တော်လည်း ရန်သူတွေများနေတယ်.။ Facebook ကို တစ်ခြားနေရာက ၀င်တာ ၃၊ ၄ ကြိမ်ရှိနေ
ပြီ.။ ဒါပေမယ့် ကျွန်တော့်ပတ်စ်ဝက်သိနေရင်တောင် ၀င်လို့မရအောင်လုပ်ထားတာ..။ ပျက်သွားလည်း
သိပ်တော့ ဂရုမစိုက်ဘူး.။ ဖြစ်သမျှ အကြောင်းအကောင်းချည်းပဲ ဆိုတာ ရင်ထဲမှာစွဲသွားပြီ.။ ဘာဖြစ်ဖြစ်
နှမြောတဲ့စိတ်လည်း နည်းလာတယ်.။ အကောင်းဖက်ကို ယူတတ်သွားပြီ.။ ခြေတွေလက်တွေ ရှိနေတာပဲ.။
တစ်ခါတစ်ခါ ဆယ်သိန်းလောက်ဆုံးရှုံးသွားတာဟာ သိန်းတစ်ထောင်လောက်မြတ်ဖို့ ဖြစ်နေတတ်တာကို
သိနေတယ်.။ အဲဒီလောက် မြတ်ဖို့မလိုပါဘူး.။ အဲဒီလို စည်းစိမ်တွေလည်း သိပ်မမက်ဘူး.။ အဓိကက
စိတ်ချမ်းချမ်းသာသာနဲ့. သူတစ်ပါးအကျိုးမယုတ်မယ့် ကိုယ်ထင်ရာကိုယ်လုပ်နေနိုင်ဖို့ ပဲ လို့ထင်တယ်.။
လူပဲနော့ ကိုယ်ထင်ရာမှ ကိုယ်မလုပ်ရရင် လူဖြစ်ရကျိုးဘယ်နပ်ပါ့မလဲ.။
နံပတ်(၉) -
အခု ဒီစာရေးတော့ ၀င်းဒိုးကို တတိယ အကြိမ်ပြန်တင်ထားတာ.။ ကျွန်တော့်စိတ်က သဘောမကျတဲ့
အလုပ်ဆိုရင် စိတ်တိုင်းမကျမချင်းပြန်ပြင်ချင်တာ.။ ဘယ်လောက် အချိန်ပေးရပေးရ.ပေါ့.။ကိုယ့်ဖာသာ
ဆိုရင် အဲဒီလိုပါပဲ.။ သူများကိုတော့ အားနာတတ်တာ တစ်ခါတစ်ခါ လုပ်ရကိုင်ရ ခက်သလိုပဲ.။ သူများ
ကျောင်းကို သွားရင် လာရင်တောင် အားနာနေလို့ တစ်ချို့ကိစ္စတွေ နှောင့်နှေးရတာရှိတယ်.။ သူများအကူ
အညီကိုလည်း သိပ်မယူချင်ဘူး.။ ကိုယ့်အားကိုယ်ပဲ ကိုးတာများတယ်.။ တစ်ချို့က ဇွတ်ကိုဝင်ရောပြီး
ဖင်ပုတ်ခေါင်းပုတ်နဲ့ လုပ်သွားတဲ့ ကိစ္စတွေက ကျွန်တော့် အတွက် ခက်ခဲတာများတယ်.။ ကိုယ်ကိုယ်တိုင်
က အားနာတတ်တော့ အားမနာလျှာမကျိုးလုပ်သူတွေကိုလည်းမျက်စိ စပါးမွှေးစူးသလိုလိုဖြစ်မိတယ်.။
နံပတ်(၁၀)
ဝင်းဒိုး(၈) ကတော်တော်လေးကို သုံးလို့ကောင်းတာတွေ့ရတယ်.။ Microsoft အကောင့်နဲ့သာဝင်ထား
ရင် ၀င်းဒိုးပြန်တင်ရင် အရင် ကိုယ့်ဖာသာ Customize လုပ်ထားတဲ့ Themes လေးတွေပြန်ရတတ်တယ်.။
ပြီးတော့ Log on Wallpaper ကအစပေါ့.။ ပြီးတော့အရင့်အရင် Previews တွေမှာဖြစ်တဲ့ Themes ချိန်း
လိုက်ရင် ဇော်ဂျီဖောင့်ပျောက်သွားတာလည်း မရှိတော့တာတွေ့ရတယ်.။ ၀င်းဒိုး7 ထက်လည်း သိသိသာ
သာပေါ့ပါတယ်.။
နံပတ်(၁၁)
ဒီနေ့ရထားစီးတော့ ရထားခကို ကျောင်းသားကဒ်ပြပြီးဝယ်ရင် တစ်ဝက်ပဲပေးရတယ်.။ ဒီနိုင်ငံမှာ
ကျောင်းသား တွေက အထူးအခွင့်အရေးရတာကိုတွေ့ရတယ်.။ပြတိုက်အများစုက ကျောင်းသားများအ
တွက် ၀င်ကြေးပေးရန်မလိုပါဘူး.။ ပေးရရင်လည်း တစ်ဝက်ပဲ ကျလေ့ရှိတယ်.။ ရဲဖမ်းရင်လည်းကျောင်း
သားကဒ် ပြတာနဲ့ အလိုလို လွှတ်ပေးလေ့ရှိတယ်.။ ဒီမှာလည်း ကျောင်းသားတွေက လူယဉ်ကျေးတွေများ
တယ်.။ ကျောင်းသွားရင် မြန်မာကားထဲက ကျောင်းသားတွေလို ကန်တင်းမှာထိုင်ပြီး ဟေးလားဝါးလား
လုပ်နေတာ မျိုးတွေ မရှိကြဘူး.။ အတန်းချိန်မီဖို့အရေးတစ်ယောက်နဲ့တစ်ယောက် နှုတ်တောင်မဆက်နိုင်ပဲ
ပြေးလွှားပြီး အတန်းတက်နေကြတာများတယ်.။ စည်းကမ်းလည်းရှိကြတယ်.။ သူတို့ဆီက သင်ကြားတဲ့ပုံက
ဆရာနဲ့တပည့်ရင်ဘောင်တန်းပြီး အပြန်အလှန် ဆွေးနွေးကြတာများတယ်.။ သူတို့ စိတ်က ဆရာဆိုတဲ့
စိတ်ထက်.. လူကြီးလူကောင်းအချင်းချင်း လေးလေးစားစား စကားပြောသလိုပဲ.။ ကြားထဲမှာ ဘာအလွှာမှ
မရှိတာ သေချာတယ်.။