Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Monday, August 6, 2012

သင်္ခါရဆိုသော်လည်း...(ညီလေးနွေလရဲ့တဂ်ပို့စ်)

       ကျွန်တော့်စီဘောက်မှာ ညီလေးနွေလ လာပြီး တဂ်သွားတဲ့ပို့စ်ဖြစ်ပါတယ်.။ အစ်ကိုရေ. တဂ်တဲ့ထဲမှာ
မပါပေမယ့် ရေးပေးပါဆိုလို့ ရေးဖြစ်သွားတာပါ.။ ကိုယ်ကိုယ်တိုင်ကလည်း မတွေးနိုင် မခံစားနိုင်လောက်
အောင်ကို အလုပ်တွေများနေပါတယ်.။အလုပ်တွေများနေတယ်ဆိုတာထက် ကျွန်တော်ကိုယ့်ကို အလုပ်တွေ
ထဲ ခေါင်းနှစ်ထားတယ်ဆို ပိုမှန်မှာပေါ့.။(ဘာဖြစ်လို့ဆိုတာကိုတော့ ထပ်မပြောတော့ဘူးနော်..) ။ဒီလို အချိန်
မှာ မရေးနိုင်လို့ အားလုံးကို အားနာနေတဲ့အချိန် တဂ်ပေးတဲ့ ညီလေးကို အရမ်းကျေးဇူးတင်မိပါတယ်.။
ကဲ စပါပြီ.။
       ညီလေးနွေလက သူ့ဘလော့လေး ပျောက်သွားကြောင်းနဲ့ အသစ်လုပ်ထားရကြောင်းဝမ်းနည်းစွာ
မချိတင်ကဲ ဆိုပါတယ်.။ (ထင်တော့ထင်သား..ဒီကလေးပျောက်လှပါလားလို့..။)

 (၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
        ဟုတ်ကဲ့ မေမြို့မိုးဘလော့လေးကို ကျွန်တော် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့ မှာ အုတ်မြစ်ချဖြစ်
ခဲ့ပါတယ်.။ တန်းပလိတ်လေးက သိပ်တော့မလှဘူးပေါ့..။ပို့စ်ကိုတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင်ဖြစ်ပါ
တယ်.။ စပြီးတည်ဆောက်တော့ ကျွန်တော့်အနေနဲ့ စာရေးဝါသနာပါသော်ငြားလည်း ဘလော့ဂါတစ်
ယောက်ဖြစ်လာဖို့ဆိုတာ မတွေးဖူးပါဘူး.။ ကျွန်တော် ဘလော့စမရေးခင်က. ဘလော့တွေလည်ဖြစ်ပါ
တယ်.။ လည်တယ်ဆိုတာထက် လင့်ခ်လေးတွေတွေ့မှ ၀င်ကြည့်မိတာပါ.။ ကျွန်တော်သတိထားမိပြီးဝင်
မိတဲ့ ဘလော့၂ ခုရှိပါတယ်.။ အဲဒါကတော့ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော အစ်ကိုကြီးအစ်မကြီး ဇနီး
မောင်နှံရဲ့ မဒမ်ကိုး ဘလော့ပါ.။ ပထမဆုံးဖတ်မိတဲ့ပို့စ်က နာမည်မမှတ်မိတော့ပါဘူး.။ ဒိုးကန်လေးရေ.
ဒိုးကန်လေးရေ ဆိုတာကို ဖတ်မိတယ်.။ (ခုထိ လိုက်ရှာတာကို မတွေ့တော့ဘူး.။ခေါင်းကိုမူးနေတာပဲ..)
အဲ့တုန်းက လင်မယား နှစ်ယောက်ရေးတယ်ဆိုတာကို မသိဘူး.။ ၂ ပုဒ် ၃ပုဒ် ဖတ်မိတော့ မျက်စိကိုလည်
သွားတာပဲ..။ မိန်းမဖြစ်လိုက် ယောက်ျားဖြစ်လိုက် နဲ့.။ တစ်ခုတော့ရှိတယ်.။ သူတို့ရေးတာတွေကို ဖတ်မိ
တော့ လူနည်းနည်းစိတ်ဓါတ်ကျသွားတယ်.။ ဘာဖြစ်လို့လဲ ဆိုတော့. ကိုယ့်ကိုယ်ကိုအားငယ်သွားတာ.ပါ.။
အစ်မတို့ နှစ်ယောက်စလုံးကလည်း စာရေးအင်မတန်ကောင်းတာကိုး.။ ငါစာရေးရင်တောင်သူတို့လောက်
မရေးနိုင်တော့. ငါ့ဘလော့လေးလည်းအရင် နည်းပညာဘလော့လေးလို ခြောက်ကပ်နေမယ်ထင်တယ်.လို့
တွေးမိပါတယ်.။ နောက်ထပ်ဘလော့ကတော့ မခင်ဦးမေ ဘလော့ပါ.။ ကျွန်တော် ပြင်ဦးလွင်ကိုလွမ်းမိ
တော့ google မှာ ပြင်ဦးလွင် လို့ရိုက်ရှာ တဲ့အခါ အမှတ်မထင်တွေ့ခဲ့တဲ့ဘလော့ပါ.။ မကွန် ရေးတဲ့ပုံစံကို
တော်တော်သဘောကျမိပါတယ်.။ ဘယ်သူနဲ့မှ မတူပါဘူး.။ စတိုင်က သပ်သပ်ကွဲထွက်နေပါတယ်.။
အဲဒီလိုနဲ့ပဲ သူ့ဘလော့ကို bookmark ထားပြီး နေ့တိုင်း စောင့်ဖတ်မိပါတယ်.။(အဲ့တုန်းက ဂျီးတော်က
ပြင်ဦးလွင်ကနေ တစ်နေ့ တစ်နေရာ လိမ့်နေတဲ့ ကာလပါ ခင်ဗျား..။) အဲဒီလိုနဲ့ပဲ ကျွန်တော့်ဘလော့လေး
ကို စတည်ထောင်ဖြစ်ခဲ့တာပါ.။

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?
         ပွင့်ပွင့်လင်းလင်းပြောရရင် စတင်လုပ်ခါစက ဘယ်လိုရည်ရွယ်ချက်မှ မရှိခဲ့ပါဘူး.။ ၀ါသနာတစ်ခုကို
အကောင်အထည်ဖော်ဖို့ပေါ့...။

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ … ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
            ကျွန်တော်ကတော့ ကျွန်တော့်ဘလော့လေးကို ကျွန်တော်တစ်သက်လုံး ဆက်ပြီး ပြုစုပျိုးထောင်
သွားမှာပါ.။ ကျွန်တော့်ရဲ့ မျိုးဆက် ကကျွန်တော့် အမွေကိုဆက်ခံနိုင်တယ်ဆိုရင် ကျွန်တော်အတိုင်းထက်
အလွန် ၀မ်းသာမိမှာပါ.။ ဘယ်လောက်မြတ်နိုးတန်ဖိုးထားလဲ ဆိုတာ ပြောဖို့ မလိုတော့ပါဘူးနော်.။မောင်နှ
မတွေနဲ့ ချစ်ခင်ရင်းနှီးဖို့ ဆုံဆည်းခွင့်ပေးတဲ့ဘလော့လေးက ကျွန်တော့်ရဲ့ အသက် ၊ ကျွန်တော့်ရဲ့ ဘ၀ပါပဲ.။
သူပျက်သွားရင် ကျွန်တော်လည်းတော်တော်ခံစားရမှာပဲ....။တန်းပလိတ်လေးနဲနဲရွဲ့သွားရင်တောင်တော်
တော်တော်ခံစားရတယ်.။ သူ့ကို အလှဆုံးဖြစ်စေချင်တယ်.။ အလန်းဆုံးဖြစ်စေချင်တယ်.။ အဲဒီလို ချစ်မြတ်
နိုးတာပေါ့ဗျာ.။

 (၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
          ရှက်ရှက်နဲ့ ပြောရမယ်ဆိုရင် ပျောက်မလိုတော့ဖြစ်ဖူးတယ်.။ မိနစ်ပိုင်းလောက်ပေါ့.။ မှတ်မှတ်ရရ
မေလ (၇) ရက်နေ့ ပေါ့..(မှတ်မှတ်ရရ ဆိုပေမယ့် ဒိုင်ယာရီ ပြန်လှန်ရတယ်..။) ဒါပေမယ့် ဖုန်းနံပတ်အဆင့်
ဆင့်ခံထားတဲ့အတွက် ချက်ခြင်း recovery ပြန်လုပ်နိုင်ပါတယ်.။ အဲဒီမှာ ကျွန်တော် ဘလော့ကိုဝင်တဲ့
မေးလ် ပြောင်းလိုက်တယ်.။ (ဟိုတစ်လောက အခုသုံးနေတဲ့မေးလ်တစ်ခါဖြစ်တယ်.။ ဒါပေမယ့် အဲဒါက
Google server မှာ Error တက်တာတဲ့.။ သိတော့ ကျွန်တော်က ပတ်စ်ဝက်ပြောင်းပြီးနေပြီ..။)

(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?
           ကျွန်တော် ဒီမေးခွန်းအတွက် မပျောက်အောင်ဘယ်လို ဂရုစိုက်ရမလဲ ပြောပြသင့်တယ်ထင်ပါ
တယ်.။ ဘလော့တွေဆိုတာ လုံခြုံရေးအင်မတန်ကောင်းတဲ့ ဆားဗစ်တစ်ခုပါ.။ ဘာဖြစ်လို့လဲဆိုတော့.
ဘလော့မှာ Panel မရှိပါဘူး.။ Dashboard နဲ့ပဲထိန်းချုပ်ထားတာပါ.။ ဆိုတော့ ဟက်ကာတွေ ဘလော့ကို
ဖျက်ဖို့ကြိုးစားဖို့ရာ နည်းလမ်းသုံးခုရှိပါတယ်.။
(၁) က SE လို့ ခေါ်တဲ့ Social Engineering ပါ.။ အယုံသွင်းလှည့်စားမှုပေါ့.။ တန်းပလိတ်လေးသိပ်မလှဘူး။
      ကျွန်တော်ပြင်ပေးမယ်. ။ ပတ်စ်ဝက်ပေး ဆိုတာမျိုးပေါ့.။ ဒါက ဥပမာပါ.။
(၂) က Phishing လို့ခေါ်တဲ့ Blogger ကို ၀င်တဲ့စာမျက်နှာ အတု ကို မှားပြီး gmail နဲ့ Passwd ထည့်မိတာ
      ပေါ့..။ ညီလေးနွေလ ခံရတာ ဒါမျိုးဖြစ်မယ်နော်.။ ဒီစာမျက်နှာအတုတွေမမိအောင် ၀င်တဲ့အခါ.အပေါ်
      adress bar က https://www.blogger.com ဆိုတာ ဟုတ်မဟုတ်သေချာကြည့်ဖို့လိုမယ်နော်.။
(၃) နောက်တစ်နည်းကတော့ ကီးလော့ဂျာလို့ခေါ်တဲ့ Spyware တွေကို စက်ထဲကိုပို့ပြီး Cookie အစရှိတာ
     တွေ ခိုးယူပြီး မိမိ password ပါသွားတာပေါ့.။Antivirus တွေတောင်မသိနိုင်တဲ့ spyware တွေရှိပါ
     တယ်.။ ဒါပေမယ့် ဒါက သိပ်ကိုခဲယဉ်းပါတယ်.။ အင်မတန်ရည်ရွယ်ချက်ကြီးမားတဲ့ လုပ်ငန်းတွေမှာသာ
     သုံးကြမယ်ထင်ပါတယ်.။ ကျွန်တော်တို့ အုပ်စုရဲ့ ဘလော့တွေက ကိုယ့်အတွက်နဲ့ တန်ဖိုးသိသူတွေ
     အတွက် တန်ဖိုးမဖြတ်နိုင်ပေမယ့်. သူတို့အတွက် စိတ်ဝင်စားစရာမရှိပါဘူး.။ဒါလည်းမဖြစ်နိုင်ပါဘူး..။

           ကဲကဲ ဒီနေ့လည်း ဘောင်ဘင်ခတ်မိပြန်ပြီဗျာ.။ ကျွန်တော်က အဲ့လိုပဲ ကြုံရင် ဘောင်ဘင်ခတ်
တတ်တယ်.။ ညီလေးနွေလလို ၀မ်းနည်းစရာ ဘလော့ပျောက်ဆုံးမှုတွေ မကြုံတွေ့ကြပါစေနဲ့လို့ဆုတောင်း
ပေးပါတယ်ဗျာ..။






 

My Blog List