Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Monday, April 23, 2012
သားနဲ့ အမေ...
            ( ရေးထားတာတော့ကြာပြီခင်ဗျ.. စာစီစာကုံးကလေးနဲ့ ပိုတူနေတယ်.။ပုံစံကသပ်သပ်ကွဲထွက်နေ
တယ်.။)
ကျွန်တော့်ရဲ့ အမေပေါ့..။ (ရှိခိုးဦးချကန်တော့လျက်ပါအမေ..)
အမေပို့စ်ဆိုပေမယ့် အဖေမပါရင် စိတ်ဆိုးမှာစိုးလို့.. ။ ကျွန်တော့်ရဲ့
အလေးစားဆုံးပုဂ္ဂိုလ်ပေါ့...။
သားနဲ့ အမေ..ဟုတ်သည်..။သား သည် အမေ အတွက် ရင်နှစ်သည်းခြာ..။ မြန်မာ စကားမှာ ဆိုရိုးလိုလိုတစ်
ခုရှိသည်..။သားများကို အမေ များက ပိုချစ်၍ သမီးများကို အဖေများက ပိုချစ်သည်ဆိုတာပဲ ဖြစ်ပါသည်.။
ဒီစကား မှန်မမှန်တော့ မသိပါ..။ တကယ်တမ်းကတော့ သားသမီး ကို မိဘတိုင်းကချစ်သည်..။တောင်းဆိုးပ
လုံးဆိုးသာပစ် ရိုးထုံးစံရှိ ၍ သားဆိုးသမီးဆိုးကို ပစ်ရိုးထုံးစံမရှိ ဟု ဆိုထားသည်မဟုတ်ပါလား..။တကယ်ပင် မိဘများက သား သမီးများ အပေါ် ချစ်မြတ်နိုးကြသည်..။ မချစ်ပဲ နေနိုင်ပါရိုးလား ..။သား သမီးကို မိခင် က အသက်ဖြင့်ရင်း၍ မွေးဖွား ခဲ့ကြရသည်..။ တီတီတာ တာ မပြောနိုင်ခင် မိမိ အလိုရှိရာကို မပြောတတ်ခင်က တည်းကသားသမီး များအပေါ် မိဘများက ဘာကိုအလိုရှိသည် .မည်သို့ ဖြစ်လိုသည် ကိုအလိုလိုသိကြသည်
ပဲ..။
          ကျွန်တော့်ပြောစကား မှန်မမှန်ကို သုံးသပ်ကြည့်စေချင်ပါသည်..။ကျွန်တော် ပြောချင်သည်ကသားနှင့်
အမေတို့ရဲ့ စိတ်ချင်းဆက်သွယ်မှု..။သိပ္ပံပညာ အရ ဖြေရှင်း ၍ မရသောကိစ္စရပ်များ ဤကမ္ဘာ တွင် အများ အပြားရှိသည်..။ထိုကိစ္စရပ်များတွင် ကျွန်တော် အထက်တွင်တင်ပြခဲ့သော သားသမီး နှင့် မိဘစိတ်ချင်းဆက်
သွယ် မှုလည်းအပါအ၀င်ဖြစ်သည်..။ အယူသီးမှု တစ်ခု ဟု မှတ်ယူမည်လား..။ ဒါက တော့ တစ်ဖက်စွန်း
ရောက်သည့်ကိစ္စ တစ်ခု မဟုတ်ပါ ..။ သားသမီးနှင့်မိဘ ဆက်ဆံရေးသည်. အလွန်ရိုးစင်းလှသော လူမှုရေး
ဆက်ဆံမှု တစ်ခုဖြစ်သည် ..။တစ်ဖက်တွင်လည်း အလွန်ပင်သိမ်မွေ့ သော အလွန်ပင် နက်ရှိုင်းလှသော
မေတ္တာတရားတို့ ၏ ဆန်းကြယ်မှု များလည်းပါဝင်နေပေသည်..။ကျွန်တော် တစ်ခုလောက်ရှင်းပြပါရစေ..။
လူမဆိုထားနှင့် တိရစ္ဆာန်ဖြစ်သော ပင်လယ် လိပ်မ ကြီး များကိုကြည့်ပါ..။ လိပ်မကြီးသည် .ပင်လယ်ကမ်းစပ်
သာင်ပြင်တစ်နေရာတွင် သဲကျင်းယက်၍ ဥများ ဥချခဲ့သည်..။သို့ရာတွင် မည်သည့်အခါမှ ပြန်လာခဲ့ခြင်းမရှိ။
ထိုဥများကိုဒီအတိုင်းသာပစ်ထားခဲ့သည်..။ဥ များ အကောင်ပေါက်ချိန် တန်သော်.. သူ့ဖာသာ ဒီအတိုင်းသာ အကောင်ပေါက်လာကြသည်..။လိပ်ပေါက်ကလေးများ မှာလည်း ပင်လယ်လှိုင်းတက်ချိန်တွင်မိမိတို့ဖာသာ
ပင် ပင်လယ်ထဲသို့ ပြန်လည်ဆင်းသက် ကြရသည်..။ သို့ရာတွင် ထူးခြားလှသော အချက်တစ်ချက်ရှိသည်..။ အဆိုပါ မိခင်လိပ်မကြီးအားလူများ ကြောင့်ဖြစ်စေ..၊ အခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ သေဆုံး
သွားပါက အဆိုပါလိပ်ပေါက်ကလေးများ ဥမပေါက်လာ ကြခြင်းပင်ဖြစ်သည်...။ ထိုအရာကား သိပ္ပံပညာ ဖြင့်
ဖြေရှင်း၍ မရနိုင်သော အချက်တစ်ချက်ပင်ဖြစ်သည်..။စိတ်ချင်း ဆက်သွယ်မှု ဆိုတာကထိုကဲ့သို့ပင်ဖြစ်
သည်...။
          ကျွန်တော့်အသက် အဲဒီတုန်းက ၁၄ နှစ် ..။ဆိုတော့ကျွန်တော် ၉ တန်း နှစ်က ဖြစ်သည်။အမေ့ဘက်
ကအဘွား ဆုံးသည် ဟုကြေးနန်းရရခြင်းပင် အမေ၊ကျွန်တော် နှင့် ညီမလေးတို့ အမေ့ဇာတိဖြစ်သောမိုးကုတ်
မြို့သို့ သွားကြသည်..။ မိုးကုတ်မှာ အမေ့ ဆွေမျိုးသားချင်း မောင်နှမတွေရှိသည်..။ကျွန်တော် တို့ကတော့က
လေးသာသာ မျှရှိ၍ မောင်နှမများ ပြန်ဆုံ ခိုက်တွင် မီးပွင့်အောင်ဆော့ ကြသည်..။ အမေတို့ ညီအစ်မတွေ
ကတော့ အဖွား ရက်လည် အထိ အလုပ်ရှုပ်ကြတုန်း ..။တကယ့်ကိစ္စဖြစ်မည့်နေ့က ကျွန်တော်နှင့်တစ်ခန်း
တည်းအိပ်သည့် အစ်ကိုက အိမ်ပြန် နောက်ကျသည်..။ အချိန်ကည ၁၁ နာရီလောက်ရှိမည်.။အမေနှင့်အမေ့
အစ်မကျွန်တော့်အဒေါ်ကဟိုးဘက်အော်ခေါ်လျှင်ကြားနိုင်လောက်သည့်အခန်းမှာရှေးဟောင်းနှောင်းဖြစ်တွေ
ပြောဆိုနေကြသည်.။ဖြစ်ချင်တော့  မီးကလည်း ပျက်နေသည်..။ ဖယောင်းတိုင်ကို ထွန်းထားရင်း ကျွန်တော့်
ခြင်ထောင် အမှတ်မထင် ချလိုက်သည်..။ ခြင်ထောင်ကိုမီးစစွဲသည်..။အခန်းက ဖော်မေကာပလတ်စတစ်ပြား
တွေ တစ်ခန်းလုံးကပ်ထားသည်..။ကျွန်တော် တစ်ယောက်တည်းကျိတ် ငြိမ်း နေရင်း မီးက များသထက်များ
လာသည်..။အခန်း များကလည်း အလုံပိတ် အခန်းများဖြစ်ရာ တံခါးခေါက် သံမှလွဲ၍ အခန်းထဲ တွင်ဂစ်တာ
တီးလျှင်ပင်အပြင်မှ မကြားရ..။ အခန်း နံရံများပင် မီးခိုးစွဲစပြုနေပြီ..။ ကျွန်တော် ဘာဆက်လုပ်ရမှန်းမသိခင်
မှာပင် ..။ အပြင်မှ တံခါးထုရိုက်သံကြားရသည်..။ တံခါး ဖွင့်လိုက်တော့ .. အမေ.။အမေ ကချက်ခြင်းဝင်လာ
ပြီးခြင်ထောင်ကိုဖြုတ်သည်..။ကျွန်တော့် အဒေါ် အမေ့အစ်မက ရေတစ်ပုံးယူလာပြီး ပက်လိုက်မှမီးကဦးကျိုး
သွားသည်..။ထို့နောက်မှ ရေ ၂ပုံးခန့် ထပ်လောင်းလိုက်မှ ...မီးလုံးဝငြိမ်းသွားသည်..။အမေက ကျွန်တော့်ကို
ဖက်၍ငိုပါသည်...။ အမေနှင့်အဒေါ်စကားပြောနေရင်း ညှော်နံ့တစ်ခုရလျှင်ရခြင်း ကျွန်တော့်ကို ဖြတ်ခနဲ သ
တိရ၍ ပြေးလာခြင်းဖြစ်ကြောင် အမေက မျက်ရည်များနှင့်မချိတင်ကဲဆိုသည်.။
          အမေ ဘာ့ကြောင့်ကျွန်တော် ဒုက္ခရောက်နေချိန်မှာ ဒီလိုသိရပါသနည်း..။အမေတို့ နေသောအခန်းနှင့် ကျွန်တော် အိပ်သောအခန်းမှာ တစ်ဆစ်ချိုး အကွေ့ ၂ ခါပြန်ကွေ့မှရောက်သော အနေအထားရှိသည်.။ညှော်
နံ့ထွက်သည်မှာလည်း မိုးကုတ်မြို့သည် ကျောက်တွင်းလုပ်ငန်းနှင့် တောင်ယာ လုပ်ကိုင်စားသောက်သူများ
ပေါများသည်မြို့ပီပီ.တောင်ယာမီးရှို့သည်က ထူးဆန်းသည်မဟုတ်. ။ အခြားအညှော်နံ့များအဖြစ်ထင်စရာ
အကြောင်းလဲရှိသည်.။ မိခင်တစ်ယောက်ရဲ့ သား သမီးအပေါ်သက်ရောက်နေသော..မေတ္တာဓါတ်အဟုန်က သတိပေးလိုက်သည်လား.။ အ ကယ်၍ အမေသာရောက်မလာပါကကျွန်တော် ဒီပို့စ်ကိုပင်တင်နိုင်တော့မည် မဟုတ်ပါ...။ ဒါကကျွန်တော့်ကိုယ်တွေ့ အဖြစ်အပျက်ပင်ဖြစ်ပါသည်.။
           ကျွန်တော်တို့သည် လူသားများဖြစ်ပါသည်..။လူမှန်လျှင် ကျေးဇူးသစ္စာကိုစောင့်သိရပါမည်..။ကျေးဇူး
ရှင် များစွာရှိသည့်အနက်မှ အနီးကပ်ဆုံးနှင့် ကျေးဇူးအကြီးမားဆုံးဖြစ်သော မိဘ တို့ ကျွေးမွေးစောင့်ရှောက်
ခြင်းသည် လည်း ကျွန်တော်တို့ မြန်မာ နိုင်ငံ ၏ ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ပါသည်..။ ထို့အပြင် ဗုဒ္ဓဘာသာ
မြန်မာလူမျိုးသားသမီးတိုင်း အတွက် သားသမီးဝတ်ငါးပါး ကိုလည်းကျေပွန်စေရာရောက်ပါသည်..။ ယခုအခါ
ကျွန်တော်ရောက်ရှိနေသော ရုရှားနိုင်ငံတွင်မူအနောက်တိုင်း၏ဓလေ့ထုံးစံ အရ ကိုယ့် အားကိုယ်ကိုး ကြသူ
များဖြစ်သည့်အားလျော်စွာ ၁၈ နှစ်ပြည့်သည်နှင့် မိဘကိုစုံကန်ကြပါတော့သည်..။ကျွန်တော်မကြာခဏတွေ့
ရသည်။အသက် ၇၀ ကျော် ၈၀ အဘွားကြီး၊ အဘိုးကြီးများ ...။ မိမိ တို့ ၀မ်းစာအတွက်မိမိတို့ဖာသာရုန်းကန်
ကြရသည်။ကူညီသူမရှိ ၊ ဖေးမသူမရှိ နှင့် အတော်ပင်ဒုက္ခရောက်ကြပါသည်..။ကျွန်တော်တို့ အိုမင်းသွားရင်
ဒီလိုဖြစ်မှာလား လို့ မေးတဲ့သူ မရှိကြဘူးလား ဟု ပင်စဉ်းစားမိလိုက်သည်...။
           အမေ တဲ့...။ ဒီစကားလုံးလေးက အတော်ပင် ရိုးစင်းလှ ပါသည်..။ဒါပေမယ့် ဒီစကားလုံးကပင်ကမ္ဘာ
ပေါ်တွင် အလှပဆုံးနှင့် အဆန်းကြယ်ဆုံး အမွန်မြတ်ဆုံး စကားလုံးလေးဖြစ်ကြောင်းကို မည်သူကငြင်းနိုင်ပါ
မည်နည်း...............။
Sunday, April 15, 2012
သင်္ကြန်တဲ့လား.။
၁၃-၄-၂၀၁၂(မဟာသင်္ကြန်အကျနေ့.)
           သင်္ကြန်တဲ့.။ သင်္ကြန်ဆိုတာ ကလေးတုန်းကလို ဘာညာရှင်းပြမလို့တော့မဟုတ်ဘူး.။အား
လုံးလည်းသိပြီးသားဖြစ်မှာပါ.။သင်္ကြန်ဆိုသည်မှာလို့ ခေါင်းစဉ်တပ်လိုက်တာက. သင်္ကြန်ဆိုတာ ဘာမှန်းမသိ
လိုက်လောက်အောင်ဖြစ်သွားတဲ့..။သင်္ကြန်အကျ နေ့အကြောင်း ညည်းတွားဦးမလို့ပါ..။
      အစောကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျွန်တော်တို့ မုန့်ဟင်းငါးချက်ဖို့ပစ္စည်းတွေသွား
ဝယ်ကြတယ်.။ ကျွန်တော်ရယ်.  ကျွန်တော်တို့ အပတ်စဉ်က မေဂျာခေါင်းဆောင်နဲ့. ကျန်တဲ့သူငယ်ချင်း
တစ်ယောက် သုံးယောက်ပေါ့.။ မာရီနာရိုရှာ ဆိုတဲ့ ဘူတာနားက အာရှန် ဟိုက်ပါမားကတ်ကိုသွားကြတယ်.။
ကျွန်တော်ကအရင်က အဲဒီမားကတ်ကို အရင်က တစ်ခါမှ မရောက်ဖူးဘူး.။ အာရှန်အကြီးကြီးတစ်ခု ရှိတယ်
ဆိုတာတော့သိပါတယ်.။အဲဒီ အာရှန်ဆိုတာ ရုရှားရဲ့ ဝေါမတ်လို့ပြောရမယ်ထင်တယ်.။ကုန်စိမ်းတွေကအစ
ပရိဘောဂအဆုံးအကုန်ရတဲ့နေရာတစ်ခုပေါ့.။ မော်စကိုမှာတော့ အာရှန်တွေအများကြီးရှိတယ်.။ဘယ်နှခု
လောက်ရှိလဲတော့ မသိပါဘူး.။ ကျွန်တော် သိတာက ၄ ခု လောက်ရှိတာပေါ့.။
မာရီနာရိုရှာ ဘူတာ ကနေ မြေပေါ်ကို ပြန်တက်တဲ့ စက်လှေကားမှာ အောက်ကို လှမ်းရိုက်ထားတာ.။
        အာရှန် စီးတီး ဟိုက်ပါမားကတ်တဲ့.. ရှေ့မှာရေးထားတယ်.။
        အထဲကိုရောက်တော့ မှာလိုက်တဲ့ ပစ္စည်းတွေဝယ်ကြတယ် ။ဟိုတစ်နေ့ကတွေ့ခဲ့တဲ့စပါးလင်ကိုလည်း
ရှာမတွေ့ဘူး.။ မုန့်ဟင်းခါးချက်ဖို့က စပါးလင်မပါရင်မကောင်းဘူးလေ.။ စပါးလင်ကိုရုရှားလို ဘယ်လိုမေးရ
မလဲမသိဘူး. Муж риса (စပါးရဲ့လင်ယောက်ျား) လို့သွားမေးရင်ကောင်းမလားလို့စဉ်းစားနေသေးတယ်.။
နောက်မှ ပေါက်ကရတွေဖြစ်နေမှာစိုးလို့ အဲဒီပေါကြောင်ကြောင် အတွေးကိုဖျောက်လိုက်ရတယ်.။ ကျန်တဲ့
ခွက်တွေ. ။ ဆရာမတွေကို လက်ဆောင်ပေးရင်ထုပ်ဖို့ ပါကင်စက္ကူတွေ ၊ ဖဲကြိုးတွေ.၊ လိုက်ရှာနေတာနဲ့..။
အချိန်က သုံးနာရီလောက်ကုန်သွားတယ်.။
       အဲဒီမှာကျွန်တော် လိုချင်တဲ့ မိုက်ကို ရှာလို့မရဘူးဖြစ်နေတယ်.။ ကျွန်တော်အခုရှိတဲ့မိုက်က အသံသိပ်
မထွက်ဘူးလေ.။ သီချင်းဆို ပြိုင်မှာဆိုတော့ အသံမထွက်လို့မှမရပဲ.။ အဲဒီတော့မိုက်ကိုရှာရတယ်.။ ဒါပေမယ့်
မတွေ့ဘူး.။ အဲဒါနဲ့ ဖုန်းလှမ်းဆက်တော့.. အဆင်ပြေသလိုလုပ်ခဲ့ပါတဲ့.။ အဲဒီတော့ဟိုးအောက်ကခါတိုင်းသွား
နေကျ.လီနင်စကီးလမ်းမ နားက အာရှန်ကိုထပ်သွားဖို့လုပ်ရတာပေါ့.။မသွားခင် ဦးရွှေရိုးနဲ့ ဒေါ်မိုးကဖို့.ဒေါ်မိုး
အတွက် ဘရာစီယာ ၀ယ်ဖို့ကြံကြတယ်.။ ဘယ်လို ၀ယ်ရမယ်ဆိုတာလည်းမသိဘူးလေ.။ ကျန်တဲ့ပစ္စည်းတွေ
ကို သံရုံးက ငှားလာပေမယ့်. ဒေါ်မိုးအတွက် ဘရာ လိုနေတာ.။ နဲနဲ မာတာ ၀ယ်လာခဲ့တဲ့ . ။မှာလိုက်တဲ့သူက
ဒီအတိုင်းမှာလိုက်ပေမယ့် ၀ယ်ရမယ့်အဖြစ်က.. ဘရာလိုသူ ဒေါ်မိုး.၊ အခိုး အဲလေ. အသွားစေခိုင်းသူဇာတ်ဆ
ရာ.၊(ရှေ့ကမိုးနဲ့ ကာရံသွားထပ်မိလို့ ဗျာ ဟီး..)၊ အရှာတော်သူ သုံးဦး အနက်တွင်မှ ကံကွက်ကြားသူကျွန်
တော် မောင်မိုးသက် ကို ခေါင်းဆောင်တင်ပြီး.. အမျိုးသမီး အတွင်းခံတွေရောင်းတဲ့ ဆိုင်ထဲကို တွန့်ဆုတ်
တွန့်ဆုတ်နဲ့ ၀င်လာခဲ့ကြတာပေါ့ဗျာ.။ (ဓါတ်ပုံတော့မရိုက်ခဲ့ဘူးဗျာ..၊ ကိုယ့်ဖာသာ ရှက်နေလို့. )
     အထဲရောက်တော့ အထဲက ဆိုင်ကရုရှားမက..ဖုန်းပြောနေလို့ သူ့ကိုစောင့်ရင်း ကိုယ့်ဖာသာ.ရွေးနေကြ
တယ်. ။ဟို အကြားလေး လှမယ်ထင်တယ်.။ အာ . မဲလုံးနဲ့တော်ပါ့မလားကွ..။ အစ်ကိုကြီးက တောင့်တာရွေး
ခဲ့ လို့ပြောထားတယ်.။အမဲလေးကမာမယ်ထင်တယ်.။မှန်း ညှစ်ကြည့်မယ်.အင်းမဆိုးဘူးကွ.ဘာညာပေါ့ဗျာ
ကိုယ့်ဖာသာရွေးနေတုန်း..။စောစောက ရုရှားမက..ဘာလာဝယ်တာတုန်း ဘာညာနဲ့ရောက်လာပါလေရော.။
အဲဒီမှာ စပြီး လစ်တာပဲ.။ ကျွန်တော်တို့က အဲလိုပေါ့ဗျာ.။ အဲဒါလာဝယ်တာပါဆိုတော့.. ဘာမှ မမေးပဲ ဈေးကို
ပြောတယ်။ နောက်တော့လည်း  သင့်တော်တဲ့ဟာတစ်ခု ၀ယ်လာခဲ့ရတယ်ဗျာ.။ ဒါပေမယ့် အဲဒီမိန်းမကြည့်တဲ့
အကြည့်ကြီးက တစ်မျိုးကြီး ကျွန်တော်တို့တွေကိုပဲ အခြောက်တွေလိုလို ဘာလိုလိုနဲ့. တော်တော်ခံရခက်
တယ်.။  
       အဲဒီနေ့က ပြန်ရောက်တော့ မုန့်ဟင်းခါးချက်တဲ့ ပုဂ္ဂိုလ်တွေဆီကို ပြေးပြီးမှတ်တမ်းတင်ရသေးတယ်.။
  ထမင်းလွတ်မြည်းကြမယ့် ချက်ပြုတ်ရေးအဖွဲ့ပေါ့ဗျာ. ။
ကြက်ဥ လှီးပြီးစီထားတာ ကဗျာဆန်နေသလိုလို..
၁၄-၄-၂၀၁၂ (မဟာသင်္ကြန်အကြက်နေ့..) 
      မနက်ခင်း မထစဖူး. ၇ နာရီ ကျတော့ အလေ့အကျင့်အတိုင်း ဖျက်ကနဲနိုးလာတယ်.။အရင်ဘယ်နှနာရီ
ထထ . ၇ နာရီထမယ်လို့ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ၇ နာရီ အတိပဲ နိုးလာတယ်.။ နိုးနိုးချင်း ရေမိုးချိုး အ၀တ်အ
စားလဲနေတုန်းကျမှ ကြိုဆိုရေးအဖွဲ့ပါတဲ့သူငယ်ချင်းက အမျိုးသား ၀တ်စုံလေး လာတောင်းသွားတယ်.။ သူ
က ကြိုဆိုရေးဆိုတော့ ကျွန်တော် က Suit ပဲဝတ်ရတော့တာပေါ့.။
      အောက်က ကွန်ပျူတာနဲ့ သူငယ်ချင်းဆီက 5 channel Woofer အကြီးကြီးချတယ်.။လိုတာတွေပြင် .။
အသံတွေဘာတွေစမ်းရသေးတယ်.။
ဘာမှ မပါပဲရိုးရိုးရှင်းရှင်းလေးပါပဲ.။ 
      ကျွန်တော်တို့ပထမနှစ်တွေချည်းပဲနေတဲ့ကျောင်းဆိုတော့ လူလေး ၂၈ ယောက်စာနဲ့ ဆရာဆရာမတွေ
အတွက်ပဲဆိုတော့ သင်္ကြန်လေးက ကပွဲတွေဘာတွေမလုပ်ပဲ ရိုးရိုးရှင်းရှင်းလေးပါပဲ.။ ရိုးရာမပျက်ပဲ ဆရာ
မတွေကို မြန်မာဆိုတာ ဒီလိုရှိတယ် ဆိုတာ ပြချင်လို့ပါ.။
       ၁၀နာရီထိုးတော့ ဆရာမတွေလာတယ်.။ ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင်က သင်္ကြန်အကြောင်း
နဲ့ မိတ်ဆက်စကားကို ရုရှားဘာသာနဲ့ ပြောတယ်။ ပြီးတော့ဆရာမတွေကို မုန့်ဟင်းခါး နဲ့ ရှန်ပိန် နဲ့ဧည့်ခံပါ
တယ်။ ကျွန်တော်တို့ကတော့ နောက်မှာ တုပ်ကြတာပေါ့.။
ဆရာမပွဲကို နှိုက်ဖို့ချောင်းနေတဲ့ မောင်မောင်. ။
    ကျွန်တော်တို့ကတော့ ကိုကာကိုလာ နဲ့ မုန့်ဟင်းခါးပေါ့.။ နောက်တော့ သီချင်းဆိုပြိုင်ပွဲ စပါတယ်.။
ဦးရွှေရိုး နဲ့.. ဒေါ်မိုး..(ဒေါ်မိုးကဘယ်ပျောက်နေပါလိမ့်)
လှဘူးလား လို့. ဟီး..
မယ်မယ်..ရှက်နေလိုက်တာ..
ဆရာမများနှင့်. အစ်ကိုကြီးများက ရုရှားသီချင်း ကာကျူးရှာ နှင့် ဆက်ဖျော်ဖြေကြပါတယ်.။
 အားလုံးပြီးတော့ဆုရတဲ့ သူငယ်ချင်းတွေနဲ့ဆရာမတွေကို ပန်းစည်းများလက်ဆောင်ပေးကြပါတယ်.။
မင်းသားက နောက်ဆုံးမှပေါ်လာတော့တယ်...။ (အဲ့ဒါ အပေါ်ကိုတက်ပြီး ဖုန်းခိုးဆက်ပြီးပြန်ဆင်းလာတဲ့မျက်နှာ.. )
       ဘာပဲပြောပြောပေါ့ဗျာ.။ ကျွန်တော်တို့ ရဲ့ ရိုးရာမပျက်ပဲ သင်္ကြန်လေးကို ဆင်နွှဲခွင့်ရခဲ့တဲ့အတွက် သိပ်ကို
ဝမ်းသာပါတယ်. ။ ဆရာမတွေထဲက စာသင်အင်မတန်ကောင်းတဲ့ ဆရာမ အာလျော့နာ က ဒေါ်ခင်မျိုးချစ်လို့
တင်စားရလောက်အောင် လူမျိုးကြီးဝါဒရှိပါတယ်.။ သူတောင် တော်တော် အံ့အားသင့်သွားတဲ့အကြောင်းကို
နိဂုံးနှုတ်ဆက်စကား ပြောတော့ ထည့်ပြောသွားတာကိုတွေ့ရတော့..ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာ
မိပါတယ်..။ ဘာပဲပြောပြောပေါ့ဗျာ.။ အရှေ့တိုင်းသားတွေရဲ့  အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေရဲ့ ချစ်စ
ရာကောင်းတဲ့ ဓလေ့ ထုံးတမ်းတစ်ခုကို အခုလို ဥရောပက လူတွေကိုထုတ်ဖော်ပြသခွင့်ရတဲ့အတွက် ကျွန်
တော်က တော့ အင်မတန်ဝမ်းသာမိပါတယ်.။
     သင်္ကြန်ကာလတစ်လျှောက်လုံး Facebook မှာ ပျံ့နေတဲ့ ပုံ တွေကိုတွေ့ရတော့ ရင်ထဲမယ်မကောင်းဘူး
ဗျာ..။ ကိုယ့် သားသမီးလက်ထက်ကျရင်ဘယ်လိုများဖြစ်နေမလဲဆိုတာ မတွေးတတ်တော့ဘူး.။ လွတ်လပ်
မှုကို အလွဲသုံးစားလုပ်ပြီး.၊ အခွင့်အရေးကို လက်တစ်ဆုံးနှိုက်ချင်တဲ့စိတ်ဓါတ်တွေနဲ့တော့.အနာဂါတ်က ရင်
လေးဖို့ကောင်းတယ်လို့ထင်ပါတယ်.။ကဲ ပုံတွေလည်းအရမ်းများသွားပါပြီ.. ။သဗ္ဗေသတ္တာ ဝေနေယျာ ချမ်း
သာကိုယ်စိတ်မြဲ ကြပါစေဗျာ.။ နှစ်သစ်ကူးကာလမှာ ကုသိုလ်ကောင်းမှုနဲ့မွေ့လျော်ပြီး.၊ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဗျာ.။
Wednesday, April 11, 2012
သင်္ကြန်ပျောက်သူ...
       မနက်ဖြန်ဆိုရင်.. ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ နှစ်သစ်ကူးပွဲတော် မဟာသင်္ကြန်ပွဲတော်ကိုရောက်ပြီ
ပေါ့.။ခုချိန်ဆို . မဏ္ဍာပ်ပေါ်မှာ အဆင်သင့်ညအိပ်တဲ့သူတွေနဲ့.။ မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်နေကြသူ
တွေ တော်တော်အလုပ်ရှုပ်နေလောက်ပြီပေါ့.။ ရင်ဘတ်ထဲမှာလည်း ပြောမပြနိုင်တဲ့ပျော်ရွှင်မှုတွေ၊လွတ်လပ်
မှုတွေ၊ကြည်နူးမှုတွေနဲ့နေမှာပေါ့.။မြန်မာလူမျိုးမှန်ရင်မဟာသင်္ကြန်ကို မမေ့စကောင်းပါဘူး.။မြန်မာလူမျိုးတိုင်း
ရဲ့ ပင်ကိုစိတ်မှာ သင်္ကြန်ပိုးဆိုတာပါလာတယ်ဆိုတာအားလုံးသိပြီးသားလိုပဲ.။ဘယ်လောက်ပဲ ထုံထိုင်းမှိုင်းနေ
ပါစေ.။သင်္ကြန်သီချင်းသံ တူးပို့တူးပို့သံကြားရရင်အားလုံးမြူးလာတတ်တာကစလို့ပေါ့.။သင်္ကြန်ကိုရောက်နေ
ပေမယ့်. သင်္ကြန်နဲ့ စိတ်နဲ့ကိုယ်မကပ်နိုင်သူတွေ.၊အပျော်တွေနဲ့ကင်းကွာနေသူတွေရှိကောင်းရှိမှာပေါ့.။အဲဒီလူ
တွေကိုသင်္ကြန်ပျောက်သူတွေလို့ နာမည်တပ်မယ်ဆိုရင်ကျွန်တော်သင်္ကြန်ပျောက်နေခဲ့တာ..နှစ်ပေါင်းမနည်း
တော့ဘူးလို့ပြောရမယ်ထင်တယ်..။
       ဟုတ်တယ်..ကျွန်တော် ငယ်ငယ်လေးကတည်းကသင်္ကြန်ဆို စိတ်လွတ်လက်လွတ် မပျော်ဖူးဘူး.။စိတ်
လွတ်လက်လွတ်ဆိုတဲ့နေရာမှာ. ကခုန် ဖို့တောင် မရှိခဲ့ဘူးလို့ဆိုရမယ်.။ဟိုးအရှေ့ပိုင်းကို မမှတ်မိပေမယ့်ကျွန်
တော်၈တန်းနှစ်အထိသင်္ကြန်ကို မိုးကုတ်မှာပဲကျခဲ့တာ.။နှစ်တိုင်းအမေက နွေကျောင်းပိတ်ရက်ဆိုရင်မိုးကုတ်
ကိုပြန်လေ့ရှိတယ်လေ.။မိုးကုတ်မှာက. ရေအင်မတန်ပေါတယ်.  ကျောက်တွင်းလည်းပေါတော့ရေစုပ်စက်တွေ
နဲ့ ပက်လေ့ရှိကြတယ်.။ ဒါပေမယ့် မိုးကုတ်ကလည်း ပြင်ဦးလွင်လိုပါပဲ ချမ်းအေးတဲ့အရပ်ဒေသဖြစ်တော့.ရေ
ကိုအကြာကြီး မကစားနိုင်ဘူး.။ ညနေဆိုရင် နားပြီး အနွေးထည်ထူထူဝတ်ပြီးအိမ်ထဲမှာပဲနေရတော့တာ..။
ကျွန်တော်ကိုယ်တိုင်ကလည်း အပျော်အပါးကို သိပ်မမက်မောတတ်သလိုပါပဲ.။အကျင့်တစ်ခုလိုဖြစ်သွားတာ
ကြောင့်လည်းပါမယ်ထင်တယ်.။၉ တန်းနှစ်သင်္ကြန်ကတော့ ပြင်ဦးလွင်မှာပဲ. ဘယ်မှ မသွားဖြစ်ဘူး. အိမ်မှာပဲ
ပြီးသွားတယ်.။ ၁၀ တန်းနှစ် သင်္ကြန်မှာတော့.. အမေနဲ့ ဆရာကြီးဦးဂိုအင်ကာရဲ့  ဓမ္မ မဟိမာ  တရားစခန်းမှာ
ဝစီပိတ်ဝင်ရတယ်..။ ၁၀ တန်းပြီးတော့ စစ်တက္ကသိုလ်ကိုရောက်တော့လည်း ကျောင်းကမဏ္ဍာပ်မှာလည်း
ကျွန်တော် သိပ်မပျော်ခဲ့ပါဘူး.။ အဆိုတော်တွေ လည်းလာပါတယ်. ။ ဒါပေမယ့် ကျွန်တော်နဲ့ မဆိုင်သလိုခံ
စားရတယ်.။ ဘာဖြစ်လို့လဲ တော့မသိဘူး.။ အဲဒီ ခံစားချက်ကို မကောင်းမှန်းတော့သိတယ်.။ ဒါပေမယ့် ကျွန်
တော့် စိတ်ကိုက အလွန်အမင်း ပျော်ရွှင်ခြင်းကို မနှစ်သက်တာလား မခံစားတတ်တာလား ဆိုတာ ကျွန်တော်
မသိပါဘူး.။ဒါပေမယ့် ကျွန်တော် သင်္ကြန်ကိုမျှော်တတ်တယ်.။သူများတွေပျော်တာကိုကြည့်ပြီးသဘောကျ
တတ်တယ်.။တစ်ခါတစ်လေ သူငယ်ချင်းက လာခေါ်ရင် ၀င်က တတ်တယ်.။ ဒါပေမယ့် ကျွန်တော့်စိတ်မှာ
အဲဒီလောက် မပျော်ဘူး.။ သူများတွေပျော်နေရင် ကျွန်တော် သဘောကျတယ်.။ ကျွန်တော်စိတ်ချမ်းသာမိ
ပါတယ်.။
        မှတ်မှတ်ရရ သင်္ကြန်တွေထဲမှာ. မနှစ်က သင်္ကြန်ကတော့ ကျွန်တော့်ဘ၀ အတွက် ရုပ်အဆိုးဆုံးနဲ့..
အမှတ်တရ အဖြစ်ဆုံးပေါ့..။ကျွန်တော်နဲ့ ဘောလုံး တွဲကစားတဲ့.. သူငယ်ချင်း. လူ့လောကကြီးကိုစွန့်ခွာသွား
တယ်.။တက်တစ်ခေါက်ခေါက်နဲ့ ဖြစ်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး..။ ကိုယ်တိုင် အခေါင်းကိုထမ်းပြီး
လိုက်ပို့ခဲ့ရတာပေါ့ဗျာ.။ သူများတွေပျော်နေတဲ့အချိန်မှာ.. ကိုယ်က အံကိုကြိတ်ပြီး..အပူခရီးတစ်ခုကို သွားခဲ့
ရတယ်ဆိုတာ ကောင်းတဲ့အဖြစ်အပျက်တစ်ခုတော့မဟုတ်ခဲ့ဘူးလေ..။ဘာလိုလိုနဲ့ ဒီနှစ်သင်္ကြန်ဆိုရင် သူဆုံး
တာ ၁ နှစ်တောင်ပြည့်ခဲ့ပြီ..။ အပြန်ခရီးမှာ ဖခင်ဆုံးလို့ ပြန်လာတဲ့သူငယ်ချင်းနဲ့ထပ်တွေ့တယ်.။ သားသမီး
ဆုံးပါးတဲ့ မိဘတွေရဲ့ ခံစားမှုရော.၊ မိဘ ဆုံးပါးတဲ့ သားသမီးတွေရဲ့ခံစားမှုရောကို မရှေးမနှောင်း ကိုယ်ချင်းစာ
ခဲ့ရတယ်ဗျာ..။ သင်္ကြန်ဆိုတာ မင်္ဂလာရှိတဲ့အချိန်ပါ..။ အားလုံးက ပျော်ရွှင်ချင်ကြတယ်.။ကျွန်တော့်လိုမပျော်
တတ်တဲ့သူတောင် သူများပျော်တာကိုမြင်ရင် စိတ်ချမ်းသာတယ်.ဗျာ.။သူငယ်ချင်း ဆုံးပါးခဲ့တာကကျွန်တော်
သိပ်မုန်းတဲ့ အရက်ကြောင့်ပါ..။ ခုခေတ် ကျွန်တော်တို့အရွယ်တွေ သင်္ကြန်ဆိုရင် တော်တော်များများက
သောက်ကြတယ်.။အပျော်လွန်ကြတယ်.။ ကျွန်တော့် အမြင်ကတော့ ပျော်တာပျော်နိုင်ပေမယ်.  တရားလွန်
အပျော်မျိုး..  မဖြစ်သင့်တာကောင်းမယ်ထင်တယ်.။
         အင်တာနက်ပေါ်မှာ ပျံ့နေတဲ့ မဏ္ဍာပ်တစ်ခု က မြန်မာမိန်းကလေးတစ်ယောက်ကတဲ့ဗွီဒီယို ကလစ်ကို
ကြည့်ပြီးသူတွေ များမယ်ထင်ပါတယ်.။ ပို့စ်ထဲမှာ ထည့်ပေးချင်ပေမယ့်. တော်တော်ကို ကျက်သရေတုံးလွန်း
လို့(ကန်တော့ဗျာ) တင်မပေးတော့ပါဘူး.။တော်တော်ကို ဆိုးပါတယ်.။ ကိုယ့် ညီမ ၊ ကိုယ့်အစ်မသာဆိုရင်
ဘယ်လို များလုပ်မိမလဲမသိပါဘူး.။ ကိုယ်ကပဲ ပြင်ပလောက နဲ့ အဆက်အသွယ်ပျက်နေတာလား တော့မသိ
ပါဘူး.။ကျွန်တော်တို့ မျက်စိထဲမှာတော့ တော်တော်ကို ရိုင်းပါတယ်.။ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေမှာတောင်
ခပ်ကြဲကြဲပဲတွေ့ရတဲ့ မြင်ကွင်းမျိုးဖြစ်ပါတယ်.။ဟိုတစ်လောက အစ်မ ချိုချဉ် ရေးတဲ့ ပို့စ်ထဲက..အဆိုတော်
ပေါက်စလေး တစ်ယောက်ရဲ့ သီချင်းကို ကြည့်မိတော့လည်း တော်တော်ကို. စိတ်မချမ်းသာဖြစ်မိပါတယ်.။
နောက်ဆို ကျွန်တော်တို့ သားသမီးတွေ ခေတ်ရောက်ရင် မြန်မာဇာတ်ကားကိုတောင် မိဘက ရွေးပေးရမယ့်
သဘောမျိုးဖြစ်နေပါပြီ...။နောက်ပိုင်း မြန်မာဗွီဒီယိုကားတွေပေါ်မှာ ၁၈ နှစ်ပြည့်ပြီးသူများသာ ဆိုတဲ့စာတမ်း
တွေပါလာမယ်ထင်တယ်.။ ကျွန်တော်တို့လည်း လူငယ်ပါ..။ လူငယ်တောင်မှ အငယ်ပိုင်းပဲရှိသေးတယ်လို့
ပြောလို့ရမယ်ထင်တယ်.။ ဒါပေမယ့် ကျွန်တော် အဲဒီမြင်ကွင်းမျိုး ၊ အပြုအမူမျိုးကိုမကြိုက်ပါဘူး.။ မကြိုက်ဘူး
ဆိုတာ ထက်လုံးဝကို မဖြစ်သင့်ဖူးလို့ ခံယူထားပါတယ်.။
        ခုနက အစ်ကို မောင်တစ်လုံး ဖဘ မှာရေးထားတဲ့ပို့်စ်တစ်ခုကိုတွေ့ရတယ်.။ သူပြောသွားတာ သိပ်
မှန်တာပဲ.။မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ဆိုတဲ့ဆိုင်းဘုတ်ကြီးရှေ့ က ရွှေမြန်မာမမများရဲ့ဝတ်စားဆင်
ယင်ပုံက စိတ်ပျက်ဖွယ်ရာကောင်းလောက်အောင်ပါပဲ.။မြန်မာစကားမှာ မိန်းမမြင်တိုင်းရှုပ်တတ်တဲ့သူကို
အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့သူလို့ ခေါ်ကြပါတယ်.။ဒါပေမယ့် ဒီလိုမိန်းကလေး မျိုးတွေကိုကျတော့ဘယ်
လိုခေါ်မလဲ.။ကျွန်တော်သူများသားသမီးကိုလည်း လက်လွတ်စပယ်မပြောချင်ပါဘူး.။ဒါပေမယ့် ကျွန်တော့်
အထင်တော့ ခြေဆေးတဲ့သူတင်မကပဲ. ခြေဆေးရေနဲ့ တူအောင်နေတဲ့သူမှာလည်း အပြစ်မကင်းဘူးလို့ထင်
မိပါတယ်.။
      ကျွန်တော် အရင်ကသတိမထားမိပေမယ့် ဒီကိုရောက်လာတော့ အနောက်တိုင်းသားတော်တော်များများ
စိတ်ဝင်စားတာက အရှေ့တိုင်းရဲ့ လူနေမှုပုံစံနဲ့..ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကိုစိတ်ဝင်စားကြတာကိုတွေ့
ရပါတယ်.။ သူတို့နဲ့ တွေ့မိ စကားပြောမိမှ. သူတို့ က အရှေ့တိုင်းရဲ့ယဉ်ကျေးမှုနဲ့ အရှက်အကြောက်ကြီးမားမှု
ကို အထင်ကြီးလေးစားကြတာကိုတွေ့ကြရပါတယ်.။ ဒီဘလော့လေးရဲ့ အစောပိုင်းမှာရေးထားတဲ့..
ဥရောပတိုက်သူတစ်ဦး ပြောပြတဲ့ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများအကြောင်း ဆိုတဲ့ပို့စ်လေးမှာလည်း မြန်မာ
လူမျိုးတွေအပေါ်ကို ဘယ်လို မြင်ကြလဲ ဆိုတာရေးထားပါတယ်.။(အဲဒီပို့စ်လေးကိုFacebook မှာရှယ်ကြတာ
၇၀ ကျော်ပါတယ်.။)မြန်မာ့ယဉ်ကျေးမှုကို သဘောကျကြသလို လေးလည်းလေးစား အထင်လည်းကြီးကြ
တာကိုတွေ့ရတော့ ကျွန်တော် ပြောမပြတတ်အောင်ဝမ်းသာမိပါတယ်.။
         မြန်မာ့တိုင်းရင်းသားဝတ်စုံများကို သဘောကျဂုဏ်ယူစွာဝတ်ဆင်ထားလိုက်ကြပုံများ...   ။
        ဘာပဲပြောပြောပေါ့ဗျာ..။မနက်ဖြန်ဆိုရင် တော့ ကျွန်တော်တို့ ရွှေမြန်မာများရဲ့အတာသင်္ကြန်နှစ်သစ်ကူး
ကာလကိုရောက်ပါပြီ.။ ဒီနှစ်တော့ ဥပုသ်မရပါဘူး.။ အခမ်းအနားမှာ သီချင်းဆိုဖို့ စက်ပြင်ပေးရမယ့် ဓါတ်စက်
ဆရာဖြစ်နေလို့ပါ.။ (နစ္စ၊ ဂီတ က အလိုလိုကျိုး... ဟီး..)။သူများတွေကိုကြည့်ပြီးကြည်နူးရပါဦးမယ်.။သူငယ်
ချင်းတွေပျော်ရွှင်စေဖို့.. သီချင်းဆိုပေးရပါဦးမယ်.။ပေါက်စကတော့ ၀ိုင်ယာလက်စ်လိုင်းတွေကျနေတော့
ဘယ်လို ပလန်တွေရှိလဲမသိသေးပါ..။ အလုပ်တွေများနေလို့.. ပို့စ်အတင်နည်းရင်လည်းသည်းခံခွင့်လွှတ်ပေး
ကြပါဦးနော်..။ လောလောဆယ် စာနဲ့နပန်းလုံးတာ သူ့ဖက်က နိုင်နေလို့ပါ..။ အားလုံး မဟာသင်္ကြန်နှစ်သစ်
ကူးမှာ ပျော်ရွှင်နိုင်ကြပါစေဗျာ...။
Saturday, April 7, 2012
ကြုံခဲ့သမျှ ၊ ဆုံခဲ့သမျှ.
        ဘာလိုလိုနဲ့ ကျွန်တော်တို့ မော်စကိုကိုရောက်လာတာတောင် (၇)လရှိပါပြီ..။ဒီကြားထဲမှာ အမိနိုင်ငံတော်
ကြီးမှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာသတင်းတွေမှာကြားရပေမယ့်. ကျွန်တော်မောင်မိုးသက်ကတော့ 
အရင်ကလိုပဲ.။ ဘာမှ ပြောင်းလဲ မသွားပါဘူး.။ ငြိမ်ငြိမ်လေး ထိုင်နေတဲ့လူတစ်ယောက်ကို .. ဒီမှာမထိုင်နဲ့ ဟိုမှာပြောင်းထိုင်လို့ ပြောလိုက်သလိုပါပဲ။မော်စကိုမှာလည်းမိုးသက်တို့ငြိမ်ငြိမ်လေးပဲ..။တစ်ခုတော့ရှိတယ်.။
နေပူဒဏ်မခံရတော့ အသားနည်းနည်းဖြူလာတယ်.။ ဟင်းချက်တဲ့Skillလေးတွေနည်းနည်းတက်လာတယ်.။ 
နည်းပညာပိုင်းတွေ ပိုဖတ်ဖြစ်လာတယ်.။ အကောင်းဆုံးနဲ့ အကျေနပ်ဆုံးကတော့ ဒီဘလော့လေး ဖြစ်ပေါ်လာ
တာပေါ့နော်..။ 
            ဒီမလာခင်တုန်းကတည်း ကကျွန်တော်ကိုယ့်ကိုယ်ကို သိပါတယ်.။ကျွန်တော်က ဘယ်လိုနေရာရာကို
ရောက်ရောက် ပုတ်သင်ညိုလို အရောင်ပြောင်းမသွားတတ်ဘူးလေ.။ အားနည်းချက်လား အားသာချက်လား
တော့ မကွဲပြားဘူး..။ ကိုယ့်မှာ အရှိကိုအရှိအတိုင်းပဲ. နေတတ်တာကိုက အကျင့်တစ်ခုလိုဖြစ်နေတာလေ.။ ပြီး
တော့ကျွန်တော်က ပြင်ဦးလွင်သား.။ဂုဏ်ဖော်ပြီးမရှိရှိတာပြောရမယ်ဆိုရင်. ကျောင်းမှာကတည်းက ပြင်ဦးလွင်
သားတွေတော်တော်များများက လူဆိုးတွေနည်းပါးတယ်.။ လိမ္မာတဲ့သူများသလို အချင်းချင်းလည်းထိန်းကြ
တယ်.။ ရန်ကုန်သားတွေက လူလည်တွေ ။စကားပြောရင် သူတို့ပြောတဲ့ ဘန်းစကားများကို မောင်မိုးသက်တို့
တောင်ပေါ်သားတွေနားမလည်ဘူး.။ မန္တလာသားတွေကလည်း ရန်ကုန်သားများနီးနီးလည်ကြတယ်.။ အချို့
အထက်အညာ ဘက် ၊ အောက်ပြည်ဘက်က တောဘက်က သူငယ်ချင်းတွေကျတော့လည်း နည်းနည်းရိုးကြ
တယ်။ အဲဒီတော့ ကျွန်တော်တို့ ကျတော့ တောမက ၊ မြို့မကျ ..၊ခေတ်ရှေ့ကို မပြေးနိုင်ပေမယ့်  ခေတ်နောက်
ကိုတော့ မကျန်ဘူးလို့ ကိုယ့်ကိုယ့်ကို ထင်မိပါတယ်.။
          သူငယ်ချင်းတော်တော်များများနဲ့ ဆုံမိတော့ သူတို့ ဒေသ စကားတွေ မတူညီမှုတွေကိုပြောကြတယ်. ။
ငြင်းခုံကြတယ်.။ ဒေသန္တရ စကားတွေ ၊ လေသံတွေ ကလည်းတူမှ မတူကြပဲကိုး.။ ပျဉ်းမနားဘက်က၊ဖြူး၊ 
တောင်ငူ ဘက်က သူငယ်ချင်းတွေက..။ ရှ နဲ့ ချ နဲ့ မကွဲဘူး.။  မျှစ်ချဉ် ဆိုရင် မျှစ်ရှဉ် လို့ ပြောတယ်..။ ချစ်
တယ်ဆိုရင် . ရှစ်တယ်လို့ပြောတယ်.။ အဲဒီလို တွေ..။ မော်လမြိုင်ဘက်က သူတွေကျတော့..ရှ နဲ့ ဆနဲ့ မကွဲ
ပြန်ဘူးခင်ဗျ..။ ဘယ်လိုလဲဆိုတော့. စစ်မိန့်သံပေးတဲ့အခါ.. ရှေ့ကြည့် ဆိုတဲ့နေရာမျိုးမှာ.. ဆေ့ ကြည့်လို့ 
ပေးတတ်တယ်.။ ကျွန်တော့် ကုတင် နဲ့ သုံးကုတင်ကျော်က မော်လမြိုင်သားဆိုရင်သီချင်းဆိုတာ.. ။R ဇာနည်
ရဲ့ အပြစ်မတင်ရက်ပါ .. သီချင်းကိုပေါ့..။ “ ဒီဒဏ်ရာတွေဟာ.. ၀ဋ်ဆိ လို့သာ ခံစားခဲ့ရတာ..” ဖြစ်သွားတယ်.။ 
မွန်ပြည်နယ်သားတွေက တော်တော်ခင်ဖို့ကောင်းပါတယ်. ။စကားပြောရင်နဲနဲချွဲတယ်.။မော်လမြိုင်သူတွေ
ချောတယ်လို့တော့ ကြားဖူးပါတယ် ။ ကောင်းကောင်းတော့မမြင်ဖူးဘူး..။မွန်ပြည်နယ်သားတွေကိုသူတို့စ
ကားမပီတဲ့အကြောင်းသွားပြောရင်.. ငါတို့ကမှ ပြောမတတ်တာတဲ့.။ သူတို့က တစ်မျိုး.၊ မပြောတတ်ဘူး..၊ 
မလုပ်တတ်ဘူး လို့မပြောပဲ.၊ပြောမတတ်ဘူး.၊ လုပ်မတတ်ဘူးလို့ ပြောတတ်ကြတယ်.။ 
         နောက်ထပ် တစ်နယ်က . မြင်းခြံ၊ တောင်သာဖက်ကလူတွေကကျတော့.  ထွန်း ဆိုရင် ထွင်းလို့ပြောကြ
တယ်.။ ခွန် ဆိုရင် ခွင်လို့ပြောကြတယ်.။မှတ်မှတ်ရရ ဆေးစစ်ကာလတုန်းကကျွန်တော့်ရှေ့က အောင်မျိုးထွန်း
ဆိုတဲ့သူငယ်ချင်းက သူ့ဆေးစစ်နံပတ်နဲ့ နာမည်ကိုအော်တဲ့အခါ.. နှစ်သုညခွင်ခွင် အောင်မျိုးထွင်း ဆိုလို့
ကျွန်တော်က ခွီး ကနဲ့ ရယ်မိလိုက်လို့. ပါရဂူအမျိုးသမီးဗိုလ်မှူးကြီးက လက်ထောက်မှောက်ချခိုင်းတာခံ
လိုက်ရသေးတယ်.။သီချင်းဆိုရင်လည်း သင်တန်းမှာ.တောင်သာသားတစ်ယောက်ကအကြိမ်ကြိမ်ရင်ခုန်
မိသောမင်းမျက်ဝင်း..၊ အာရုံမှာငြိတဲ့ မျက်ဝင်း လို့ ဆိုတော့ ရယ်ကြရသေးတယ်.။ 
          နောက်ထပ်ကျွန်တော်နဲ့ တော်တော်ခင်တဲ့နယ်သားတွေက. တောင်ကြီးသားတွေ.၊ အင်းသားတွေ ပါ
တယ်၊ ရှမ်းတွေပါတယ်.၊ ပအို့ဝ်တွေပါတယ်ပေါ့ဗျာ.။ သူတို့နဲ့ ငြင်းရတဲ့ကိစ္စက သူတို့က အရောင်တွေကိုပြော
တဲ့အခါ.. ပန်းရောင်ဆိုရင် ၊ အပန်းရောင်၊ ရွှေရောင်ဆိုရင် . အရွှေရောင်လို့ပြောကြတယ်.။ ရှမ်းမလေးတွေပါး
ကပန်းနုရောင်သမ်းနေတယ်လို့ ပြောတဲ့အခါ..၊ ပန်းပန်းလေးတွေဖြစ်နေတယ်လို့ပြောကြတယ်။တိုင်းရင်းသား
တွေဖြစ်လို့ ကျွ န်တော်က နားလည်အောင်သေချာရှင်းပြပါတယ်.။ အနီရောင် ၊ အပြာရောင် ၊အစိမ်းရောင်စတဲ့
အရောင်တွေဟာ..နီသော ၊ပြာသော ၊ စိမ်းသော အစရှိတဲ့ နာမ၀ိသေသနတစ်ခုရှိလို့  အနီအပြာအစိမ်းပြော
လို့ရတဲ့အကြောင်း..၊ ပန်းသော ၊ ရွှေသော ၊ ခဲသော .စတဲ့နာမ၀ိသေသန မရှိတဲ့အတွက်.အပန်းရောင် ၊ အရွှေ
ရောင်၊ အခဲရောင် လို့ပြောလို့မရတဲ့အကြောင်း. ပန်းနှင့်တူသောအရောင်၊ ရွှေနှင့်တူသောအရောင်၊ ခဲနှင့်တူ
သောအရောင် ဖြစ်လို့ ပန်းရောင်၊ ရွှေရောင် ၊ ခဲရောင် လို့ခေါ်ကြောင်း အမြုပ်ထွက်အောင်ရှင်းပြသော်ငြား မ
အောင်မြင်ခဲ့ပါ.။ ဒါပေမယ့် တောင်ကြီးသားတွေကတော့ ကျွန်တော်နဲ့တော်တော်ခင်ခဲ့တဲ့သူငယ်ချင်းတွေ
ထဲမှာပါခဲ့တာပေါ့ဗျာ.။ 
         နောက်တစ်ချက်က ရန်ကုန်သားတွေနဲ့ မန္တလေးသားတွေ အမြဲတမ်းငြင်းခုံကြတဲ့ အကြောင်းတစ်ခုရှိ
တယ်.။ အဲဒါက ဘာအကြောင်းလဲဆိုတော့ မုန့်ဟင်းခါး ၊ မုန့်တီ ပြဿနာပါ.။ ကျွန်တော်တို့ အထက်အညာ
မှာ.မုန့်ဟင်းခါးဆိုတာက အရည်နဲ့သောက်ရတဲ့ မုန့်ဟင်းခါးကို ခေါ်ကြတယ်.။ ကျွန်တော်တို့  အညာမှာမုန့်
တီ သုတ်ဆိုတဲ့အရာကိုကျတော့..နန်းကြီးသုတ်လို့ခေါ်ကြတယ်.။ရန်ကုန်သားတွေက မုန့်ဟင်းခါးကိုကျတော့ 
မုန့်တီလို့ခေါ်ကြတယ်..(အားလုံးတော့ဟုတ်မည်မထင်ပါ..) ။အဲဒီကိစ္စကလည်း အမြဲတစေ ငြင်းခုံကြပြီးဘယ်
သောအခါမှ အဖြေမထွက်တဲ့..ကိစ္စတစ်ခုပေါ့ဗျာ....။
         ကျောင်းမှာက မြန်မာနိုင်ငံအရပ်ရပ်က မြို့ကြီး၊ မြို့ငယ်၊ လူစုံ၊ အလွှာပေါင်းစုံကလူတွေလာကြတယ်..။ 
တောသူတောင်သား၊ ကျေးလက်က ရာခိုင်နှုန်းအားဖြင့်ပိုများပါတယ်.။ ဒေသပေါင်းစုံကအကြောင်းတွေကို
ကောင်းကောင်းသိရတယ်.။ သူတို့ရဲ့ စကားပြောဆိုပုံ..၊ စကားဝဲ ပုံတွေကိုလည်း သိလာရပါတယ်.။သတိထား
မိတာတစ်ခုရှိတယ်.  ။ အဲဒါက တိုင်းရင်းသားသူငယ်ချင်းတွေ.။ ကျွန်တော်လေ့လာကြည့်ရသလောက်ပြော
ရမယ်ဆိုရင်.. ကရင်သူငယ်ချင်းတွေက ခံယူချက်ပြင်းတယ်.၊ အလုပ်ကိုအင်မတန်ကြိုးစားတယ်၊ စည်းကမ်း
ရှိတယ်.၊ လူမှန်ကြီးတွေပေါ့ဗျာ.။စာအုပ်ကြီးသမားတွေ များတယ်.။ သူ့စိတ်ထဲမှာမှန်နေတယ်ထင်ရင် ယိမ်း
ယိုင်ဖို့ရာ ခဲယဉ်းတယ်.။ ရှမ်းသူငယ်ချင်းတွေကျတော့. ရိုးတယ်. ၊ပွင့်လင်းတယ်.။ ဘာသာတရားကိုင်းရှိုင်း
တယ်.၊။ ရိုသေသမှုရှိတယ်.။ ရခိုင်သူငယ်ချင်းတွေကျတော့ ပျော်တတ်တယ်.၊ ကူညီတတ်တယ်.။  စိတ်ရင်း
ကောင်းတယ်.။ မွန်တွေကတော့ ကျွန်တော်နဲ့ အမြဲတမ်းတွဲနေကြပါပဲ. ။ စိတ်ရင်းကောင်းတယ် .။ သာသည်
နာသည်မတွက်တတ်ဘူး.။ကျွန်တော်နဲ့ မွန်ပြည်နယ်သားတော်တော်များများနဲ့ ညီရင်းအစ်ကိုလို နေခဲ့ဖူးပါ
တယ်.။ရန်ကုန်သားတွေက ခေတ်မီတယ်.၊ လူလည်တွေများတယ်.၊ Game ပစ်တာတွေဘာတွေ ကျွမ်းကျင်
ကြတယ်.။ ကွန်ပျူတာ Lab ခန်းဝင်တဲ့အခါ.သူတို့က ကျွမ်းကျင်ကြတယ်.။မန္တလေးသားတွေက နယ်သား
အင်မတန်ချစ်ကြတယ်.၊ ဧရာဝတီတိုင်းသားတွေလည်း အဲဒီလိုပဲနယ်သားချင်းအင်မတန်စည်းလုံးကြတယ်.။
တောင်ကြီးသားတွေ ဂစ်တာတီးကျွမ်းကြတယ်.။ ပြင်ဦးလွင်သားတွေက ရုပ်ချောတယ်.။(နောက်ဆုံးမှ ကပ်
ထည့်သွားတယ်...ဟဲဟဲ..)
        ကျွန်တော့်အထင် လူမျိုးစစ်စစ်တွေထက် ကပြားတွေက ပိုပြီးတော့. ချောကြတယ်ထင်တယ်.။ ကချင်-
ဗမာ တို့..၊ ရခိုင် - ဗမာ ၊ မွန်-ဗမာ စတဲ့သူငယ်ချင်းတွေက ရုပ်ချောကြတာများတယ်. ။ အပြင်ကသူငယ်ချင်း
တွေလည်းထိုနည်းလည်းကောင်းပါပဲ..။ရှမ်း-ဗမာတွေဆိုလည်း ပိုတောင်ချောသေးတယ်.။( အော် မေ့လို့ .. 
ကျွန်တော်က ရှမ်း-ဗမာ ဗျ.။)
            ဘယ်လိုပဲဖြစ်နေပါစေဗျာ.။ကျွန်တော်တို့ကျောင်းမှာတွေ့ခဲ့ရတဲ့သူငယ်ချင်းတွေထဲမှာတင် ဒေသအ
လိုက်ရဲ့..ယဉ်ကျေးမှုတွေ ၊ လူနေမှု ပုံစံတွေ၊ စကားအပြောအဆိုတွေ ကို ကိုယ်စားပြုနေပါတယ်.။ မြန်မာလူ
မျိုးတို့ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တွေ ၊ စိတ်ဝင်စားစရာကောင်းတဲ့.. အကြောင်းတွေ ၊ထုံးတမ်းတွေကို
လည်းသိလာရတယ်.။ကျွန်တော်တို့တွေက နိုင်ငံရဲ့ နယ်ပယ်အသီးသီး ၊ဒေသအသီးသီး ၊လူတန်းစားအလွှာ
အသီးသီးကနေ လာကြတယ်.။ ပြီးတော့လည်း လေနှင်ရာ ကိုလွင့်သွားသလိုပဲ.။ တာဝန်ကျရာအသီးသီးကို
လွင့်စင်သွားခဲ့ရတယ်..။ကျွန်တော်ရေးခဲ့တဲ့ ဖိုင်နယ်ရီးယားတုန်းက မထွက်ဖြစ်ခဲ့တဲ့ သုံးနှစ် သုံးမိုးဆိုတဲ့.အခွေ
ရဲ့ Title သီချင်း “ သုံးနှစ်သုံးမိုး ” ဆိုတာ အဲဒီအကြောင်းလေးကို ရေးထားတာပါ.။ Lyrics လေးကိုကြည့်ကြည့်
ပေါ့.။နောက်မှ ဆိုပြီးတင်ပေးပါ့မယ်.။(လေနဲ့ ပေးထားတဲ့ကတိအကြွေးတွေလည်းလည်ပင်းရောက်နေပါပြီ..)
          သုံးနှစ်သုံးမိုး
                                               ရေး/ဆို- မိုးသက်
Verse (1)ဆောင်းဦးရဲ့ ရွက်ကြွေ  အတိတ်ကို နှိုးဆွ 
နာကျင်လွမ်းဆွတ်ခဲ့ရ အိပ်မက်ရှည်တွေက
ရင်မှာဝိုးတိုးဝါးတား ဆွေးရင်း.. ကျန်ခဲ့...........
Verse(2)နွေဦးရဲ့ ပိတောက်တွေ  တိတ်ဆိတ်စွာ နိုးထ
တစ်ခါတစ်လေ တမ်းတမ်းတတ အတိတ်ရဲ့ ခြေသံများ
ငါလေ တွေးရင်းတွေးရင်း ဆို့နင့် . ကြေကွဲ....
Chorus:တွေးရင်း ဆွေးနေမယ် အချိန်တိုင်း
တစ်ချိန်မှာပြန်ဆုံဆည်းခွင့်ရဖို့ 
မရှိတော့ပေမယ့်.. သူငယ်ချင်းတွေ.. ( သုံးနှစ်သုံးမိုး..)
မှန်းရင်းလွမ်းနေမယ်. ညတိုင်း
အကြိမ်ကြိမ်ပြန် တွေ့ခွင့်ရဖို့
စွဲမြဲရှင်သန်နေဆဲ.. ပုံရိပ်တွေ..  (သုံးနှစ်သုံးမိုး) .. 
 Verse(1)+Verse(2)
Ending:ကြွေကျသွား. သစ်ရွက်ခြောက်တို့ လေအဟုန်မှာ..
ရင်မှာဖြစ်တည်ခဲ့တဲ့ ..သံယောဇဉ်တွေက.
ဂုဏ်ယူရင်း. တွဲထားလက်တို့ ပျက်ပြယ်သွား....
ပွင့်သောပန်းတိုင်းမွှေးစေဖို့..
ရင်ထဲမီးများငြိမ်းစေဖို့.....
(သုံးနှစ်သုံးမိုး)
Chorus:
          အားလုံးသောညီအစ်ကိုမောင်နှမ များအားလုံးနှစ်သစ်ကာလမှာ..ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ
ကြပါစေဗျာ...။(မှတ်ချက်။ ။ ကျွန်တော်ရုပ်ချောတာမယုံရင် အမေ့ကိုသာ မေးကြည့်ပါတော့ဗျာ...။ဟီးဟီး.)
Wednesday, April 4, 2012
ဘောင်ဘင်ခတ်ဦးမည်..
     နည်းပညာအကြောင်းမရေးပါဘူးဆိုမှ တစ်ခုကပြောပြချင်သေးတယ်.။ အထူးသဖြင့် အစ်မကြီးတွေများ
မယ်ထင်တယ်.။ Facebook ကဖြစ်ဖြစ်..၊ တစ်ခြားနေရာကဖြစ်ဖြစ် သဘောကျတဲ့ပုံလေးတွေဒေါင်းပြီးတော့..
လွယ်လွယ်ကူကူ Desktop ပေါ်တင်ထားလိုက်တယ်.။အဲ့ဒီလိုနဲ့ တစ်ဖြည်းဖြည်းချင်းပုံတွေက များလာရော..။
Desktop က ပွလာတယ်. ပုံတွေ Shortcuts တွေ နဲ့ရှုပ်လာရော.။ အဲဒီအခါကျတော့.အဲဒီပုံတွေကို ရွေးပြီးတော့
ဖိုဒါတစ်ခုတည်း ထည့်ထားရတယ်. ။ နောက်တော့.. ထည့်ထားရင်းနဲ့ပဲ. ။ ဆက်ဒေါင်း နောက်တစ်ခါ ထပ်လုပ်
အလုပ်ရှုပ်မှာစိုးလို့ . Batch ဖိုင်လေးတစ်ခု ရေးကြည့်ထားတယ်.။
Run box ကနေ notepad လို့ရိုက်ပြီး Notepad ကိုဖွင့်.(ဘယ်လိုဖွင့်ဖွင့် Notepad ဖွင့်လို့ရရင်ရပြီ..)
ပြီးရင် အောက်က Source Codeလေးတွေကို မမှားအောင်ကူး.(Copy - Paste လုပ်လိုက်ပေါ့ဗျာ.)
@echo off
md Photos
xcopy *.jpg  Photos /y
xcopy *.png Photos /y
xcopy *.bmp Photos /y
xcopy *.gif Photos /y
del *.jpg /q
del *.png /q
del *.bmp /q
del *.gif /q
Msg * " Your Photos had been Moved!!!"
cls
exit
အဲဒါလေးကို Notepad ပေါ်ကိုကူးပြီးတော့.. Desktop ပေါ်မှာ. cleaner.bat လို့ Save ထားလိုက်..။
အဲဒီကောင်လေးကို Double ကလစ်ပေးလိုက်တာနဲ့ . ပုံတွေအကုန် Desktop ပေါ်က. Photos ဆိုတဲ့ ဖိုဒါ
လေးထဲကိုရောက်သွားမယ်..။နောက်ထပ် ပုံတွေရောက်လာရင်လည်း လိုက်ရွေးပြီးရွှေ့စရာမလိုတော့ပါဘူး.။
အဲဒီ Batch ဖိုင်လေးကို Run ပေးလိုက်ရုံပါပဲ.။ကိုယ့်ဖာသာ စိတ်ကူးကွန့်မြူးပြီးတော့ နောက်က နေဖိုင်အမျိုး
အစားတွေထပ်ထည့်ပေါ့ဗျာ.. Mp3 တို့. Txt တို့ ထပ်ထည့်ပေါ့.။
            သူများရေးပြီးသား အကြောင်းအရာတွေကို အာဘော်ပြောင်းပြီးမရေးချင်လို့လွယ်လည်းလွယ်အဆင်
လည်းပြေမယ့် ဟာလေး ပြောပြတာပါ.။ ဒီပရိုဂရမ်လေးကအဲဒီထက်တိုအောင်ရေးလို့ရသေးတယ်ထင်တယ်။
ဒါပေမယ့် ထွက်လာတဲ့ ရလဒ်ကတော့တူတူပါပဲ.။နည်းပညာပိုင်းကို မလိုက်တော့ဘူးဆိုကာမှဒုတိယနှစ်
ရောက်ရင် ပရိုဂရမ်းမင်း လုပ်ရဦးမယ်ဆိုတာ သတိလာပေးပါတယ်.။ ဒီမှာ အသုံးများတာက . C++ ကိုအသုံး
များပါတယ်.။ ကျွန်တော်လေ့လာဖူးတာက. C# ပါ.။ C# ကနည်းနည်းပိုမြင့်တယ်.။ Security လည်းပိုကောင်း
သလို လွယ်လည်းပိုလွယ်ပါတယ်.။C ကိုလည်းသင်ဖူးတော့.. C++ လည်း သိပ်တော့ခဲ့ယဉ်းမယ်မထင်ပါဘူး.။
ဒါပေမယ့် အဆက်အသွယ် ဖြတ်ထားတာ ကြာပြီဆိုတော့ စာအုပ်တွေ ပြန်လှန်ရဦးမှာပါ.။ကျွန်တော်ဖြစ်ချင်
တာက တစ်ဖက်ဖက်မှာ ထူးထူးချွန်ချွန်နဲ့.. ပေမီဒေါက်မီ ကမ္ဘာ့အဆင့်မီတဲ့သူဖြစ်ချင်တာပါ.။လောလောဆယ်
ဘယ်ဘက်ကိုမှ ရေဆုံးမြေဆုံးမလိုက်နိုင်သေးပါဘူး.။ ဟိုဟာနည်းနည်း. ၊ သည်ဟာနည်းနည်းနဲ့..မျောက်သစ်
ကိုင်းလွတ်မှာက စိုးရပါသေးတယ်.။
        ခုတစ်လော အပြင်စာတွေပိုဖတ်ဖြစ်နေတယ်.။ ဟိုတစ်နေ့က ဖတ်ရတဲ့စာအုပ်တစ်အုပ်ပြောပြမယ်.။
ရေးတဲ့သူက ဦးနု။ စာအုပ်နာမည်က ငရဲဆိုချို နဲ့လားဗျို့ တဲ့.။ ကျွန်တော် ဖတ်မိတော့. တစ်ဆက်တည်းမဖတ်
နိုင်ဘူး.။ ဖတ်လိုက် နားလိုက်.၊ ဖတ်ရတယ်. ။ ဘာဖြစ်လို့လဲ ဆိုတော့ သွေးလန့်လာလို့ပါ.။ရေ၊ မီး၊ သူခိုး၊ သား
သမီးဆိုး ၊ မင်းဆိုး ဆိုတဲ့ ရန်သူမျိုး ငါးပါးထဲက သားသမီးဆိုးအကြောင်းရေးထားတာပါ.။တကယ်အဖြစ်အ
ပျက်နဲ့ဆင်ပါတယ်.  ။ ကျွန်တော် ဒီတစ်သက်ထိ အဲဒီထဲက ဇာတ်ကောင်လိုလူ မတွေ့ဖူးသေးပါဘူး.။ ကြာ
ပါတယ်။ ဖတ်ကြည့်ပေါ့ဗျာ. ။ ကျွန်တော် Media Fire မှာတင်ထားပေးပါ့မယ်.။ ဖတ်ပြီးရင်..စာဖတ်သူရဲ့ စိတ်
ထဲမှာ တစ်ခုခု ကျန်ခဲ့လိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်.။
         ကဲ  မပြည့်အိုးကတော့ ဘောင်ဘင်ခတ်မိပြန်ပါပြီ..။ စာအုပ်ဖတ်ပြီး . မစွံသေးတဲ့သူတွေ.အပျိုကြီး၊ လူပျို
ကြီးပဲ လုပ်တော့မယ်လို့တော့ စိတ်မကူးမိကြနဲ့နော်..။ (ဟဲဟဲ ညွှန်းတာတွေသိပ်များသွားပြီ..)
ကဲ အောက်မှာ ဒေါင်းကြပေါ့ဗျာ..။
 ဦးနု- ငရဲဆိုချိုနဲ့လားဗျို့
         ခုတစ်လောမြန်မာနိုင်ငံမှာသိပ်ပူနေတယ်လို့ကြားပါတယ်.။ လောလောဆယ် မောင်မိုးသက်တို့ကတော့
အနွေးထည်မချွတ်ရသေးပါဘူး.။ နှင်းတောထဲတော့ ဘောလုံးထွက်ကန်နေပါပြီ..။ သင်္ကြန်တွင်းသီချင်းဆိုပြိုင်
ပွဲကလည်း နွှဲရဦးမှာဆိုတော့. ဒီလ ပွဲတွေဆက်နေတယ်. .။ နောင်များမှာလည်း ကြုံကြိုက်တဲ့အခါ ထပ်မံပြီး
ဘောင်ဘင်ခတ်ခွင့်ပြုပါဦးလို့. ။
Sunday, April 1, 2012
ကိုက်နိုင်ရင်ကိုက်...
            ကိုက်နိုင်ရင်ကိုက်တဲ့.. ခေါင်းစဉ်ကိုကြည့်ပြီး..ဘာများပါလိမ့်လို့ထင်သွားမယ်ထင်တယ်..။ ဟုတ်တယ်
ကိုက်နိုင်ရင်ကိုက်တဲ့. ဘာကိုကိုက်ရမှာလဲ..။ တကယ်တော့စာဖတ်သူတို့ကိုကိုက်ခိုင်းတာမဟုတ်ပါဘူး.။ 
ကိုက်မယ့်သူက သတ္တ၀ါလည်းမဟုတ်ပါဘူး.။ တကယ်တော့ ကျွန်တော်စိန်ခေါ်ထားတဲ့ အရာက. ကွန်ပျူတာ
ဗိုင်းရပ်စ်ရယ်လို့ သမုတ်ထားတဲ့.. ပရိုဂရမ် ငယ်လေးများသာဖြစ်ပါတယ်..။ 
             ကျွန်တော်တိုက်စည်း သင်တန်းတက်တုန်းက. ကွန်ပျူတာ ဗိုင်းရပ်စ်များနှင့် ကွန်ယက်လုံခြုံမှု ဆိုတဲ့
ခေါင်းစဉ်နဲ့ စာတမ်းတင်ခဲ့ဖူးတယ်.။ အဲဒီတုန်းက ရေးခဲ့ဖူးတယ်..။ ဟိုးအရင် ဗိုင်းရပ်စ်ပေါ်ပေါက်လာပုံ.ဘာညာ
ပေါ့ဗျာ။ဟိုးအစဦးဆုံး Creeper တို့ကအစ.အခုနောက်ဆုံးနာမည်ကြီးခဲ့တဲ့ မကွေးလို့ခေါ်တဲ့ မြန်မာပြည်ဖြစ်ဗိုင်း
ရပ်စ် တွေအထိပါပဲ.။ကျွန်တော် နည်းပညာဆိုင်ရာတွေသိပ်မရေးချင်ဘူး .။ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်း
တစ်ယောက်ကပြောဖူးတယ်.။နည်းပညာဆိုတာ ဆိုရှယ်ကဏ္ဍတွေထဲမှာ ရောရေးရင် ပညာပြတာ.နဲ့တူတယ်
ဆိုလို့ ပါ.။ကျွန်တော်လည်း ပညာရယ်လို့သတ်သတ်မှတ်မှတ်လည်းပြစရာမရှိပါဘူး.။ကိုယ်ဖတ်ဖူး ၊ မှတ်ဖူး ၊
လေ့လာဖူးသလောက်လေးတွေကိုနည်းနည်းလေးဖြစ်ဖြစ်မျှဝေချင်တဲ့စိတ်ကလေးပဲရှိပါတယ်.။ကဲနဲနဲလောက်
တော့ ပြန်ပြီးမိတ်ဆက်ကြည့်ရအောင်ဗျာ..။
            ကွန်ပျူတာဗိုင်းရပ်စ်တွေကို ပထမဆုံးစတင်အသုံးပြုတာက အခုလို အနှောက်အယှက်ပေးဖို့ ၊ ဖျက်
ဆီးဖို့ မဟုတ်ခဲ့ပါဘူး.။ဗိုင်းရပ်စ်ရဲ့ မူရင်းအဓိက Main Method ကကို..မိမိဘာသာ Copy ပွားနိုင်ဖို့လုပ်ထားတာ
ပါ.။ တစ်နည်းအားဖြင့် အဓိပ္ပာယ်ဖွင့်၇မယ်ဆိုရင်. ကွန်ပျူတာဗိုင်းရပ်စ်တို့မည်သည် မိမိတို့ဖာသာ ကော်ပီပွား
ယူနိုင်သော ဖိုင်များဖြစ်ကြပါတယ်.။ဗိုင်းရပ်စ်အမျိုးအစားဘယ်နှမျိုးရှိတယ်.။ ဘယ်လိုကောင်က ဘယ်လို
သွားတယ် ဆိုတာတွေထည့်မပြောတော့ပါဘူး..။အဲဒါတွေက နည်းပညာပိုင်းကအစ်ကိုတွေတော်တော်များ
များလည်းရေးပြီးသားဖြစ်တဲ့အတွက် အာဘော်သာကွာသွားပြီး ဒီအကြောင်းအရာကိုပဲ ထပ်နေမှာစိုးလို့ပါ.။
စောစောက ခေါင်းစဉ်ပေးထားတဲ့အတိုင်း ကိုက်နိုင်ရင်ကိုက်ဆိုတော့..ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်း
လမ်းလေးတွေကိုသာ. အဓိကထား ရှင်းပြပေးသွားမှာဖြစ်ပါတယ်.။
၁။ မိမိကွန်ပျူတာမှာ Update ဖြစ်တဲ့ Antivirus ကောင်းကောင်းတစ်ခုရှိရမယ်..။လက်ရှိမှာ ကမ္ဘာ့အကောင်း
    ဆုံးလို့သတ်မှတ်ထားတာကတော့Kasperskyပါပဲ.  ။ ဒီကောင်က ပထမဆုံးစထုတ်တုန်းက.ရုရှားနိုင်ငံ
    ရဲ့ကာကွယ်ရေးဝန်ကြီးဌာန ဆာဗာတွေအတွက်သီးသန့်ထုတ်ခဲ့တာပါ.။နောက်ပိုင်းမှ သီးခြားပြန်ထုတ်
    တာဖြစ်ပါတယ်.။Kaspersky (ကတ်စပါစကီ) ဆိုတာလည်းရုရှားနာမည်ပါ.. .။တစ်ချို့လူတွေက ကတ်စပါ
    စကိုင်းလို့ခေါ်ကြပါတယ်.။ ဒါပေမယ့်သူ့ရဲ့ မူရင်းအမည်ကို ရုရှားစာနဲ့ရေးထားတဲ့အခါ ကတ်စပါစကီးလိုပဲ
    ရေးပါတယ်..။ကျွန်တော်ကတော့ လောလောဆယ် Avast 6 ကိုသုံးနေပါတယ်.။ဒီကောင်လေးကပေါ့လည်း
    ပေါ့ပါတယ်.။သုံးရတာလည်းအဆင်ပြေလို့ပါ.။ပြီးတော့ Offline Update လုပ်ရတာလည်းလွယ်လို့ မြန်မာ
    နိုင်ငံမှာကတည်းကသုံးလာတာပါ.။
၂။အင်တာနက်မှ အာမခံချက်မရှိတဲ့ ပရိုဂရမ်အသေးလေးတွေ.၊ဂိမ်း ၊ ပုံ စသည့်မက်လုံးတစ်ခုခုပေးကာဒေါင်း
   ခိုင်းတဲ့ ဆော့ဝဲ အသေးစားလေးတွေရှိပါတယ်.။ဒီကောင်တွေက ဘာမှ မဟုတ်ပေမယ့် သိပ်ကိုဒုက္ခပေးပါ 
    တယ်..။မိမိကွန်ပျူတာမှာ Spam တွေတက်လာတာမျို့. ။ ကြော်ငြာတွေဝင်လာတာမျိုးတွေကိုခေါ်လာတတ် 
     ပါတယ်.။ ပိုဆိုးတာက. Backdoor လိုဟာမျိုးတွေပါလာတာပါ.။ Backdoor ဆိုတာက စာဖတ်သူတို့ကွန်ပျူ
    တာကို နောက်ကနေ မလွယ်ပေါက်ကို ဖွင့်ပေးမယ့် အရာပေါ့..။ Backdoor ချပြီးသွားရင်.ဘယ်လိုပဲပတ်စ်
    ဒါ့ကြောင့် Download ပက်စက် ခြင်းဟာလည်း ဗိုင်းရပ်စ်ကိုဖိတ်ခေါ်ခြင်းတစ်မျိုးပါပဲ.။
၃။ USB Devices များ၊ CD များကို Scan ဖတ်ပြီးမှ ဖွင့်တာကောင်းပါတယ်.။ဒါပေမယ့် တစ်ခုတော့ရှိသဗျ..။ 
     မိမိရဲ့ အန်တီဗိုင်းရပ်စ်က Virus Definition က Update မဖြစ်ဘူးဆိုရင်တော့ ညာဖက်ကလစ်ထောက်ပြီး
    ဘယ်ကွန်မန်းမှ မပေးမိစေနဲ့..။ဘာဖြစ်လို့လဲဆိုတော့ .. ဗိုင်းရပ်စ်ကို အသက်သွင်းမယ့် Autorun.inf ဆိုတဲ့ 
    ဖိုင်လေးထဲမှာ“ညာဖက်ကလစ်ထောက်ပြီး ကွန်မန်းတစ်ခုခုကိုနှိပ်ပါက ဤ ဗိုင်းရပ်စ်ကို ဖွင့်ပါ”ဆိုတဲ့မြန်မာ
     စကားနဲ့ အလားသဏ္ဍာန်တူတဲ့ Command တစ်ခု ပါတတ်လို့ပါ.။သိပ်ရှုပ်မှာစိုးလို့ ထည့်မရေးတော့ဘူး.။ 
    တကယ်စိတ်ဝင်စားရင် ကျွန်တော့်ဆီက ရေးသားနည်းတောင်းယူနိုင်ပါတယ်.။အခုတစ်ချို့လူတွေရေးသား
    တဲ့နည်းတွေနဲ့တော့မတူပါဘူး.။ 
             အကြမ်းဖျဉ်းအားဖြင့်ဒီလောက်ပါပဲ.။ နောက်ပြီး ကျွန်တော်တစ်ခု အကြံပေးချင်တာကတော့..။ 
USB များဒါမှ မဟုတ်. CD များထည့်သွင်းရပြီဆိုရင်.. Run box ကနေသွားတာက အန္တရယ်ကင်းပါတယ်.။ 
ဥပမာပြရရင်. USB က Drive G: ဆိုပါတော့..ဒါဆိုရင် Run Box ကနေ G:  လို့ရိုက်လိုက်ရင်သူ့ဖာသာ ပွင့်
သွားပြီးသားဖြစ်ပါလိမ့်မယ်.။ထူးပါဘူး ပုံပြလိုက်တာပဲကောင်းပါတယ်.။
     ပြီးရင် ထုံးစံအတိုင်းပေါ့ Enter ခေါက်လိုက်ပေါ့..။သူ့ဖာသာပွင့်လာပါလိမ့်မယ်.။ 
ဒါပေမယ့် ကိုယ်သုံးတဲ့ဝင်းဒိုးက ၀င်းဒိုး7 ဆိုရင် အကြောင်းမဟုတ်ပေမယ့် Windows XP ဆိုရင်တစ်ခုရှိတာ
က Chrome ဗိုင်းရပ်စ်လိုမျိုး၊ မကွေးဗိုင်းရပ်စ်လိုမျိုးကောင်တွေက ဖိုဒါအတုတွေဆောက်ပြီးရှိနေတတ်တယ်.။
တကယ်တမ်းက ဖိုဒါမဟုတ်ပါဘူး..။ ညာကလစ်ထောက်ပြီးProperties ကြည့်ရင် Application လို့ပေါ်နေ
ပါတယ်.။အဲဒီတော့ ကျွန်တော်တို့ ဒီကောင်တွေကို ဘုမသိဘမသိ ဖိုဒါပဲကွဆိုပြီး.. ဒဘယ်ကလစ်ပေးလိုက်
ရင်တော့ သေပြီဆရာပဲ.။ဒီကောင်တွေရဲ့ သဘောသဘာဝကိုက အဲဒီလိုပါ.။ ဖိုဒါအစစ်တွေကို Super Hidden
ပေးထားပါတယ်.၊ပြီးတော့ ဖိုဒါအတုပုံစံနဲ့ ဗိုင်းရပ်စ်အပွားလေးတွေကိုအပြင်ထုတ်ထားတယ်.။မှားပြီး Run 
မိလိုက်ရင်သေပြီဗျာ..။အဲဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို အရင်ရှင်းပြပါ့မယ်.။ 
ပထမဆုံး windows + R နှိပ်ပြီး..Run Box ကိုခေါ်လိုက်ပါ..။
ပြီးရင် cmd လို့ရိုက်ပြီး. Command Prompt ကိုခေါ်လိုက်ပါ.။
ပြီးရင် CD သို့မဟုတ် USB ရဲ့  Drive Letter ကိုရိုက်ထည့်ပါ.. ။ဥပမာ G ဆို G: ပေါ့. H ဆိုရင် H: ပေါ့ဗျာ..။
နောက်က : လေးကိုတော့မမေ့ပါစေနဲ့.။
အဲဒါဆို၇င်အောက်ကပုံလေးအတိုင်းဖြစ်သွားမယ်.။
     ကျွန်တော် USB Drive က J မို့လို့ပါ..။အဲဒီလိုဖြစ်သွားရင်အောက်မှာ.. 
Attrib -s -a -h -r *.exe လို့ရိုက်ပြီး Enter ခေါက်ပါ..။
Attrib ဆိုတာက Attribute ကိုပြောတာပါ..။ -s ဆိုတာက System file တွေကို System အဖြစ်ကနေရပ်စဲပါ
တဲ့.။ အရှေ့က အနုတ်လက္ခဏာလေးဆိုတာ.. ဖျက်တာ၊ မလုပ်တာ ၊ ရပ်စဲတဲ့သဘောပါ.။ နောက်.က
-h ဆိုတာကလည်း hidden ချထားတဲ့ ဖိုင်တွေကို Hidden မချနဲ့တဲ့.။ -a ဆိုတာကလည်း Archived လုပ်
ထားတဲ့ကောင်တွေကို Archived မလုပ်ပါဘူးလို့ပြောတာ.။ -r ဆိုတာ က Read Only ကိုပြောတာ.။ + ဆိုရင်
ပြောင်းပြန်ပေါ့ဗျာ..။ *.exe ဆိုတာက. * ဆိုတာ မည်သည့်နာမည်ဖြစ်ဖြစ် တဲ့.။ နောက်က. .exe ကတော့ 
exe extension နဲ့ကောင်ကိုပြောတာ တဲ့..။ ( ဟူး.. မောတယ်...)
အဲဒီလိုလုပ်လိုက်တော့ အထဲကကောင်တွေ. ပုန်းတဲ့ကောင်တွေ ပေါ်လာပြီ.၊ ကန့်သတ်ထားတဲ့ကောင်တွေ
ထွက်လာပြီ..။
နောက်ထပ် ထပ်ရှာရမှာက.. 
attrib -s -a -h -r *.com ( တစ်ချို့ဗိုင်းရပ်စ်တွေ .com ဖိုင်နဲ့လာတယ်.. ။ဥပမာ သရက်မြို့ ၊ လွိုင်ကော် အစရှိတဲ့
ပြည်တွင်းဖြစ် ဗိုင်းရပ်စ်တွေ..။)
attrib -s -a -g -r *.pif (အချို့ က Pif နဲ့လာတယ်ဗျား..)
attrib -s -a -h -r *.vbs ( အချို့က VB script လေးနဲ့လာတယ်ဗျား. ဥပမာ နိုးနိုးဂျက်မဆိုတဲ့ ဗိုင်းရပ်စ်က VB 
Script ပါဗျား..)
အဲ့လိုလုပ်ပြီးရင်.. 
Del *.exe /s /q လို့ရိုက်
enter ခေါက်
Del * com /s /q လို့ရိုက်
enter ခေါက်
Del *.pif /s /q လို့ရိုက်
enter ခေါက်
Del *.Vbs /s /q လို့ရိုက်
enter ခေါက် လိုက်ပေါ့.။
ဒါကတော့ ရှင်းပါတယ်.။ Del ဆိုတာက Delete ပေးတာ.။ /s ဆိုတာက Sub directory ထဲအထိ.၊(အတွင်းဖိုဒါ
တွေထဲထိ ၀င်ဖျက်ပါ..) /q ဆိုတာကတော့ Yes No ပြန်မမေးနဲ့ တစ်ခါတည်းဖျက်တဲ့.. ။ (ကောင်းရော. ကျွန်
တော်က နားလည်လွယ်အောင် ဘာသာပြန်ပေးလိုက်တာပါ..သူ့ကွန်မန်းရဲ့ အဓိပ္ပာယ်တွေပေါ့.။ )
ကာကွယ်တာကတော့ ဟုတ်ပါပြီ.. မတော်တဆ ကိုက်သွားရင်ကော ဘယ်လို လုပ်မလဲ ပေါ့.
အဲဒါဆိုတစ်ခု ရှော့ရှိလာပြန်ပါပြီ..။
          အဲဒီအခါမျိုးကတော့ အကောင်းဆုံးက Update အဖြစ်ဆုံးနဲ့. Boot Time Scan ပါရှိတဲ့ Anti-virus တစ်
ခုခု ကိုတင်ပြီး စကင်ဖတ်လိုက်တာ အကောင်းဆုံးပါပဲ..။ Manual ရှင်းချင်ရင်ကျတော့.. 
-ကွန်ပျူတာကို Restart ချ..။
-ပြန်တက်လာရင် F8 ကီးကိုနှိပ်.။
-Safe mode with Command Prompt ကနေ၀င်..။
 ဘာဖြစ်လို့ Safe Mode ကနေ၀င်ရလဲ ဆိုရင်. ။ Safe Modeမှာက.. Start Up မှာ ဗိုင်းရပ်စ် ပရိုဂရမ်တွေအလုပ်
 မလုပ်လို့ ဖြစ်ပါတယ်.။ တကယ်သာ လုပ်နေခဲ့ရင်ကိုယ်ဖျက်တာနဲ့ Reload လုပ်ပြီး သူ့ဖာသာပြန်ရောက်လာ
 တတ်ပါတယ်.။
-cd \ လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် အောက်ပုံလိုဖြစ်သွားမယ်.။
အဲဒီအခါ နောက်မှာ  အခုလိုရိုက်ပေးရမယ်..။
 dir /ah /s /p /b *.exe လို့ရိုက်ပေးပါ..။
- အဲဒီမှာ ကိုက်နေတဲ့.ဗိုင်းရပ်စ်နာမည်နဲ့ သူ့ရဲ့ လမ်းကြောင်းကိုပေါ်လာပါတယ်....။
 ဒါပေမယ့် Manual ရှင်းမယ်ဆိုရင်တော့.. သူ့ကို ဖော်ဖို့နဲ့. တည်နေရာတွေမှာ လိုက်ဖျက်ဖို့ အဆင့်တွေအများ
ကြီးကျန်ပါသေးတယ်.။ (ဆက်ပြောရမလား..။ ငြီးငွေ့နေပြီလား..။)
ဖြစ်နိုင်မယ်ဆိုရင်. Anti Virus နဲ့ Boot Time Scan ဖတ်လိုက်ရင်  အဆင်ပြေသွားတာများပါတယ်. ။ သို့ပေ
မယ့် အချို့သော အ ဖျက်စွမ်းအားကြီးတဲ့. Chrome လိုမျိုးကောင်တွေ.၊ Loikaw လိုမျိုးကောင်တွေကျတော့
မူရင်း WIndows ရဲ့ system ဖိုင်တွေကိုပါဖျက်ဆီးပစ်တဲ့အတွက်ကြောင့် အားလုံးဟာ ဗိုင်းရပ်စ်အဖြစ် သိမ်း
ပိုက်ခြင်းခံရသလို..။ Scan ဖတ်လိုက်ရင်လည်း ပါသွားတာများပါတယ်.။ အခြေအနေအရမ်းဆိုးရင် ၀င်းဒိုးပါ
ပြန်တင်ရလေ့ရှိပါတယ်.။
          တကယ်တော့ ကွန်ပျူတာဗိုင်းရပ်စ်ကို Manual ရှင်းမယ်ဆိုရင်တော့..။ Windows ရဲ့ Batch Language
ကိုပဲဖြစ်ဖြစ် .. အနည်းဆုံးသိထား ပိုင်နိုင်ထားဖို့လိုပါလိမ့်မယ်.။ ကိုယ့်ဖက်က ထိန်းသိမ်းနိုင်မယ်ဆိုရင်.. နက်
ဝက်ချိတ်မထားတဲ့ကွန်ပျူတာ တစ်လုံးအနေနဲ့..။ အန်တီဗိုင်းရပ်စ်ဆိုတာ မလိုအပ်လှပါဘူး.။ 
          အားလုံးပဲ မိမိရဲ့ အဖိုးတန်တဲ့ ဆော့ဝဲတွေနဲ့ ဒေတာတွေကို ဗိုင်းရပ်စ်ကြောင့် ပျက်စီးခြင်းမှကာကွယ်
နိုင်ကြပါစေဗျာ..။တကယ်လို့ ပြဿနာတစ်စုံတစ်ရာရှိခဲ့ရင်. . ကျွန်တော့်ကို ဆက်သွယ်ပြီးမေးမြန်းနိုင်ပါတယ်။
အားလုံးပဲ ကျန်းမာချမ်းသာပြီး.. ဗိုင်းရပ်စ်ပြဿနာမှ ကင်းဝေးနိုင်ကြပါစေဗျာ..။
My Blog List