Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, March 30, 2012

အချိုပွဲ

    ခုတစ်လော Facebook နဲ့ အဆင်ပြေနေတယ်.. ။ဖွင့်ပြီးရင်တော်တော်နဲ့ ပြန်မပိတ်ဖြစ်တော့ဘူးလေ. ။ သိ
တယ်မဟုတ်လား..။ စာတောင် မရေးဖြစ်ဘူးဖြစ်နေတယ်.။ သဘောကျတဲ့ပုံလေးတွေပြဦးမယ်.။အကုန်
ဒေါင်းထားတာ.။  စာတွေဖတ်တာများလို့ အီနေရင် အအီပြေ အချိုပွဲလေးပေါ့ဗျာ..။

                            အာဖရိက က ဘိလိယက် ၀ါသနာအိုးတွေတဲ့ . စဉ်းစားကြည့်ရတာ ဆင်ထားတာထက်
တကယ်ထိုးပုံပဲ..။
                       ပေါက်စ ငယ်တုန်းက ပုံနဲ့တူလို့ ဒေါင်းထားတာ. ကလေးလေးက ချစ်စရာလေး..
                     ကျွန်တော်လည်း (ဖြစ်နိုင်မယ်ဆိုရင်.) အဲဒီလို သမီးလေးတစ်ယောက်လိုချင်တယ်....။



Tuesday, March 27, 2012

ကျွန်တော်ရေကူးချင်သည်....






         ခေါင်းစဉ်ကိုကြည့်ပြီး..။ဟဲ့ အရူးရဲ့. ကူးချင်ကူးပေါ့ဟ လို့ ပြောကြမလားမသိဘူး.။ကူးချင်တာကတော့
အင်မတန် ကူးချင်တာပါ.။ ဒါပေမယ့် ကျွန်တော် ခုချိန်ထိ ရေမကူးတတ်ဘူး.။အဲဒါက ကျွန်တော် မလုပ်တတ်
သော အရာများစွာထဲက တစ်ခုပါ.။
    ငယ်ငယ်လေးကတည်းကလုပ်တတ်ချင်တဲ့အရာတွေအကုန်လျှောက်သင်ဖူး၊ လျှောက်လေ့လာဖူးတယ်.။
စကိတ်စီးမလား၊ဘောလုံးကန်မလား၊စားပွဲတင်တင်းနစ်၊ မြေပြင်တင်းနစ်၊ဂေါက်လည်းရိုက်ဖူးရဲ့။ဘိလိယက်၊
စနူကာလည်းထိုးတတ်ရဲ့.၊ ဂိမ်းလည်းဆော့တတ်ရဲ့...။စစ်တုရင်လည်းထိုးတတ်ရဲ့.။ကျန်တဲ့ ကားမောင်းတာ၊
ဆိုင်ကယ်မောင်းတာ.တွေကအစ.၊ စာသင်တာ၊စာရေးတာနဲ့ ကုန်ကုန်ပြောရရင်.. ဟင်းတွေဘာတွေကောင်း
ကောင်းချက်တတ်တာအထိ. တော်တော်များများကို တတ်မြောက်အောင်သင်ကြားဖူးပါတယ်.။
           သို့သော်ငြား..အဆိုပါ ရေကူးခြင်းတည်းဟူသော(ကျွန်တော့်အတွက်)ခက်ခဲလှစွာသောပညာရပ်ကြီး
ကို ဆရာ့ဆရာပေါင်းများစွာ ဖြင့် သင်ကြားသော်လည်း . ကျွန်တော်မောင်မိုးသက်တို့ မည်သူမှတတ်မြောက်
အောင်သင်ကြားပေးနိုင်ခြင်း မရှိသေးပါဘူး.။
        ပထမဆုံးသင်ပေးတဲ့ သူက ကျွန်တော့် အစ်ကိုဝမ်းကွဲဖြစ်တဲ့ မိုးကုတ်က ကို အာကာပါ.။
         သူက ကျွန်တော့်ကိုရွာက  ရေအင်းကြီးထဲမှာအကူးစသင်ပေးတယ်.။လူကိုတွဲပြီးခေါ်သွား..၊ပြီးတော့
လွှတ်ပေးလိုက်ပြီး ခြေယက် ပါ ၊လက်ယက်ပါနဲ့..ပြော.။ ဒီက ကောင်ကတော့ တစ်ဗွမ်းဗွမ်းသာ ခတ်နေတယ်.
လူကနေရာမရွေ့ပါဘူး.။ပြောမယ်ဆိုရင် သူသင်တာက စနစ်မကျဘူးပေါ့ဗျာ..။(တကယ်တော့ ကျွန်တော်က
လည်းအသုံးမကျတာပါ.. ဟီးဟီး.).။ အဲဒါနဲ့သူက ပြောတယ်.. မင်း ရေနစ်ဖူးရင်ကူးတတ်သွားမှာပါတဲ့. ။
အဲဒီလိုပြောတဲ့နေ့ကစပြီး ကျွန်တော်သူနဲ့ ရေလိုက်မကူးတော့ဘူး.(အကူးမသင်တော့ဘူး..)။ ဘာဖြစ်လို့လဲ
ဆိုတော့ ညီအစ်ကိုချင်း လုပ်ကြံမှာစိုးလို့..။(သိတယ်မလား. စကားကပလ္လင်ခံထားတာဆိုတော့..)တစ်လ
လောက်ကြာတာ့ ကျွန်တော်က မနေနိုင်ဘူး.။ သွားစရာကလည်း  အဖော်ကသူပဲရှိတော့..သူနဲ့ပဲ ကူးနေကျ
ရေအင်းကြီးကိုသွားတယ်.. ။ ရေစပ်နားမှာ ဟိုဟိုသည်သည်ဆော့နေတုန်း..အစ်ကိုက ညီလေး အဲဒီနားမှာ
ရေနောက်တယ်...။ဒီဘက်ကိုလာခဲ့တဲ့..။ ကျွန်တော်က သူ့ကိုမ ယုံဘူး.။ သူ့ပြတဲ့နားကိုကျွန်တော်တစ်ခါမှ
မရောက်ဖူးဘူး.. ။ အဲဒီနားကရေကတော့ တော်တော်ကြည်ပါတယ်..။ဒါပေမယ့် အဲဒီနားကိုမသွားရဲဘူး.။
သူ ကျွန်တော့်ကိုရေနစ်အောင်လုပ်မှာစိုးလို့လေ..။ဒါပေမယ့် သူက မတ်တတ်ရပ်ပြတော့ရေကတိမ်တိမ်လေး
ဖြစ်နေတာကိုတွေ့တယ်..။ တကယ် ကျွန်တော်သွားတော့လည်းတိမ်ပါတယ်.။ တစ်ရွေ့ရွေ့နဲ့သွားနေရင်း
အစ်ကိုက ဒီကိုလာဆိုပြီး လက်ကိုအဆွဲမှာ ကျွန်တော် ချော်လဲတယ်..။ ကျွန်တော့်အစ်ကိုက ကျွန်တော့်
အောက်မှာ... ။ကျွန်တော်က သူ့ကို ဖိထားပြီး အမေရေ..၊ အဖေရေ ကယ်ပါဦး..လုပ်နေတဲ့အချိန်မှာ....။အရှေ့
ကျောင်းလို့ခေါ်တဲ့ ရွာအရှေ့ဖက်က ဘုန်းကြီးကျောင်းကကိုရင်ကြီးတစ်ပါးကဧကသီကိုချွတ်ပြီးသင်းပိုင်လေး
ခါးတောင်းကျိုက်လို့.. ကမ်းပါး ပေါ်ကဒိုင်ဗင်အပစ်မှာ. ရေကတိမ်တိမ်ဆိုတော့..ကိုရင်ကြီးနဖူးကွဲသွားပါရော
ဗျာ..။
         နောက်မှ သိရတာ ရေက ပေါင်လောက်ပဲရှိတယ်..။ ကျွန်တော်က အစ်ကို့ကို မယုံတဲ့အတွက်ကြောင့်
ကိုယ့်ဖာသာ ချော်လဲပြီးနစ်တာကို..ရေအနက်ထင်နေတယ်.။ အစ်ကိုတော့အောက်မှာမရုန်းနိုင်ဘူး.။ကျွန်
တော်က သူ့ကဖိထားတာ..။အဲဒီကိုရင်ကြီးကိုတော့.. ဆေးခန်းတွေဘာတွေခေါ်ပြီး ဆေးထည့်..။အိမ်မှာဆွမ်း
ကပ်တွေဘာတွေလုပ်လိုက်ရသေးတယ်။ ကိုရင်ကြီးတော့ ဘာမှမပြောရှာပါဘူး.. ။ အဲဒီတုန်းကကျွန်တော်က
လည်းငယ်သေးတာကိုး..။
         နောက်တစ်ခေါက်က .. ပိတ်ချင်းမြှောင် လှိုဏ်ဂူတော်ရှေ့က ရေကူးကန်မှာပါ..။အဲဒီတုန်းက အစ်ကိုကို
ငြိမ်းချမ်းဦး(ယခုဗကဒေါက်တာ ငြိမ်းချမ်းဦးပေါ့)သူက ကျွန်တော့်ကိုရေကန်ဘောင်ကိုကိုင်ခိုင်းပြီးခြေထောက်
ယက်ခိုင်းတယ်.။ ဟုတ်ပြီ မှန်လာပြီ..။ လက်တစ်ဖက်လွှတ်.. ။ ဟုတ်ပြီ...။လည်တော့မယ်တွေ့လား.. ။ဟုတ်
ကိုကြီး.။နောက်တစ်ဖက်လွှတ်.။ အု... ပလုတ်.. .။ ဟ.. မြုပ်သွားပြီ.. မြုပ်သွားပြီ..  ။ထို့နောက်. ...........
             အဲဒီလိုနဲ့ ဒုတိယ ဆရာ  ဖြစ်တဲ့နောင်တော် ကိုငြိမ်းချမ်းဦးလည်း..လက်လျှော့သွားတဲ့အခါ. ကျွန်
တော့်ရဲ့ ထုံးစံအတိုင်း.. ကိုယ်တိုင်ကျင့်ယူရမယ်ဆိုတာနားလည်သင့်သလောက်နားလည်လာပါတယ်..။
အဲဒီနောက်ပိုင်းသူငယ်ချင်းရှိတဲ့.ငါးရံ့ချောင်းရွာကိုသွားတယ်.။ ချောင်းထဲမှာရေဆင်းချိုးတယ်.။အနက်ထဲကို
သွားတယ်..။ နဲနဲတိုးတက်လာတယ်ပြောရမယ်.။ ဘာဖြစ်လို့လဲ ဆိုတော့ .. မကြာခဏ ရေနစ်လာတာနဲ့ အမျှ
ကျွန်တော်ရေကို မကြောက်တော့ဘူး.။နောက်ပိုင်း ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတော့..ကျွန်တော်
ရေ ဘယ်လောက်နက်နက် ကျွန်တော် ဆင်းတယ်..။ မမြုပ်အောင် ဘယ်လို နေရမယ်ဆိုတာ သိလာတယ်.။
သို့သော် ကျွန်တော် Position ကိုရွှေ့လို့ မရဘူး..။လူကို လင်းပိုင်လိုနေတတ်လာတယ်. ။ဒါပေမယ့်ကျွန်တော်
ဟိုဟိုသည်သွားလို့မရဘူး..။
           ဗထူးမှာ ကျွန်တော့်ကိုမော်လမြိုင်သားသူငယ်ချင်းတွေ ၊မွန်ပြည်နယ်ကသူငယ်ချင်းတွေဝိုင်းသင်ပေး
ကြတယ်.။ သူတို့တွေက ကျွမ်းကြတယ်.။ စစ်တက္ကသိုလ်မှာရေကူးပြိုင်ပွဲမှာကျွန်တော်တို့ အပတ်စဉ်တစ်ခုလုံး
မှာစံချိန်တင်ထားတဲ့ ညီညီမော်ဆိုတဲ့သူငယ်ချင်းက..သူ့အိမ်က သံလွင်မြစ်ကမ်းဘေးမှာရှိတာ.. ။ သူကမြစ်
ကို ဆန်ကူးပြီးလေ့ကျင့်တယ်လို့ဆိုတယ်..။ရေပျော်ငါးတစ်ကောင်လို နေနိုင်တယ်.။ ဒါပေမယ့်ကျွန်တော်က
တော့ သူသင်ပေးခဲ့ဖူးတဲ့သူတွေထဲမှာ ချွင်းချက်လိုဖြစ်နေတယ်.။ ရေနစ်ရင်ကူးတတ်သွားမှာပါဆိုတဲ့ အစ်ကို
ရဲ့စကားကို ပြန်သတိရတယ်.။ ဒါပေမယ့် ကျွန်တော်ရေ အကြိမ်ပေါင်းများစွာ နစ်လာတဲ့အခါ ရေကိုလုံးဝ
မကြောက်တော့ဘူး.။ ဒီအတွက် အဲဒီနည်းလမ်းနဲ့လည်း. ကျွန်တော် ရေကူးတတ်မလာတော့ဘူး.။ဗထူးမှာ
တုန်းက ရေကန်ထဲကို ကျွန်တော် အရှိန် နဲ့ ဒုံးပျံလို ဆင်းပြီးဆော့ဖူးတယ်. ။ အဲဒီရေကန်က ကျွန်တော့်အရပ်
ထက် နက်ပါတယ်.။ ကျွန်တော်ရေပေါ်မှာပေါ်နေနိုင်တယ်..။ ဒါပေမယ့် ကျွန်တော်ကူးခတ်ရင်.. အောက်ကို
စိုက်ဆင်းသွားတယ်..။ဘာ့ကြောင့်လဲဆိုတာတော့ မသိဘူး.။ခြေ ၊လက်လှုပ်ရှားပုံမှားနေတယ်လို့ထင်တယ်။
       အဲဒါနဲ့ ကျွန်တော်ဒီကိုမလာခင် ကျွန်တော်နဲ့ရင်းနှီးတဲ့ ကြံ့ခိုင်ရေးဌာနက ဆရာကြီးတစ်ယောက်ကိုသင်
ခိုင်းတယ်.။ ဗိုလ်ကြီးရေကန်ထဲဆင်းကြည့်ဆိုတော့.. ကျွန်တော်က ရေအတိမ်ပိုင်းဘက် ကိုမသွားပဲနဲ့ အနက်
ပိုင်းတင် ဗွမ်းဆိုခုန်ချပြီး ပြန်ပေါ်လာတော့ ဘေးဘောင်ကိုကိုင်ထားတော့ .  ဗိုလ်ကြီးက ရေကူးတတ်ရဲ့သားနဲ့
ကျွန်တော့်ကို အလုပ်ရှုပ်အောင်လုပ်နေတယ်တဲ့..။ကျွန်တော်ဘာပြောလို့ပြောရမှန်းမသိတော့ဘူး.။ကိုယ့်ဝမ်း
နာကိုယ်သာသိပါတယ်.။ ကျွန်တော်လည်း အကြံကုန်နေပါပြီ..။ရေမကြောက်လို့ ရေမကူးတတ်တာဆိုတော့
ရေကြောက်အောင်ပဲ ကိုယ့်ကိုယ်ကို ခဲဆွဲပြီး ရေထဲခုန်ချရမလိုဖြစ်နေပြန်ပါပြီ...။အခုတော့..ကျွန်တော်နွေရာ
သီကျမှ ထပ်မံကြိုးစားကြည့်ရဦးမှာပေါ့ဗျာ...။တေးထားပါတယ်...။ ဒီနှစ်နွေရာသီ .မတော်တဆ . ရေကူးတတ်
ခဲ့ရင်.. မြန်မာစကားနားမလည်တဲ့လူတွေရှိတဲ့မြစ်ကမ်းမှာ.“ ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လား ကွ.... ” လို့ ကြုံးဝါး
ဦးမယ်လို့ တွေးထားပါကြောင်း.....။



Saturday, March 24, 2012

စာပေခရီးနီးသလား...(၄)

                    နောက်ထပ် နဲနဲ အဆင့်မြှင့်ကြည့်ရအောင်...။ကျွန်တော် အစမ်းကဗျာတစ်ပိုဒ်ဖော်ပြထားပါ
တယ်..။
     
သင်သေသွားသော်

သင်သေသွားသော်..
သင်ဖွားသောမြေ၊သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏..။
 အဲဒီကဗျာပိုဒ်မှာကြည့်ရင် ၄-၃-၂ ကာရန်ကို သွား ဆိုတဲ့၃ကာရံကနေ စထားတာကိုတွေ့ရမှာပါ..။ပြောရမယ်
ဆိုရင်.. ကဗျာဆိုတာ သံကြိုးလေးတွေလိုပါပဲ..။ စလိုတဲ့နေရာကနေစနိုင်ပါတယ်.။ 
အစမ်းတစ်ပိုဒ်လောက်ရေးကြည့်ရအောင်..။
စစ်သားကောင်းတို့..
အလောင်းမြေခ၊ ပျက်ကြွေရလည်း
ရဲကမသေ၊
သေက ငရဲမလား၊ ဆိုရှိထားသည့်
စကားသစ္စာ၊ ရှိသည့်ရာတိုင်း
ဝန်တာကျေပွန်၊ အားစိတ်သွန်သည့်
ပြည့်မွန်ချစ်စွာ၊မင်းရှိရာကို
ငါသည်ဦးညွတ်လိုက်ပါ၏......။
          အောက်မှာ ရဲကမသေ ၊ နေရာမှာ ရဲကမသေ၊သေက ငရဲမလားလို့ကျွန်တော်ပါဒ တစ်ခု (နံပတ် ၃ နေ
ရာ)ကိုချန်ခဲ့ပါတယ်.။ အားလုံးသဘောပေါက်မယ်လို့ထင်ပါတယ်.။ အဲဒီလို တစ်ပါဒလေးတွေချန်ခဲ့တဲ့အတွက်
ဆိုရတာ သွက်သွားပါတယ်.။ ဥပမာ ပြရလျှင်နာမည်ကျော် ပျဉ်းမငုတ်တို ကဗျာကိုကြည့်နိုင်ပါတယ်.။ 
ပျဉ်းမငုတ်တို
ဖုထစ်ရွတ်တွ ၊ ဌက်လင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကြားအိုသည်
ကုန်မိုထက်တွင် ၊ တစ်ပင်တည်း ။

ခွဆုံအကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လှာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ၊ ခြအိမ်ပျက် ။

ကုန်းမိုကမ်းပါး ၊ မြေပပ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း ၊ လက်ပြညွှန်း ။


ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော် ................
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင်ယောကျာင်္း ကောင်းတကား ။ ။ ။

( မင်းသုဝဏ် )
              အောက်ဆုံးအပိုဒ်မှာရေးထားတဲ့.. စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်၊ဓားထစ်လည်းခံ၊နေလျှံလည်း
တိုက်၊ အထိ တစ်ဆက်တည်းရေးထားပြီးမှ.နေလျှံလည်းတိုက်၊လေပြင်းခိုက် လျှက် ၊ မငိုက်ဦးခေါင်းမှာ.ပြန်ဝင်
သွားတာကိုတွေ့ရမှာပါ..။
         ၄-၂နဲ့တစ်ဆက်တည်းရေးသွားပြီး မှ ၄-၃-၂ ထဲပြန်ဝင်သွားတာပါ.။ကဗျာရေးနည်းလေးတွေက စိတ်ဝင်
စားဖို့ကောင်းသလို အပျင်းလည်းပြေပါတယ်...။ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့. ဆရာကြီးမောင်ထင်ရဲ့.. 
ငဘ ဆိုတဲ့ ၀တ္ထုထဲက. ကဗျာလေးတစ်ပိုဒ်ကို ဖတ်ကြည့်ပါဦး..။
သားကိုလက်ငင်
လင်ကိုလက်တို့ ၊မျက်ရည်စို့ဖြင့်
ခွေးအို့ခေါ်ကာ၊ ပြေးရရှာသည်.
ချွေးတပ်လာ၍ဆွဲစဉ်က...။
                  ဖက်ဆစ်ဂျပန်တို့ လက်ထက်က ထွက်ပေါ်ခဲ့တဲ့ကဗျာတော်တော်များများမှာ ခေတ်ရဲ့နိမိတ်ပုံ
တွေထင်ဟပ်နေတာကိုတွေ့ရပါတယ်...။ရင်တွင်းခံစားချက် ရှိတဲ့အရာ ကို စကားလုံးတွေနဲ့.ဖော်ညွှန်းတဲ့အ
တတ်ပညာတစ်ခု လို့ပဲ အကြမ်းဖျဉ်းမှတ်ယူနိုင်မှာပေါ့..။ ကျန်တဲ့ကဗျာအမျိုးအစားတွေလည်း ဆက်လေ့လာ
ပေါ့ဗျာ.. ။ ဒွေးချိုး. ၊ လေးချိုးတွေကလည်းနက်နဲသလောက် ဖတ်ရတာ အင်မတန် နားဝင်ပီယံရှိပါတယ်.။ 
ကဗျာတစ်ပုဒ်ကို ဖတ်မိရင်.  ကာရံယူထားတာဘယ်လောက်သပ်ရပ်စနစ်ကျတယ်ဆိုတာနဲ့ အကြောင်းအရာ
အတိမ်အနက် လေးနက်မှုရှိတယ်ဆိုတာကို သုံးသပ်ပြီး ကဗျာကောင်းတစ်ပုဒ်ဖြစ်မဖြစ် ကိုသုံးသပ်တာပါ.။ 
နောက်တစ်ခုက... ။ မော်ဒန်ကဗျာတွေပေါ့..။
            ကျွန်တော်အစက မော်ဒန်ကဗျာတွေကို လက်မခံပါဘူး.။ မြန်မာကဗျာအရေးများခဲ့တဲ့သူပီပီပေါ့ဗျာ
ကာရံကိုဦးစားပေးတယ်.။ အဲဒီအစွဲတစ်ခုရှိခဲ့တယ်ပေါ့.။ ဒါပေမယ့်. အဲဒီတုန်းက ကာရန်မဲ့ကဗျာတွေမှာ လွတ်
လပ်မှုရှိတယ်ဆိုတာကို သိပ်သတိမထားမိဘူး.။ စကားလုံးစီရီမှုနဲ့.. လွတ်လပ်မှုဆိုတာ..ယနေ့ခေတ်မှာ ကာရံ
မဲ့ကဗျာတွေ အားသာသွားစေတဲ့ အချက်တစ်ချက်ပဲ..။ တစ်ပိုဒ်လောက် ဖတ်ကြည့်ပေါ့..။
မိသားစုဆိုတာ..
အကုန်တက် ၊အကုန်ဆင်း 
ကစားနေကြရတဲ့ ဘောလုံးတစ်သင်း... တဲ့.။
         အပေါ်က ကာရံမဲ့ကဗျာတစ်ပုဒ်ပေါ့ဗျာ .။ သေချာကြည့်ကြည့်ရင် . ဥပမာပေးထားပုံအင်မတန်ကောင်း
တာကိုတွေ့ရမှာပါ.. ။ ဒီကဗျာက ကျွန်တော်ရေးတာမဟုတ်ပါဘူး.။ မဂ္ဂဇင်းတစ်ခုမှာဖတ်ဖူးတာပါ.။ 
အကုန်တက်အကုန်ဆင်းကစားနေရတဲ့ဘောလုံးအသင်းတစ်သင်း  ကိုမြင်ကြည့်ပေါ့..။တစ်ဖက်အသင်းကိုဖိ
ထားတဲ့အခါမှာလည်း အကုန်လုံးက အထက်ဖက်ကနေ.သော်လည်း တစ်ဖက်အသင်းက ဖိတဲ့အခါမှာ တစ်
သင်းလုံးပဲ ဆင်းပြီး ခုခံ ဖျက်ထုတ်ကြရတာကို မိသားစုဆိုတဲ့ အရာကိုတင်စားထားတာပါ.. ။ ဘယ်လောက်
ကောင်းတဲ့ ဥပမာလဲ..။ မိသားစုဆိုတာလည်း ပြေလည်တဲ့အခါမှာ တစ်မိသားစုလုံးကောင်းစားပြီးအေးအေး
ချမ်းချမ်းနေရပေမယ့်.ကြပ်တည်းတဲ့အခါမှာလည်း ဒုက္ခပေါင်းစုံကို အားလုံးကတက်ညီလက်ညီခံစားကြရ
တာကိုဆိုလိုထားတာပါ.။
                  ကဗျာတွေကိုလေ့လာတာနဲ့အမျှ .. ကဗျာတွေကို ခံစားတတ်လာပါလိမ့်မယ်.။ အချုပ်ဆိုရရင်
တော့ မဝေးသော်လည်း မနီးလှတဲ့စာပေခရီးထဲ..မှာ ကဗျာ..ပိုင်း၊ စာပိုင်း တွေကို လေ့လာခြင်းအားဖြင့်အမျိုး
သားစာပေတစ်ခုကို ထိန်းသိမ်းရာရောက်မယ်ဆိုတာ သိထားသင့်ပါတယ်.။ မြန်မာစာသည် ငါတို့ပြည်၊မြန်မာ
စာသည် ငါတို့စာ၊မြန်မာစကားသည် ငါတို့စကား ဆိုတဲ့စကားထဲကလိုပါပဲ.။ မြန်မာစာပေနဲ့. မြန်မာ့ယဉ်ကျေးမှု
ကိုခွဲခြားလို့မရနိုင်သလို.. ကမ္ဘာ့အခက်ခဲဆုံးဘာသာစကားတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်တဲ့ မြန်မာစာမြန်မာ
စကားကိုလည်း ထိန်းသိမ်းသွားကြဖို့ဆိုတာ.. အားလုံးရဲ့ရင်ထဲက ဆန္ဒ ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်..။



Thursday, March 22, 2012

စာပေခရီးနီးသလား...(၃)

          မနီးတဲ့စာပေခရီးထဲမှာ ကဗျာတွေ ကတော်တော် အရေးပါခဲ့တယ်ဆိုတာ ရှေ့ပို့စ်တွေ့မှာရေးခဲ့ပါတယ်.။

ငယ်ငယ် က ကဗျာ မရေးခင်ကတည်းက ကျွန်တော်က စာစီစာကုံးကို သိပ်သန်တယ်.။ ကျောင်းမှာ ငယ်ငယ်

လေးကတည်းက စာစီစာကုံးပြိုင်ပွဲတွေဆို အမြဲတမ်းဝင်ပြိုင်ခဲ့တယ်.။ ၅ တန်းက စပြီး ပြင်ဦးလွင်မြို့နယ်မှာ

မြန်မာစာ ထူးချွန်ဆုတိုင်းကို ကျွန်တော်တို့ ကျောင်း ကိုယ်စားပြုနဲ့ ၈ တန်းအထိ ရခဲ့ပါတယ်.။ မှတ်မှတ်ရရ..

၎ တန်း နှစ်မှာ ကျွန်တော်စာစီစာကုံးနဲ့ စတင်မိတ်ဆက်မိပါတယ်.။ နိဒါန်း၊စာကိုယ်၊ နိဂုံး ဆိုတဲ့ ဖောမက်ကို

ကြားဖူးရုံတင်ရှိသေးတာပါ.။ စပြီးပြိုင်တဲ့ ပြိုင်ပွဲမှာ. ကျီစားသန်က ရန်များ၏ ဆိုတဲ့စီစာကုံးကို နိဒါန်း၊စာကိုယ်၊

နိဂုံးတွေကို ခေါင်းစဉ်တွေ တပ်ပြီး ဖြေခဲ့တယ်..။ အပြင်ထွက်မှာ အမေက ပြောမှ မှားမှန်းသိတယ်. ။ အဲဒီမှာ

ကျွန်တော့် မြန်မာစာခရီးရှည်ကြီး စတာလို့ပြောလို့ရတယ်.။(ခရီးရှည်ဆိုသော်ငြားကျွန်တော့် လာခဲ့ပြီးတဲ့လမ်း

ကတိုတိုလေးပါ..။ ရှေ့မှာ တစ်ဆုံး ရှိသေးတယ်...။ )၅ တန်း နှစ်မှာ ပြိုင်တယ်..။ ၆ တန်းနှစ်မှာ တစ်ခါထပ်ပြိုင်

တယ်. ။ အဲဒီမှာ အတွေ့အကြုံ တော်တော်ရလာပြီ. ။ ၆ တန်းနှစ်မှာ မြို့နယ်အဆင့် ဒုတိယ တစ်ခါရတယ်.။

၇ တန်းနှစ်ကကျွန်တော့်ဘ၀မှာ မြန်မာစာနဲ့ပတ်သတ်ပြီးတစ်ခုခုမှတ်သားနိုင်ခဲ့တဲ့နှစ်ပါ..။ စာစီစာကုံးဆုပေါင်း

(၆) ဆုတိတိရခဲ့ပါတယ်.. ။ လူက အဲဒီအချိန်မှာ သွေးက စကားပြောနေပြီ.။ ဗီဇကပြူထွက်လာပြီ။ကဗျာတွေ

လည်းရေးချင်လာပြီ...။ သို့သော်ငြား ကဗျာ ကို အဖတ်နာတာကလွဲပြီး..သူ့ရဲ့ ဖောမက်ကိုကောင်းကောင်းမသိ

သေးဘူး.။ ၈ တန်းနှစ်မှာလည်း စာစီစာကုံးဆုရတယ်..။ ၁ ဆုထဲပါ.။ ဒါပေမယ့် ကျွန်တော် ကျေနပ်ခဲ့ပါတယ်.။

ဘာဖြစ်လို့လဲ ဆိုတော့ကျွန်တော်ကိုယ်တိုင် ထပ်မံယှဉ်ပြိုင်မှုတွေကိုငြင်းဆိုခဲ့လို့ပါ.။

           ၉ တန်းနှစ်မှာ ကျွန်တော့်ရဲ့ လက်ရှိဘ၀ကို အထောက်အကူပြုမယ့် ပြိုင်ပွဲတစ်ခုနဲ့တည့်တည့်ကို တိုးခဲ့

ပါတယ်.။ကျပန်းစကားပြောပြိုင်ပွဲပါ.။ မြို့နယ်ပွဲ မှာ ပထမ.၊ခရိုင်ပွဲ မှာ ပထမ. တိုင်းပွဲမှာ ပထမရခဲ့ပြီးမှ.ဗဟိုအ

ဆင့်ပြိုင်ပွဲမှာ.. ကျွန်တော် ပဉ္စမ ရခဲ့ပါတယ်.။ အဲဒီတုန်းက နေပြည်တော်မှာ ပြိုင်ရတာမဟုတ်ပါဘူး.။ ရန်ကုန်

မှာ ယှဉ်ပြိုင်ရတာပါ..။ အင်မတန်ကြောက်တဲ့ အင်မတန်ပြောရခက်တဲ့ ခေါင်းစဉ်ကိုကျပြီး ကံဆိုးစွာနဲ့ ရှုံးနိမ့်

သွားတာပါ.။ပထမဆုကို လူတစ်ကာ အကုန်ချစ်တဲ့ စူပါဒဂုံ(၁) ကအစ်မ၊ဒုတိယဆုကို ရခိုင်ပြည်နယ်ကအစ်မ၊

တတိယဆုကို စစ်ကိုင်းတိုင်းက အစ်မ.၊(သုံးယောက်စလုံး Girl တွေချည်းပဲ..) အဲဒီပြိုင်ပွဲ ရဲ့ အကျိုးရလဒ်က

ကျွန်တော် လူပရိသတ်ကို လုံးဝ ရှိန်မသွားတတ်တဲ့ အကျင့်တစ်ခုရလာတာပါပဲ.။ နောက်ပိုင်း သီချင်းဆိုပွဲတွေ

ဘာညာရှိရင် ပိုအဆင်ပြေသွားပါတယ်။ အခန်းအနားနဲ့စကားပြောတဲ့အခါမျိုးမှာ မိမိကိုယ်ကို ယုံကြည်မှုပိုရ

စေပါတယ်.။ လေယူလေသိမ်းကအစ  ငြီးငွေ့မှုမရှိအောင်ဘယ်လိုပြောရမယ်.။ ဘယ်လို ဆွဲဆောင်ရမလဲ ဆို

တာကိုပါ သိလာခဲ့ပါတယ်.။ အဲဒီနောက်ပိုင်း စစ်တက္ကသိုလ်မှာ လုပ်တဲ့ကျပန်းစကားပြောပွဲတိုင်းမှာကျွန်တော်

အောင်ပွဲခံခဲ့ပါတယ်. ။ (ဒီမလာခင်ကမှ ဘာသာစကားကနေ မဟာသင်တန်းက အစ်ကိုတွေကို နိုင်လာသေး

တယ်.။)

           စာဆိုတာ အဖတ်များလာရင်ရေးချင်လာတာသဘာဝပါ.။ စာနာနာဖတ်တဲ့သူဟာ စာရေးကောင်း

တဲ့သူတစ်ဦးဖြစ်လာနိုင်တယ်. ။ မိမိရဲ့ ပတ်ဝန်းကျင်. မိမိရဲ့ ရင်တွင်းခံစားချက်ကို ထိရောက်အောင် ဖော်ပြ

နိုင်စွမ်းရှိတယ်.။ အထက်တန်းလွှာမဟုတ်တဲ့ မိဘတွေကြားမှာရှင်သန်လာပေမယ့် ကျွန်တော့် မိဘက ကျွန်

တော့်ဘ၀ အတွက် တစ်သက်စာ အကောင်းဆုံးသော အမွေကိုလေးနှစ်သားကတည်းကပေးထားခဲ့ပါတယ်.။

အဲဒါစာဖတ်ခြင်းပါပဲ.။ဥစ္စာ အမွေ၊ ပစ္စည်းအမွေတွေထက် သာလွန်မြင့်မြတ်ပြီး. ဘ၀ကို အကောင်းဆုံးတည်

ဆောက် ဖို့.။ မိမိကိုယ်ကို အကောင်းအဆိုးဝေဖန်ပိုင်းခြားဖို့၊ အမှားအမှန်ခွဲခြားသိမြင်နိုင်ဖို့. ၊တစ်ပါတည်းပါ

ပြီးသားပေါ့.။ဘယ်သူပျက်ပျက် မိမိမပျက်ဖို့..၊ ဘာသာတရားနဲ့ ယှဉ်ပြီးချင့်ချိန်နိုင်ဖို့. ဆိုတာ စာပေကနေရခဲ့

တဲ့အသိတွေက အများဆုံးပေါ့.။ကျွန်တော် ချစ်တဲ့ ကျွန်တော် မြတ်နိုးတဲ့စာပေခရီးလမ်းကတော့ ကျွန်တော်

သေတဲ့အထိ ဆက်လျှောက်သွားမှာပါ.။

      ကျွန်တော့်ဘ၀မှာ အထင်ကရ မှတ်တိုင်တစ်ခုဖြစ်တဲ့ ၀တ္ထုရှည်တွေအကြောင်းလည်းပြောပါဦးမယ်.။

ကျွန်တော်ပထမနှစ် ဗိုလ်လောင်းဘ၀မှာ ပထမဆုံးဝတ္ထုရှည်ကို စရေးပါတယ်.။ အဲဒီအချိန်တုန်းက .၀တ္ထုတို

တွေကျွန်တော်မရေးသေးပါဘူး.။ အားလုံးသိတဲ့သူ သိပါလိမ့်မယ်.။ စစ်တက္ကသိုလ်မှာ ပထမနှစ် ဗိုလ်လောင်း

ဘ၀ ဆိုတာ အချိန်အင်မတန်ရှားပါတယ်.။ ဟင် ဒါဆို မင်းက ဘယ်အချိန်သွားရေးသလဲ လို့မေးပါလိမ့်မယ်.။

ကျွန်တော် Academic ချိန်တိုင်းမှာ ၀တ္ထုစာအုပ် အမြဲတမ်းယူသွားပါတယ်.။ စီနီယာတွေအိတ်စစ်ပေမယ့်.

ကျွန်တော်က ကဒ်ထူဗလာစာအုပ်နဲ့ဆိုတော့ မမိဘူးပေါ့ဗျာ.။ အားတဲ့အချိန်.. စာကြည့်တိုက်ချိန် တွေတိုင်းမှာ

နည်းနည်းချင်းစီရေးပါတယ်.။ ၅ လလောက် အင်အားစိုက်ထုတ်ပြီးတဲ့အခါ. ။ စာမျက်နှာ ၃၈၀ ကျော်တဲ့

ဝတ္ထုရှည်တစ်အုပ် ဖြစ်လာပါတယ်.။ နာမည်ပေးဖို့လုပ်တော့ မစဉ်းစားဖြစ်တာနဲ့Untitle 6 လို့ပေးထားခဲ့ပါ

တယ်.။ (နောက်ပိုင်းတွင် နှင်းခချယ်ရီ လွမ်းပန်းချီ-၁ဖြစ်လာပါတယ်.။)  အဲဒီစာအုပ်က အခု ထိကျွန်တော့်အိမ်

မှာရှိပါသေးတယ်.။ အဲဒီတုန်းကတော့ ပုံနှိပ်ဖို့ အစီအစဉ်ရှိပေမယ့်. ။ နောက်ပိုင်းပြန်ကြည့်တော့ သိပ်မကြိုက်

ဘူး . ။ ဟနေတာလေးတွေရှိသေးတယ်.။ ပထမဆုံးဆိုတော့ တော်တော်များများ လည်းမှားတာပါပါတယ်.။

ဒုတိယတစ်အုပ်ဖြစ်တဲ့ နှင်းခချယ်ရီ လွမ်းပန်းချီ(၂) ကို.ဒုတိယနှစ်မှာရေးပါတယ်။ မန္တလေး နောက်ခံ အချစ်

ဝတ္ထုပါပဲ.။ အဲဒီစာအုပ်က ကျွန်တော်တို့အောင်စစ်သည်တပ်ခွဲအဆောင်ပြောင်းတဲ့အခါ.. စာအုပ်စင်တွေ

သယ်ရာကနေ ဘယ်သူနဲ့မှားသွားလည်းမသိပဲ . ။ ပျောက်ဆုံးခဲ့ရပါတယ်.။

       ကျွန်တော်နောက်ဆုံးရေးခဲ့တဲ့ နှင်းခချယ်ရီ လွမ်းပန်းချီ(၃) ကတော့..အားလုံးထဲမှာ အကောင်းဆုံးနဲ့

စိတ်တိုင်းအကျဆုံးလို့ပြောလို့ရပါတယ်.။ ဒါပေမယ့် အဲဒီကောင်ကလည်းကြာရှည်မခံပါဘူး.။ သုံးနှစ်သုံးမိုး

အခွေလုပ်နေတဲ့ကာလမှာပဲ.  Othello အဖွဲ့ထဲက သူငယ်ချင်းတစ်ယောက်က ငှားပြီး ပျောက်ဆုံးသွားပါ

တယ်.။ တော်တော် စိတ်တိုပြီး.. သူ့ကို ထိုးမယ်လုပ်ပါသေးတယ်။ နောက်မှာ ကံကိုသာပုံချပြီး. ။ ခွင့်လွှတ်

လိုက်ရပါတယ်.။ တကယ်ဆိုရင် ဒီစာအုပ်က အစားပြန်ဝယ်ပေးလို့မရဘူးဆိုတာ သူသိသင့်ပါတယ်.။

အဲဒီ နှင်းခ(၃) ကို ကျွန်တော် ခြေလျင်တပ်စုမှူးသင်တန်း တက်နေတုန်းက ပြန်ရေးဖြစ်ခဲ့ပါတယ်.။ပိုပြီး ပြည့်

စုံသွားပါတယ်.။ ဒါပေမယ့် ကံကြမ္မာက ဘယ်တော့မှာ မျက်နှာသာမပေးတဲ့ ကျွန်တော့် အတွက်. မပျော်နိုင်ပါ

ဘူး.။ တပ်ရှိရာ နေပြည်တော်စာတိုက်ကနေ.. ပြင်ဦးလွင်က အမေ့ဆီ ပါဆယ်နဲ့ ပို့ရာမှာ အကြောင်းကြား

လာမယူ ဆိုတဲ့စာတမ်းအနီနဲ့ စာတိုက်ကို ပြန်ရောက်လာပါတယ်.။ မိုးရေတွေစိုလို့.. မင်တွေပျံ့ကာ ဖတ်မရ

တော့ပါဘူး.။အဲဒီစာအုပ်ကို ခုထိအိမ်မှာသိမ်းထားပါသေးတယ်. ။ ကျွန်တော် အတတ်နိုင်ဆုံး Repair လုပ်ပြီး

ပုံနှိပ်ဦးမှာပါ.။ ထုတ်ဝေနိုင်သည်ဖြစ်စေ . မထုတ်ဝေနိုင်သည်ဖြစ်စေ ကျွန်တော့်မှာ စိတ်ကူးရှိပါတယ်.။

ကိုမောင်မောင်(စွယ်စုံကျမ်း) ကွန်မန့်ဘောက်မှာရေးသွားတဲ့အတွက် . ကဗျာရေးနည်း ကျူတိုလေးတွေ

စမ်းရေးကြည့်ပါဦးမယ်.။

အရေးများတဲ့ ၄လုံးစပ်ကဗျာ ရဲ့ ၄-၃-၂ ပုံစံပါ..။

၁။    ကဗျာရေး____၊ စိတ်ရှင်း_____

       ကြည်____ရွှင်ပျ ရှိပါစေ.။

၂။   မြို့ပြင်ဦး___၊ ပန်းစုံ___

      ခေါ်___ပန်းမြို့တော်။

၃။  အချိန်ကြာ_____၊ ရက်လ ____လည်း

     မ_____ရင်မှာရှိမြဲပင်.။

       ဥပမာတွေက သိပ်လွယ်နေလား မသိဘူး.။ လွယ်ပေမယ့် ဒီအတိုင်းရေးထားရင် အတွေးချော်သွားနိုင်ပါ

တယ်.။ ဥပမာတစ်ခုလောက်ဖြေပြပါ့မယ်.။

   ၁။ ကဗျာရေးရာ၊ စိတ်ရှင်းကာ

        ကြည်သာရွှင်ပျရှိပါစေ.။

           လို့ဖြစ်မှာပေါ့..။

         ရာ  ကလေး လုံးမြောက် ၊ ကာ က သုံးလုံးမြောက်နဲ့. အောက်က သာ က ၂ လုံးမြောက်ဖြစ်လို့..

၎-၃-၂ ပုံစံလို့ ခေါ်တာပါ.။

     နောက်တစ်ချိုးကူးရင်ကျတော့ ၂ လုံးဆင်ထားတဲ့ ပါဒကို ငါးလုံးအစား လေးလုံးပြန်ပြောင်းရတယ်.။

ပြီးတော့ အဲဒီ ၂ လုံးပါဒ ရဲ့ လေးလုံးမြောက်က ၄-၃-၂ ရဲ့ အစ လေးလုံးမြောက်ကာရန်ပြန်ဖြစ်သွားပြန်ရော.။

အစမ်းရေးပြပါ့မယ်.။

      ကဗျာရေးရာ ၊ စိတ်ရှင်းကာဖြင့်        (ဖြင့်က လေးလုံးစပ်ဖြစ်အောင်ထည့်လိုက်တာပါ.။)

      ကြည်သာရွှင်ပျ ၊ ကာရန်လှအောင်  (ပျ ကို ကာရံ အသစ် ယူလိုက်ပါတယ်.။)

      နှုတ်မှ ဖန်ဖန်၊ရွတ်ဆိုအံ၍

      တွေးကြံစဉ်းစားပြုရာ၏..။

(ထင်ရာမြင်ရာတွေရေးထားတာနော်.. ဘယ်သူ့ကဗျာမှမဟုတ်ဘူး..။)

         ဒီလောက်ဆိုရင် အစမ်းလေးတွေရေးလို့ရမယ်ထင်ပါတယ်.။ ဒါက ကဗျာတွေမှာ အခြေခံပါပဲ..။

   



Monday, March 19, 2012

စာပေခရီးနီးသလား...(၂)


ဗိုလ်လောင်းဘဝ ရောက်ကြသောခါ

ဗိုလ်လောင်းဘဝ ရောက်ကြသောခါ  
ပျော်ပျော်ပါးပါး ကြိုးစားကြောင်းကိုသာ
စိတ်ဓာတ်ခိုင်မာ စိတ်မှာ ရဲရင့်  
ပညာထင်ပေါ် စစ်တိုက်တော်
ကျောင်းတော်မှာ ထင်ရှားပါလို့လေး။

စစ်ချီ စစ်ထိုး ရှေးရိုးပညာ
ခေတ်သစ်ပေါင်းဖက် တိုးတက်တဲ့ စစ်ဗျူဟာ
စာပေပညာ ခေတ်မီစွာ သင်ကြား
ဟစ်ကြွေးညာကြေ တိုက်မည်စေ
စစ်မြေမှာ ရဲရင့်ပါလို့လေး  ။  

စိတ်ဓာတ်ဇွဲပြိုင် ကြံ့ခိုင်ရေးလျှင်  
သန်မာမှုပြ ကာယအား ဖွံ့ဖြိုးရန်ပင်
မြန်မြန်လျင်လျင် ရွှင်စွာအားထုတ်  
ထိုင်ထ ဖားခုန် လေထီးခုန်  
နည်းစုံစွာ လေ့ကျင့်ပါလို့လေး။

ဂုဏ်ဒြပ်မာန်သွေး စစ်ရေးပြတွင်
ယှဉ်ကာဖျဖျ စွမ်းပြကြသည်ပင်
 ပန်းပန်းပင်ပင် ကျွမ်းကျင်မှုပြ  
ရှေ့ကြည့် ဘယ်ညာ သတိ သက်သာ  
ညီညာစွာ လှမ်းတက်ပါလို့လေး။

ပြေးလျက်ကယ်ဘယ်ညာ ညီစွာနင်းတော့သည်။
တွေးလျက်ကယ်မြင်သာ ပြည်မှာလင်းတော့သည်။
             ဒီကဗျာလေးကိုတော့ ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ်နှစ်ပတ်လည်နေ့မှာရေးသားပြီး မဂ္ဂဇင်းစာမူအဖြစ်
ရွေးချယ်ခံရတဲ့ကဗျာလေးပဲဖြစ်ပါတယ်..။ တျာချင်းကဗျာအမျိုးအစားဖြစ်ပြီး..  အွန်လိုင်းပေါ်ကို.. ၂၀၁၀ ခုနှစ်
မှာ အပတ်စဉ် ၄၃ မှ နောင်တော်များရဲ့ ၄၃ယောက်မြောက် အမေ့သားများဘလော့မှာ..ဖော်ပြခဲ့ပါတယ်.။ အဲ
ဒီဘလော့မှာ ကျွန်တော့်ရဲ့နာမည်အရင်း. ဟိန်းလင်းထွန်း ဆိုတဲ့နာမည်နဲ့ ဖော်ပြခဲ့တာပါ.။(စာမူတင်တုန်းက
တော့ မုတ်သုံ(ပြင်ဦးလွင်)နဲ့ တင်တာပါ..။ ဘယ့်နှယ့်ကြောင့် ဟိန်းလင်းထွန်းပြန်ဖြစ်သွားလဲမသိပါဘူး...)
မူရင်းကဗျာလေးကိုကြည့်ချင်ရင်ဒီ နေရာမှာကြည့်လို့ရပါတယ်.။(မူရင်းကဗျာမှာ ဗိုလ်လောင်းဘ၀ တက်
ရောက်ကြသောခါ ဖြစ်နေတယ်.။ တကယ်တမ်းက ကျွန်တော်ရေးထားတာ တက်မပါပါဘူး..။ ကွန်ပျူတာ
စာရိုက်တဲ့ ဆရာသမားက ကွန့်လိုက်တယ်ထင်ပါ့.။)
         ကဗျာတွေကိုရေးသားတဲ့အခါ.. တစ်ခါတစ်ခါ ကာရံနောက်ကိုလိုက်လွန်းရင်လည်းအရေးအသားက
မလှတော့ဘူး.။တစ်ခါ ဇာတ်လမ်းနောက်ကိုလိုက်လွန်းရင်လည်း.. ကာရံက သိပ်ရှာရခက်တယ်.။ဥပမာပြော
ရမယ်ဆိုရင်. ကျွန်တော် ဒုတိယနှစ်လောက် ရေးခဲ့ဖူးတဲ့ကဗျာတစ်ပုဒ်ပေါ့..။နာမည်က စိတ်လေခြင်းတဲ့...။

စိတ်လေခြင်း..

စားပွဲတွင်ထိုင် ငုတ်တုတ်မှိုင်၍
ငူငိုင်လေးတွဲ့ ခုံကိုနှဲ့သည်
ကင်းမဲ့အာရုံ ၊ စိတ်အစုံသည်
ရှေ့ခုံစွန်းကျော် ၊ နာရီပေါ်သို့ 
လှမ်းမျှော်ကာကြည့် ၊ စိတ်ပျက်မိသည်..။

အောက်မှာကျန်သေးတယ်. သိပ်မမှတ်မိတော့ဘူး.  ။ အဲဒီတုန်းကစာမေးပွဲပြီးခါစ..။ ကျွန်တော်တို့ ဆီမှာ
စာမေးပွဲပြီးတဲ့နေ့လည်း Time Table အရ Study ထိုင်ရတော့. ။ စိတ်လေနေတဲ့အကြောင်းကိုထိုင်ရေးထား
တာ..။
          နောက်ထပ် လက်တန်းရေးတဲ့ကဗျာလေးတွေရှိသေးတယ်..။ ပထမနှစ်တုန်းက ကျွန်တော့်ကိုချစ်တဲ့
စီနီယာအစ်ကိုတွေက အခန်းကိုခေါ်ပြီး..လုပ်ပါဦးကွ တစ်ပုဒ်လောက်ဆိုရင်. ။ ပါးစပ်ထဲတွေ့တာတွေရွတ်ပြရ
တာတွေရှိပါသေးတယ်။ တစ်ခေါက်က.. တပ်စု အကြပ်ကြီးတာဝန်ကျတဲ့ ကိုစောသီဟက.. ညီလေး အစ်ကို့
အကြောင်းကို ကဗျာတစ်ပုဒ်လောက်လုပ်ပါဦးကွာ. ဆိုတော့. ကျွန်တော့်ပါးစပ်က မရှေးမနှောင်းထွက်သွား
တယ်.။
ယခင်က အကြပ်ကြီး ၊ စက်ကြီးကိုသူကိုင် 
အခန်း(၁) ညာဘက်စွန်းမှာ ၊ထောင့်ကပ်ကာထိုင်
ယခုတော့ မှိုင် ၊ စလွယ်နီ လက်ကကိုင်ပြီး
သံမြိုင်မြိုင်ခရာသောတယ်.၊ချောတဲ့ အစ်ကိုကြီး..
                 ဆိုတော့.. ။ ဆရာသမားက ကျွန်တော့်ကဗျာလေးကိုကူးသွားတယ်.။ကဗျာကအရေးများလေလေ
ကဗျာဥာဏ်က ထွက်လေလေ .. ၊လျင်မြန်လာလေပါပဲ..။လက်တန်းစပ်ဆိုတယ်ဆိုတာ အရေးများလာလို့ပါ.။
အဲဒီလိုအတိုလေးတွေအများကြီးရှိပါသေးတယ်.။
       သန်းခေါင်ပြန်နှစ်ချက်တီး၊မီးတွေကမှောင်
       ချပ်ဝတ်တွေအစုံလင်နဲ့ ၊ မျက်စိကကြောင်
       ရွှေလရောင် ၊ ၀င်းပြောင်လို့ထိန်လင်း
       ကင်းကျတဲ့ငမိုက်သားရယ်.၊ဖွလို့သာနင်း...။

         
အပေါ်က ကောင်လေးတွေက သံပေါက် သဘောမျိုးပါ.. ။ဘာညာဗျာ စုံစိနေတာပါပဲ..။ ဒါပေမယ့် ကျွန်တော့်
ကဗျာတွေက အပြင်မဂ္ဂဇင်းမှာကျတော့သိပ်မတိုးနိုင်တော့ဘူး.။ ခုခေတ်ရေစီးကြောင်းထဲကို တိုးဝင်ဖို့ခက်
သွားပြီ..။ ဒါပေမယ့် ဆောင်းပါးတို့ ၀တ္ထုတို့တော့ အလုပ်ဖြစ်ပါတယ်.။ ကဗျာကိုတော့ စစ်တက္ကသိုလ်မဂ္ဂဇင်း
မှာ နှစ်တိုင်းပါခဲ့ပါတယ်.။မြန်မာစာဌာနကကျွန်တော့်ဆရာတွေရေးထားတဲ့ ကဗျာလေးတွေ လေ့လာရအောင်
ဖော်ပြပါ့မယ်.။

အောင်စစ်သည်ဆိုတဲ့လမ်းသို့

ထိုးထားကွ . . . ထိုးထား
ကြိုးစားစမ်း ယောက်ဖ
နောက်ကောက်ချပစ်။
ပြေးထားကွ . . . ပြေးထား
သွေးသားတွေ ဘယ်မခန်း
ပန်းဝင်လေမှ။
လွှဲထားကွ . . . လွှဲထား
အတွဲများ မညီက
စစ်ရေးပြ ညံ့မည်။
ပစ်ထားကွ . . . ပစ်ထား
စစ်သားမို့ ဘာမထီ
ထိရမည် ဗဟို။
ရှင်းထားကွ . . . ရှင်းထား
လင်းသွားပြီး တောက်ပြောင်မှ
အဆောင်စစ်ကောင်းမည်။
ကျက်ထားကွ . . . ကျက်ထား
အမှတ်များ ပျံနေမှ
စာပေဆုရမည်။
ထိန်းထားကွ . . . ထိန်းထား
ယိမ်းမသွား စိတ်ဓာတ်ခိုင်မှ
လေ့ကျင့်ဆုရမည်။
ကြိုးစားကွ . . . ကြိုးစား
ရိုးသားပြီး စိတ်ဓာတ်တည်ကြည်မှ
အောင်စစ်သည်ဆုရမည်။
ဩော်
တစ်နှစ်တစ်ခါ ယှဉ်ပြိုင်နွှဲ
တစ်နှစ်ပတ်လုံး ယှဉ်ပြိုင်နွှဲ
အောင်စစ်သည် ပြိုင်ပွဲပေမို့
မယိုင်မလဲ သက်လုံမချို့
ဘက်စုံတို့တော်ပါမှ
ပျော်စရာ နောင်တစ်နှစ်ဆီ အမှန်ပ
အောင်စစ်သည်အလံရကာ
မာန်တကြွကြွ သူများရှေ့ နေရမည်မို့
ကဲ
ညီတော် နောင်တော်တို့တစ်တွေ
မချို့ပေ ဂုဏ်ရောင်သစ်စွာဖြင့်
နောင်တစ်ခေတ်မှာ ပြည်သာယာဖို့
ညီညာစွာ တူပြိုင်ကာလှမ်းစို့
အောင်စစ်သည်ဆိုတဲ့လမ်းသို့။ ။

ဥဩ(ချယ်ရီမြေ)
ဗိုလ်ကြီး အောင်မျိုးနိုင်၊ အပတ်စဉ် ၄၃
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )

      သိပ်ကိုကောင်းတဲ့ကဗျာလေးပါ.. ။ ကျွန်တော်နဲ့ သူနဲ့ စာမသင်ဖူးပါဘူး.။ဒါပေမယ့် ကျွန်တော့်ရဲ့ မြင်ဆရာ
တွေထဲက တစ်ဦးပါ.။
ညီငယ်လေးတွေကလည်းလက်စွမ်းထက်ပါတယ်.။

နောက်မဆုတ်တမ်း ရှေ့ဆက်လှမ်းမည်

ချစ်သူစေရာ တိုက်တွန်းတာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
အသည်းကွဲကာ သူပစ်ခွာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
အများသူငါ နာကြည်းတာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
ရုပ်ရှင်ကြော်ငြာ အားကျတာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။
မိဘတွေမှာ ထည့်လိုက်တာကြောင့်
ငါလျှင်လာခြင်း မဟုတ်ပါ။

ငါ့ဝါသနာ ငါစိတ်ပါပြီး
ငါ၏ဆန္ဒ ပြင်းထန်လှ၍
ငါ့ရည်မှန်းချက် နိုင်ငံတွက်ကို
သက်စွန့်ထမ်းရွက် ထိုအတွက်ကြောင့်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုကို
ခိုလှုံရန်သာ ငါရောက်လာ၏။

ပြီးလျှင်မိဘ ကြီးမားလှသော
မြတ်စွ ကျေးဇူး ဂုဏ်အထူးကို
ဆပ်ဖူးချင်သော ဆန္ဒဇောကြောင့်
ဘယ်သောခါမှ စိတ်ဓာတ်ကျသည်
ငါ့မှာမရှိ ဇွဲအတိနှင့်
ဆုံးထိပန်းတိုင် တက်လှမ်းနိုင်အောင်
ခိုင်မာမှတ်ကျောက် ငါဆက်လျှောက်မည်
နောက်သို့ မဆုတ်လေပြီတည်း။ ။

နေထွဋ်အောင်
ဗိုလ်လောင်း နေထွဋ်အောင်၊ အနော်ရထာ/၁၂၊ အပတ်စဉ် ၅၃
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ) သိပ်ကို သဘောကျတဲ့ကဗျာတစ်ပုဒ်ရှိသေးတယ်..။  လေးချိုးအမျိုးအစားပါ.. ကာရန်ယူရတာ သိပ်ခေါင်းစား
ခဲ့တဲ့ အမျိုးအစားပေါ့..။

ချယ်ရီနန်းက တက္ကသိုလ်



တကယ်အတည်လွမ်းပါဘိ ချယ်ရီနန်းက တက္ကသိုလ်…
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်က
မနက်ဆို ပီတီပြေး
ပီဘိ ကလေးတွေလို
စီနီယာ တွေကြောင့် ဖြောင့်မတ်
ဂါဒီယန်တွေ စောင့်ကြပ်ထား
လူလားမြောက်ခဲ့ရတာ မှတ်မိပါသေး။
ဘယ်ညာ ဘယ်ညာနဲ့
တွယ်တာခဲ့ရတဲ့ စစ်ရေးပြကွင်းကြီး
ဟုတ် မဟုတ်နဲ့
အလုပ်ရှုပ်ခဲ့ရတဲ့ ဘ၀တွေ မှတ်မိပါသေး။
လမ်းမညီမညာမှာ စရိုက်ဆိုးတွေအတွက်
တန်းစီကာ ဒိုက်ထိုးခဲ့ရတာ
အခန်းထဲ အိပ်ပျော်လို့
(ဆရာက… )
အရမ်းပဲ ပိတ်အော်ခဲ့တာတွေ မှတ်မိပါသေး။
တန်းစီခရာ မှုတ်လိုက်တော့
လမ်းမညီမှာ ခလုတ်တိုက်ခဲ့မိတာ
ညဘက်မှာမနှပ်ဘဲ
ထလျက်သာ ဖိနပ်ပဲ တိုက်ခဲ့ရတာတွေ မှတ်မိပါသေး။
အခါခါမရွေး အမြဲသတင်းမွှေးတဲ့
မကြာမကြာကျွေး ပဲဟင်းကလေးရယ်
အသည်းနုနုမှာ စွဲသွားလေတဲ့
ကြက်ဥနဲ့ အမဲသားတွေကိုလည်း မှတ်မိပါသေး။
အိမ်လွမ်းစရာ တံဆိပ်ဟောင်း
စိန်ပန်းပြာ နိမိတ်ကောင်းတွေနဲ့
သေလာတံတိုင်းတစ်လျှောက်
နေကြာရိုင်း ပေါက်ခဲ့တာတွေလည်း မှတ်မိပါသေး။
. . . မှတ်မိပါသေး။
. . . မှတ်မိပါသေး။
. . . မှတ်မိပါသေး။
အပေါင်းအဖော်တစ်တွေနဲ့
ကျောင်းတော်မှာ နေခဲ့စဉ်ကပေါ့
သြော်
တကယ်အတည် လွမ်းပါဘိ ချယ်ရီနန်းက တက္ကသိုလ်
ရွယ်ရည်မှန်းဆ ရက်ထိုထို။ ။

ဥသြ ( ချယ်ရီမြေ )
အောင်မျိုးနိုင်( အောင်ဆန်း )
၂၀၀၈ နှစ်လည်မဂ္ဂဇင်း            တကယ်တမ်းက လေးချိုးကဗျာတွေဆိုတာ ခုခေတ်မှာရေးစပ်သူ မရှိသလောက်နည်းပါးသွားပြီဖြစ်ပါ
တယ် .။မပျောက်ပျက်အောင်ထိန်းသိမ်းဖို့လိုပါတယ်.။ ကျွန်တော်တို့ မှာ တင်မဟုတ်ပဲ..စာပေအသိုင်းအ၀ိုင်း
က လူတိုင်းမှာတာဝန်ရှိတယ်ထင်ပါတယ်.။စစ်သားဖြစ်နေပေမယ့်. လက်ရုံးရည်ရော နှလုံးရည်ပါပြည့်ဝမှ
ခေါင်းဆောင်ကောင်းပီသပါတယ်..။ Be Physically and Mentally fit ဆိုတဲ့ ဆောင်ပုဒ် လည်းရှိပါတယ်.။
လက်ရုံးရည်သက်သက်နဲ့ ခေါင်းဆောင်လုပ်ရင်.. လက်အောက်ငယ်သားကို ရင်ဝယ်သားပမာ အုပ်ချုပ်မှုအား
နည်း ပါတယ်.။ကဲထားပါတော့.. ကဗျာဘက်ကိုပြန်လှည့်ကြဦးစို့...။ကိုအလင်းသစ်ပြောသလိုပါပဲ . ကျွန်တော်
လည်း ဒီဘလော့မှာ တစ်ခြားအကြောင်းတွေ မရေးချင်ပါဘူး.။ ဒါပေမယ့် ကျွန်တော့် ဖြတ်သန်းခဲ့တဲ့ သမိုင်းစာ
အုပ် ပါးပါးလေးတစ်အုပ်လုံးနဲ့.စာပေခရီးလမ်းတစ်လျှောက်လုံးက.. စိန်ပန်းပြာတက္ကသိုလ်မှာအများဆုံး ဖွဲ့
တည်နေခဲ့လို့ပါ...။
ဆက်လက်ဖော်ပြပါမည်..။


          



Saturday, March 17, 2012

စာပေခရီးနီးသလား...(၁)

      စာပေခရီးနီးသလား..  လို့ခေါင်းစဉ်တပ်လိုက်တော့ စာပေ ပါရဂူကြီးစတိုင်ဖြစ်သွားမလားမသိဘူး.။ ဟဲဟဲဘယ်နေရာမဆို ခပ်ပါးပါးလောက်ပဲသိတဲ့ တောင်စပ်စပ်မြောက်စပ်စပ်တွေထဲက စာစပ်စပ်လေး
တွေနဲ့ ပတ်သတ်ခဲ့မှုလေးတွေကို စကားစမြည်သဘောမျိုးလေးပြောပြချင်လို့ပါ..။

ကဗျာတွေဆိုတာ..
       ကဗျာတဲ့..။ ဘာလဲကဗျာ.။ ဆယ်တန်းတုန်းကတော့မြန်မာစကားပြေစာအုပ်ထဲက.ဆရာကြီးဦးဖေမောင်
တင်ရဲ့ မြန်မာစာအရေးအသားတိုးတက်စေနည်းထဲမှာ ပါတဲ့ ခက်ဆစ်တစ်ခုကိုကျက်ခဲ့ရတယ်.။ကဗျာ. စာလုံး
အကန့်အသတ်၊ကာရန်အချိတ်အဆက် တို့ဖြင့်စနစ်တကျ ဖွဲ့စည်းထားသော ပုဒ်အစုအပေါင်းကို ကဗျာဟုခေါ်
သည် တဲ့.(အတိအကျတော့ဟုတ်လောက်ဖူးအသက်ကြီးပြီဆိုတော့ မေ့ပြီဗျာဒါပေမယ့် အဲဒါနဲ့နီးစပ်ပါတယ်)
ဆရာကြီးဦးဖေမောင်တင်ဆိုတာက မြန်မာ့စာပေလောကမှာ တော်တော်ကို ကြီးမားတဲ့အခန်းကဏ္ဍကပါဝင်ခဲ့
တဲ့သူဆိုတာ ပြောစရာမလိုဘူး.။မြန်မာစာ လောကမှာ ဆရာကြီးတီထွင်ခဲ့တဲ့စကားလုံး တွေအများကြီးပါပဲ.။
ဥပမာပြောရရင်ခုခေတ်တက္ကသိုလ်ဆိုတဲ့စကားလုံးကို ဆရာကြီးထွင်ခဲ့တာပါတဲ့.။Taxila (အတတ်ပညာပေါင်း
စုံသင်ကြားနိုင်သော တက္ကသိုလ်ပြည်ကနေ နာမည်ယူထားတာ)ဆိုတဲ့စကားလုံးကို မြန်မာ့ပညာရေးဝန်ကြီး
အင်္ဂလိပ်လူမျိုးနဲ့ညှိပြီးသတ်မှတ်ခဲ့တာပါတဲ့.။နောက်ပြီး ဆရာကြီးက ခရစ်ယာန်ဘာသာဝင်ဖြစ်ပေမယ့် ဓမ္မပဒ
ကို မြန်မာလိုဘာသာပြန်ပေးခဲ့ပါသတဲ့.။ အော်..ပြောရင်းနဲ့စကားလမ်းကြောင်းတွေကလွဲကုန်ပြန်ပါပြီ..။ပြော
ချင်တာက ကဗျာ အကြောင်း..။
     ဘလော့ဂါ အတော်များများက ကဗျာရေးဖူးကြတယ်.။ကဗျာ ဆိုတာ အမျိုးမျိုးသောကဗျာတွေပေါ့ဗျာ.။
ရှေးပုံစံ တျာချင်း၊အိုင်ချင်း.၊ လေးချိုး ၊ ဒွေးချိုး ပုံစံအနည်းစုနဲ့မော်ဒန်ကဗျာတွေ ကိုလည်းရေးကြပါတယ်.။
ဒါပေမယ့် ရှေးပုံစံကတော့အနည်းစုပေါ့...။အဲဒီတော့ နောက်ပိုင်းရေးတဲ့ကဗျာများထဲက မော်ဒန်ကဗျာကိုပိုရေး
တာများပါတယ်.။ ဒီမော်ဒန်ကဗျာတွေကို တစ်ချို့လူတွေကလက်မခံကြဘူး.။ ဒါပေမယ့် မော်ဒန်ကဗျာတစ်ပုဒ်
ဖြစ်လာဖို့ . ဘယ်လောက် နက်တဲ့စာသားတွေ ပါသလဲ ဆိုတာ ခံစားတတ်တဲ့သူကပဲသိပါတယ်.။ထားပါတော့
လေ.။ကျွန်တော်နဲ့ အဲဒီကဗျာ တွေနဲ့ ဘယ်လို သိကျွမ်းခဲ့သလဲ ဆိုတာကို စပြီးမိတ်ဆက်ပါ့မယ်.။

ရေးထုံးအချို့နှင့် နမူနာအချို့..
    ကျွန်တော်ပထမဆုံးစရေးတဲ့ကဗျာလေးက.. ပန်းတိုင်ဆိုတဲ့ကဗျာလေးပါ..။၈ တန်းနှစ်က ထင်ပါတယ်.။
ကန္တာရလမ်း၊ခရီးကြမ်းဝယ်
စိမ်းလန်းသစ်ပင်၊တို့မမြင် 

သီတာရေအေး၊ တစ်ပေါက်လေးကို
နှုတ်ချိုမြမြ ၊သောက်လိုကလည်း 
နည်းမျှချွေတာ ၊သောက်ရရှာသည်
ကန္တာခရီးကြမ်းသောကြောင့်..။
 ဘာညာပေါ့ဗျာ..။ တကယ်တမ်းက ကျွန်တော်အဲဒီအချိန်မှာ ကဗျာကိုဘယ်လိုရေးရမယ်.။ဘယ်လိုကာရန်
တွေသုံးရမယ်.. ဘာညာဆိုတာ လုံးဝမသိသေးဘူး.။ကဗျာတွေအဖတ်နာထားတဲ့အတွက် နည်းနည်း အံဝင်
နေတာ.။ ဒါပေမယ့် .ဒုတိယအပိုဒ်အစက ကို နဲ့ ချို နဲ့က မူရင်းရေးထုံးနဲ့လွဲနေတာကိုတွေ့ရပါတယ်.။အဲဒီအ
ချိန်မှာ အိမ်ကအဖေက အမေ့ကိုပေးဖူးတဲ့ကဗျာလေးကိုဖတ်မိတယ်.။ (ပြန်မပြောနဲ့နော်..)
ဆင်းသန့်လဲ့ကြည်
ပန်းနှင်းဆီသို့
ထုံရည်ပျံ့သင်း
ချစ် ခြင်း မေတ္တာ
ချစ်ကမ္ဘာလေး
လှမ်းမ ဝေး အောင်
လွမ်း တေးသစ္စာဆိုနေမယ်..။     တဲ့.
ကြည့်စမ်း လှလိုက်တာ.။ သိပ်ကိုသဘောကျသွားတယ်.။ ၈ တန်းပြီးတော့ ကိုးတန်းတက်မယ့်အချိန်မှာ ကိုး
တန်းကိုနွေရာသီကျူရှင်ယူတယ်.။ အဲဒီမှာ မြန်မာစာဆရာမက Course အစောကြီးပြီးသွားလို့ ကျွန်တော်က 
ကဗျာရေးသင်ခိုင်းတယ် .။ ဆရာမက ကျွန်တော်တို့ကိုစနစ်တကျ ပြန်သင်ပေးပါတယ်.။Example လေးတွေ
နဲ့ပေါ့.။၎-၃-၁ ကာရန်နဲ့ ၄-၃-၂ ကာရန် ဆိုပြီး ၂ မျိုးရှိတဲ့အကြောင်းနဲ့ ၄-၃-၂ က ပိုပြီးတော့ ဖတ်ရတာ ချောတဲ့
အတွက် အရေးများကြောင်းရှင်းပြတယ်.။၎-၃-၂ ဆိုတာက.. ပထမပါဒရဲ့ ၄ လုံးမြောက် စာလုံး ၊ ဒုတိယ ပါဒရဲ့
၃ လုံးမြောက်စာလုံးနဲ့. တတိယပါဒရဲ့.. ၂လုံးမြောက်စာလုံးတို့ ကာရန်ထပ်တာကိုဆိုလိုတာပါ.။ ဥပမာပြောရ
ရင်...
တို့ရွာက လေး၊လရောင် ဖွေး
ချမ်း အေးသာယာစွာ..။

ဗုဒ္ဓဘာသာ၊သာသနာ
ရောင်ဝါ နေသို့လင်းစေသော်

ငါတို့ဆရာ၊ ပညာ ပြ
အာလူသားပေ.။
(တတိယပိုဒ်မှာ ဆရာ ဆိုတာကိုတစ်လုံးတည်းအဖြစ်သတ်မှတ်ပါတယ်.။)

ထပ်ပြီးတော့. အလုံးများကိုထပ်ဆက်ခြင်းအားဖြင့် ကဗျာပိုဒ်တွေဖြစ်လာပါတယ်.။ ကျွန်တော်ပါဒတွေထပ်တိုး
ပါ့မယ်..။
မောဟိုက်ပင်ပန်း ၊ကိုယ်စိတ် နွမ်းသည့်
သင်တန်းကာ၊ ကြမ်းရှရှတွင်
ကင်းကျ သော ၊လွမ်းခဲ့သည်.။
          ဖတ်တဲ့လူတွေအားလုံးရဲ့ စိတ်ထဲမှာ ဒီလိုပုံစံမြင်ဖူးတယ် လို့ ထင်နေပါလိမ့်မယ်.။ ဒီပုံစံကတော့ခေတ်
စမ်းလင်္ကာတွေမှာအရေးများတဲ့. လေးလုံးစပ်ကဗျာလို့ခေါ်ပါတယ်.။ ဖတ်ရတာ အင်မတန်သွက်ပါတယ်..
ကိုယ့်ဖာသာ စမ်းရေးလို့သိပ်ကောင်းပါတယ်..။ ကျွန်တော်အများဆုံးရေးခဲ့တာလဲ ဒီလို ကဗျာလေးတွေပါပဲ.။

တီထွင်မှုတွေ...
ဒီကဗျာတွေရဲ့နောက်မှာ..နောက်ထပ် စွန့်ဦး တီထွင်မှုတွေထွက်လာတယ်..။ အဲဒါက ပန့်ခ်ကဗျာလို့ပြောရမယ်
ထင်တယ်.။ လေးလုံးစပ်တွေကို ခေတ်နဲ့ အညီ မြှင့်တင်လိုက်တာပါ.။စကားလုံးအကန့်အသတ် Lawတစ်ခု
လုံးကို ပယ်လိုက်တယ်.ဘယ်လိုဟာတွေလဲဆိုရင်ဥပမာ..
ကြေကွဲဆိုနင့်၊သက်မပင့်လို့ 
လေလွင့်အာရုံ ၊ စိတ်အစုံတွင် 
မှုန်တွေငေးမော၊ဆန္ဒဇောနှင့်
ရောနှောခြယ်ကင်း၊ရှင်းရှင်းမျက်နှာ
စွဲလန်းခဲ့တာကြာပါပြီ..။
ဆိုတာမျိုးကို...
ကြေကွဲဆို့နင့် ၊ သက်မကိုပင့်လို့
လေလွင့်အာရုံ ၊စိတ်အစုံထဲမှာလေ....
တွေဝေငေးမော၊ဆန္ဒဇောတွေနဲ့.
ရောနှောမှုန်ခြယ်ကင်းတဲ့၊ ခပ်ရှင်းရှင်းနင့်မျက်နှာ
စွဲလန်းခဲ့တာကြာခဲ့ပါပြီမေရယ်..။
ဆိုပြီးဖြစ်သွားတယ်.။  ကာရန်မမိဘူးလားဆိုတော့ မိတယ်..။ဒါပေမယ့် စကားလုံးကန့်သတ်ချက်ဆိုတဲ့ 
Rule ကိုဖယ်ပြီးရေးလိုက်တဲ့အတွက်. စည်းချက် နဲ့ဆိုရမယ့် ဘောင်ထဲကလွတ်ထွက်သွားတယ်.။ ပေါ့ပါးပြီး
ခံစားချက်ကို တိုက်ရိုက်ထိတယ်.။ ဟိုတစ်လောက အစ်ကို အလင်းသစ် ရေးထားတဲ့ ရေသေအိုင် က အဲဒီလို
ကဗျာမျိုးပါ.။စကားလုံးလေးတွေရွေးထားတာသိပ်ကိုလှတယ်.။
       ကျွန်တော်ဆယ်တန်းနှစ်မှာ အိမ်ကို စာရေးတယ်.. ။ လေးချိုးကဗျာတစ်ပုဒ်ပေါ့.။စမ်းရေးကြည့်တာပါ.။
မှတ်တော့ ကောင်းကောင်းမမှတ်မိတော့ဘူး.။ နောက်ပိုင်းမှသိရတာ ကျွန်တော်ရေးတာ အမှားတွေသိပ်များ
နေတယ်.။ ပထမနှစ်မှာ နံရံကပ်စာစောင် ပြိုင်ပွဲဝင်တယ်.။ ကျွန်တော်ပိုဒ်စုံရတု ရေးတယ်.။ နာမည်က 
လျှံစည်ဘုန်းမော်၊တို့ကျောင်းတော် ခေတ်သစ်ရတု ဆိုတဲ့နာမည်ပါ.။ ရတု ကဘာကွာလဲ ဆိုတော့.. ဘွဲ့ကို
ရည်ညွှန်းရတာဖြစ်တယ်.။ ဘုန်းတော်ဘွဲ့ ၊နွေဘွဲ့ ၊ မိုးဘွဲ့  ၊ တောတောင်ဘွဲ့ပေါ့ဗျာ. ။သူ့ရဲ့အရည်အချင်းကို
ပေါ်အောင်ရေးသားရတာဖြစ်ပါတယ်.။ ရတုမှာ သုံးပိုဒ်နဲ့ အထက်ရတုကို ပိုဒ်စုံရတုလို့ခေါ်ပါတယ်.။ သုံးပိုဒ်စ
လုံးရဲ့  ပထမဆုံး ပါဒတွေညီရင် အချီညီလို့ခေါ်ပါတယ်.၊ပါဒအရေအတွက်တွေတူရင်လည်းပါဒညီလို့ခေါ်ပါ
တယ်.။ နောက်ဆုံးပါဒတွေ ညီရင်လည်း. အချညီ လို့ခေါ်ပါတယ်.။ ကျွန်တော်ရေးခဲ့တဲ့ ပိုဒ်စုံရတုမှာ..
လျှံစည်ဘုန်းမော် ၊....၊ပုဂံပြည်လုံးကျော် ၊ ....၊ ၊ ကြံစည်ဦးနော်..၊..  ၊ မှန်တည်ကုန်းတော်၊ ... အစရှိတဲ့ 
အချီပိုဒ်တွေညီပါတယ်..။ ၁၃ပါဒစီ ပါဝင်တာလည်း တူညီခဲ့ပါတယ်.။ တန်ဆောင်ထီးထီးပေါက်စေသော်.၊..။
အရောင်ညီးညီးတောက်စေသော်.၊ အမှောင်ပြီးစီးပျောက်စေသော်.. ဆိုတဲ့ အချပိုဒ်တွေလည်းညီပါတယ်..။ 
အချီညီ ၊ အချညီ ၊ပါဒညီ ပိုဒ်စုံရတု လို့ခေါ်လို့ရပါတယ်.။ ဒါပေမယ့် ကံဆိုးမိုးမှောင်ကျပြီး.. ပထမနှစ်က ရေးခဲ့
တဲ့ပိုဒ်စုံရတုလေးက.. နံရံကပ်စာစောင်တွေထဲကနေ ပစ်လိုက်တဲ့စာရွက်တွေထဲ ပါသွားတာလား..ဘာလား
မသိရပဲ.. ။ ပျောက်ခြင်းမလှ ပျောက်သွားပါတယ်.။

ဝင်းမြင့်သန်း(မကွေး)နဲ့တွေ့ဆုံခြင်း..
 လျှံစည်ဘုန်းမော် ၊ သောင်းထိပ်ကျော်၍ ၊ကျောင်းတော်ဂုဏ်မြင့် ၊သရေတင့်စေ. ၊ .. ဘာညာ.(မှတ်မိတော့ဘူး
ဗျာ.. ရေးတာတွေက များတော့ ရှုပ်ကုန်ပြီ..)ဒုတိယနှစ်မှာ ရေးတဲ့ကဗျာက.. စစ်တက္ကသိုလ်ကျောင်းမဂ္ဂဇင်း
မှာပါခဲ့ပါတယ်.။ ဗိုလ်လောင်းဘ၀ရောက်ကြသောခါ တျာချင်းပါ..။ သူက ညောင်ရမ်းခေတ်စတိုင်ပါ..။ကျွန်
တော်တို့ဝန်ကြီးပဒေသရာဇာ ရေးခဲ့တဲ့. နွေဦးကာလ ၊မြူထသောခါ တို့.၊ ၀ဿန်ကာလ ၊ မိုးကျတည့်လျှင်တို့
လိုမျိုးပါပဲ.။ အဲဒီအခါမှာ..ကျွန်တော်လေးစားရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ပုံလေးကို ပြောပြပါ့မယ်။
အဲဒီကဗျာရေးတုန်းက ကျွန်တော် ကာရန်ရှာမရတဲ့နေရာတစ်ခုကို ကျွန်တော့် ဖွက်ထားတယ်.။အလွယ်တကူ
မသိနိုင်တဲ့ နေရာတစ်ခုပေါ့ဗျာ.။ အဲဒါကျွန်တော်တို့အနော်ရထာတပ်ရင်း ဘုတ်မှာကပ်ထားတဲ့အခါ.. ။ အောင်
ဇေယျဖက်က ကျွန်တော်တို့ အပတ်စဉ်သူငယ်ချင်းတစ်ယောက်က လာဖတ်နေရင်းချက်ချင်းပဲ.။ မိုးသက် မင်း
ကဗျာက ဒီနားလေး လွဲနေတယ်ထင်တယ်ကွ...တဲ့.။ကျွန်တော့်ကိုတော့ ကျွန်တော်တို့ အပတ်စဉ်ကလူတော်
တော်များများသိကြပါတယ်.။ ကျပန်းစကားပြောပွဲတွေမှာ ကျွန်တော်တက်တိုင်း ပွဲဆူအောင်ပွဲကျအောင်လုပ်
လေ့ရှိလို့ပါ..။ အဲဒီမှာ ကျွန်တော် နဲနဲ တင်းသွားတယ်..။ ဒီကောင်ကဘာလဲပေါ့..။ အသက်ကလည်းငယ်သေး
တော့ ကိုယ့်ကိုယ်ကို သွေးနားထင်ရောက်နေတာလဲပါမှာပေါ့ဗျာ.။ ကျွန်တော်မျက်နှာပျက်သွားတာကိုတွေ့
တော့ သူက . အော်သူငယ်ချင်း.. မင်းလည်း ငါ့ကဗျာကို လာအားပေးပါဦး ဆိုပြီး သူတို့အောင်ဇေယျတပ်ရင်း
ရဲ့ ဘုတ်ကို ခေါ်သွားတယ်.။သူရေးထားတဲ့ကဗျာကို ပြတယ်.။ လားလား.. ဆရာသမားက ရေးထားတာ 
ကာချင်း ကဗျာဗျာ..။ လူတော်တော် ကျွတ်သွားတယ်.။စကားလုံးတွေသုံးထားတာ တကယ်ဗျာ.။ လက်လန်
တယ်.။ ကျွန်တော်သူ့ကိုတစ်အံ့တစ်သြပြန်မေးရတယ်.။ မင်းအပြင်မှာရေးဖူးသလားဆိုတော့ သူက နိုင်ငံဂုဏ်
ရည်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ်ဆုရှင်တစ်ဦးဖြစ်ကြောင်း. ပြောမှ လေးစားစွာ နှုတ်ဆက်မိပါတယ်.။ ကျွန်တော်
လည်းသူ့ကိုပွင့်ပွင့်လင်းလင်းဝန်ခံတာပေါ့.။ကျွန်တော်က ဘော်လန်တီယာ ရေးတဲ့သူတစ်ဦးဖြစ်တဲ့အကြောင်း
နဲ့ သူ့ကို အင်မတန်လေးစားပါတယ်ဆိုတဲ့အကြောင်း..။
       နောက်တော့ သူနဲ့ပြိုင်ဘက်တွေလို ဖြစ်လာတယ်.။ ဒါပေမယ် ပုဂ္ဂိုလ်ရေးအရတော့ သူ့ကို အတော်ကို
လေးစားပါတယ်. ။ သူက ကဗျာအမျိုးအစားတော်တော်များများကိုရေးတတ်ပါတယ်.။ဒါပေမယ့် ကျွန်တော်
က မဂ္ဂဇင်းမှာဆောင်းပါးတစ်ပုဒ်ထပ်ပါသေးတာနဲ့.. ကျပန်းစကားပြောနဲ့ စကားရည်လုပွဲအတွက် Editing 
လုပ်ပေးတာ အားထည့်လိုက်တာကြောင့်.ကျွန်တော်တို့တပ်ရင်းအနိုင်ရခဲ့ပါတယ်.။ မနိုင်ရှိရိုးလား. ကာတွန်း
နဲ့ပန်းချီ.ကို ကျော်ဇေယျာလွင်. တို့ ဆရာတစ်စု..၊ကဗျာနဲ့ စာမူတည်းဖြတ်က ကျွန်တော်.. ။ အပြင်အဆင်ပိုင်း
ကို လည်း တပ်ခွဲလိုက်က သပ်ရပ်သူ တွေ ပေါင်းပြီးလုပ်ပေးတာဖြစ်ပါတယ်.။ ကျွန်တော့်အပိုင်းက သိပ်အား
မပါပေမယ့်.။ ပန်းချီမှာ ကျော်ဇေယျာလွင်တို့ရှိတာက ကာတွန်းအမှတ်နဲ့ သရုပ်ဖော်ပန်းချီအမှတ်ကို အပြတ်
အသတ်နဲ့နိုင်ခဲ့တာပါ.။ စကားရည်လုတို့ ကျပန်းတို့ကတော့..တော်တော်ကို အားထည့်လိုက်ရပါတယ်.။ 
ကျော်ဇေယျာလွင့်လက်ရာလေးတွေကိုကြည့်ချင်ရင် ဒီပို့စ်မှာပြန်ကြည့်လို့ရပါတယ်..။
ဆက်လက်ဖော်ပြပါမည်..
        




Wednesday, March 14, 2012

ရင်နာခဲ့ရတဲ့နေ့

           စိတ်ထဲမှာတော်တော်ကို မခံစားနိုင်လို့ ရေးလိုက်တာဖြစ်ပါတယ်..။ ဘယ်သူမှ မရေးသေးဘူးလို့ထင်မိ
ပါတယ်..။ မနေ့က မတ်လ (၁၄) ရက်နေ့ပေါ့..။ သိပ်ကိုထူးခြားတဲ့နေ့ပါ..။ ၀န်ထမ်းတွေ ထောက်ပံ့ကြေးတိုးတဲ့
နေ့၊ ၂သိန်းတန်ဖုန်းတွေချထားပေးတဲ့နေ့ ၊ မြန်မာ့ရုပ်မြင်သံကြားကနေ အန်တီစု စကားပြောတဲ့နေ့.၊ဘင်္ဂလား
ဒေ့ရှ်နဲ့ မြန်မာရေပိုင်နက် ကိစ္စ အဆုံးအဖြတ်ပေးမယ့် နေ့ ...အဲဒီနေ့ မှာ မနက်ခင်းနိုးကတည်းက စိတ်ဝင်စား
နေတာကဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ အဆုံးအဖြတ်ပေးမယ့်ကိစ္စပါ..။ဝန်ထမ်းတွေထောက်ပံ့ကြေးတိုးတာ ကိုယ်
မပါပေမယ့်.. မုဒိတာပွားပြီးသွားပြီ.။ ၂ သိန်းတန်ဖုန်းတွေထုတ်ပေးတာလဲ ကြိုသိပြီးသွားပြီ..။ အန်တီစုပြောတဲ့
စကားလည်း Facebook မှာနားထောင်ပြီးသွားပြီ။သိပ်ကိုသိချင်နေတာစိတ်ဝင်စားနေတာစိတ်လှုပ်ရှားနေတာ

က..မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ကိစ္စပါ.။မရှုံးနိုင်ဘူးလို့ကိုယ့်ကိုယ်ကို ယုံကြည်ထားမိတယ်။ဘာဖြစ်လို့လဲ
ဆိုတော့ အဲဒီ နေရာတွေ အဲဒီ နေရာမှာရှိတဲ့လ်ုကွက်တွေက ကျွန်တော်တို့ဘက်က အစဉ်အဆက်လုပ်လာတဲ့
နေရာတွေဖြစ်လို့ပါ.။ စာသင်ခန်းက ပြ န် လာတော့ ထူးခြားတဲ့နေ့မှာပဲ ထူးခြားစွာ.ပရော်ဖက်ဆာကြီး အတန်း
ကမရှိဘူး.။ အတန်းက ပြန်ရောက်ရောက်ချင်း.. Facebook ဖွင့်လိုက်တယ်..။ လင့်ခ်တွေပလူပျံနေတယ်..။
ဆဲသံဆိုသံ တွေညံနေတယ်.။ မြန်မာရှုံးသွားပြီတဲ့..။ အံ့သြခြင်းကြီးစွာနဲ့.. လင့်ခ်တစ်ခုကိုဝင်လိုက်တယ်.။
ဒါပေမယ့် အဲဒီအချိန်မှာ.. မသိတဲ့သူက မသိကြသေးဘူး.။ ပလူပျံနေတယ်ဆိုတာ ကျွန်တော်တို့ ဂရုထဲမှာ
ပြောတာပါ.။လင့်ခ်တစ်ခုကိုဝင်လိုက်တယ်..။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနရဲ့ သတင်းဆိုက်ပါ...။

 ကျွန်တော်ဝင်တဲ့အချိန်မှာ Like လုပ်တဲ့သူ တစ်သိန်းကျော်နေပြီ..။































အဲဒီမှာတွေ့လား..
      ရင်နာဖို့ကောင်းတာက အဲဒီအချိန်မှာ ကျွန်တော်တို့ရွှေ တွေဖက်က ဘယ်သတင်းဌာနကမှ မတင်သေး
အချင်းချင်း စိတ်ဓါတ်ပြင်းတဲ့သူတွေလောက်ပဲ...လင့်ခ်တွေဝေကြ ဆဲကြဆိုကြ..။နဲ့သိလာတာပါ..။ ကျွန်တော်
ဖေ့စ်ဘွတ်အကောင့်ထဲကသူငယ်ချင်း တစ်ဦး.(မြန်မာနိုင်ငံက..) ကိုလှမ်းအကြောင်းကြားတယ်.။ သူငယ်ချင်း
မြန်မာ တွေဘင်္ဂလားဒေ့ရှ်ကို ရှုံးသွားပြီ ဆိုတော့.. သကောင့်သားက ဟေ. ကျော်ကိုကို မပါဘူးလားတဲ့..။
ကျွန်တော် စိတ်တိုပြီး CPUပုံးကို ခြေထောက်နဲ့ ဆောင့် ကန်မိတယ်ဗျာ..။ သူများနိုင်ငံက Like လုပ်တာ
၁၀၀၀၀၀ ကျော်နေတဲ့အချိန်မှာ.. ကျွန်တော်တို့က.. ဘာဆိုဘာမှ မသိကြသေးဘူး.။ (ဒီစာရိုက်နေရင်းနဲ့
တောင်..ကျွန်တော်လက်တွေဆတ်ဆတ် တုန်နေတာ..။စိတ်တိုလွန်းလို့..။ )
         ကျွန်တော်ဒီဘလော့ကို တစ်ခြားအကြောင်းမရေးဘူးလို့ ပြောပေမယ့် ဒီကိစ္စကိုတော့.. ကျွန်တော်ဘယ်
လို မှ မခံစားနိုင်လို့ ညီအစ်ကိုမောင်နှမတွေဆီ ရင်ဖွင့်တာလို့ သဘောထားပေးပါဗျာ.။ ရင်ထဲမှာတကယ်ကို
နာတယ်ဗျာ..။လူမျိုးစွဲ မထားပါဘူး..။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ မြေ မိုင်ပေါင်းများစွာ သူတို့လက်ထဲပါသွားတော့
တကယ်ကို မချိဘူးဗျာ.။ ရေနံသိုက်တွေ .၊ သဘာဝ ဓါတ်ငွေ့သိုက်တွေ ပါသွားတယ်.။ တကယ်တမ်းသူတို့
တောင်းဆိုထားတာက ရေမိုင်ပေါင်း  ၁၀၇ ၀၀၀ ပဲ တောင်းဆိုထားပေမယ့်.. ။ ကျွန်တော်တို့ တကယ်တမ်း
ပေးလိုက်ရတာက..၁၁၁ ၀၀၀ ရေမိုင်အထိရသွားပါတယ်.။မြန်မာ့ရေမြေကို မတရားသောနည်းနဲ့. ရယူပြီး  ၊ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကိုစော်ကားလိုက်တာပါ..။ မြန်မာ့သမိုင်းမှာဒါဟာအမည်းစက်တစ်စက်ပါပဲ.။

ကျွန်တော် မချင့်မရဲဖြစ်မိတာက.. ဘာဖြစ်လို့များ .မီဒီယာတွေအနေနဲ့ ဒီကိစ္စကို မဖော်ထုတ်ခဲ့ကြတာလဲ.။ 
ဘာလို့များ မဖော်ပြခဲ့ကြတာလဲ.။ အပေါ်ကပုံကိုကြည့်လိုက်တိုင်းရင်နာတယ်ဗျာ.. ။သူတို့နိုင်ငံမှာ အောင်ပွဲ
ခံနေမယ်လို့ထင်တယ်.။ ကျွန်တော်တို့ကတော့ တက်တစ်ခေါက်ခေါက်နဲ့...  ငိုတဲ့သူကငိုကြတယ်.။ဒါပေမယ့်
မသိတဲ့သူကလည်း လုံးဝကိုမသိသေးဘူး. အဲဒါတော့ လုံးဝ မဖြစ်သင့်ပါဘူး..။လူမျိုးစွဲ မထားပါဘူး.။လူတိုင်း
ကို မြန်မာနိုင်ငံကနေ မိတ်ဆွေအဖြစ် နွေးထွေးစွာကြိုဆိုပါတယ်.။ဒါပေမယ့် မြန်မာ့ရေမြေနဲ့..၊ မြန်မာ့ အမျိုး
သားရေးကို တော့ မထိခိုက် မစော်ကားပါနဲ့..။အဲဒါဆိုရင်တော့ ဘယ်သူ့ကိုမဆိုရန်သူအဖြစ်သတ်မှတ်မှာပါ.။
ကျွန်တော် ဒီပို့စ်လေးကို တဂ်ပို့စ်လေးလုပ်ထားပါတယ်.။ ကျွန်တော့်စိတ်ထင်ဘယ်သူမှ ရေးချင်မယ့်ပုံမပေါ်
ပါဘူး.။ မရေးလည်း ဘာမှ မဖြစ်ပါဘူး..။ကျွန်တော်ကတော့...အရင် မြစ်ဆုံကိစ္စလိုပဲဖ်ာထုတ်သင့်တယ်လို့
ထင်ပါတယ်.။ဖြစ်နိုင်ရင်.. ညီအစ်ကိုမောင်နှမတွေ အနေနဲ့ . ဒီကိစ္စလေးအပေါ် အမြင်လေး တွေသိချင်ပါ
တယ်. ။သီးသန့် မတဂ်တော့ဘူးဆိုပေမယ့်..။ အမျိုးသားရေး အတွက် မိမိရင်ထဲမှာ ခံစားရတာလေးတွေရှိ
ရင် သိချင်ပါတယ်.။ကျွန်တော်တစ်ယောက်တည်း ရဲ့အမြင်က မှားကောင်းမှားနေနိုင်ပါတယ်.။ ဒါပေမယ့်
အားလုံးရဲ့ အမြင်တွေကို..သိရခြင်းအားဖြင့်.. မှန်ကန်တဲ့.. ခံယူချက်တစ်ခုကို ကောက်နှုတ်နိုင်မယ်လို့ 
မျှော်လင့်ပါတယ်..။ 
      အားလုံးကို အလုပ်ပေးတာမဟုတ်ပါ..။ ကျွန်တော်ကတော့. တွေးမိတိုင်းအံကြိတ်မိတုန်းပဲ..။ 
(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။
(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။
(၃) တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..။

မေတ္တာရပ်ခံထားတဲ့သူတွေက..
ကိုအလင်းသစ် ၊ကိုမောင်မောင်(မြစ်ဆုံ)(အစ်ကိုကရေးထားပြီးသားထင်တယ်..)၊ အစ်ကိုရင်ဆူး
အစ်ကိုစိုင်းစိုင်း၊အစ်ကိုလွင်ပြင်လှိုင်းငယ်၊ညီလေး ချော့ကလတ်ကျူးပစ်လေး.၊ညီလေး လက်ဝဲ၊
အစ်ကို.₭Ǿ2၊အစ်ကို မောင်(စွယ်စုံကျမ်း)၊ညီလေး နွေလ၊ညီလေးသီဟလုလင်
အစ်မမြတ်ကြည်(သနပ်ခါးမေ)၊အစ်မချိုချဉ်(Candy)
မဒိုးကန်နဲ့ကိုရင်(တစ်ယောက်ယောက်ရေးပေါ့.)၊အစ်မဂျက်စမင်၊အစ်မအိန်ဂျယ်လှိုင်၊ညီမလေးသမီးစံ
အစ်မချစ်စံအိမ်၊အစ်မ Snow May ၊ အစ်မ ဆုမြတ်မိုး၊ အစ်မ ဂျယ်ရီပစ်ပစ်၊အစ်မ မြတ်ပန်းနွယ်၊အစ်မ 
မေသဇင် ....
အန်တီတင့်ကတော့. လူကြီးဖြစ်နေလို့..  ကျွန်တော် မတောင်းဆိုချင်ပါဘူး.. ။ စိတ်ရှုပ်အောင်လုပ်သလို ဖြစ်
မှာစိုးလို့ပါ.။  
ကျန်ခဲ့တဲ့သူတွေရှိရင်လည်း တောင်းပန်ပါတယ်ဗျာ.. စိတ်ကတော်တော်ကို တိုနေလို့ပါ..။ကိုယ့်ဖာသာတဂ်
ပြီးရေးပေးကြပါ.။ စိတ်ထဲမှာရှိသလောက်ပေါ့ဗျာ.။ ဒီကောင် ဒုက္ခပေးတယ်ကွာလို့တော့မသတ်မှတ်ပါနဲ့

နော်..။ စိတ်ထဲမှာ မချိလွန်းလို့ပါ..။ အားလုံးကိုကျေးဇူးတင်ပါတယ်.။


 



Monday, March 12, 2012

ဘယ်လိုပုံသွင်းကြမလဲ..

ကျွန်တော်ငယ်ငယ်ကလူမှန်းသိတတ်စအရွယ်ကပေါ့ဗျာ။အမေကသူများအသတ်ကိုမသတ်ရဘူး၊ သူများပစ္စည်းကိုပိုင်ရှင်မသိပဲမယူရဘူး၊ သူများ အိမ်ယာ မပြစ်မှားရဘူး၊ သေရည်သေရက်ကို မသောက်သုံး ရ
ဘူး ၊ လိမ်မပြောရဘူး ၊ အစရှိတဲ့ ဗုဒ္ဓဘာသာတို့အခြေခံ ငါးပါးသီလကို စသင်ပါတယ်.။ ကျွန်တော်မှ ထူးခြားပြီး
သင်တာ မဟုတ်ပဲ. မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်အားလုံးကလည်း ဒီလိုပဲဆိုတာ.မေးစရာမလိုတဲ့ မေးခွန်းတစ်ခု
ပဲဖြစ်ပါတယ်.။ ခပ်ငယ်ငယ်က ငရဲဆိုတာကိုအင်မတန်ကြောက်တယ်..။ ရုပ်ပြစာစောင်တွေ ၊ဗုဒ္ဓစာပန်းချီတွေ ထဲမှာလည်း ငရဲကျတဲ့ပုံတွေပါလာရင်.. သိပ်ကိုကြောက်တယ်.။ ငယ်ငယ်တုန်းကတည်းက မကောင်းမှုကိုရှောင် ရှားဖြစ်ခဲ့တယ်.။ငယ်ငယ်က မမေးဖူးပေမယ့် မေးခဲ့ရင် ဖြေခဲ့မယ့် စကားတစ်ခွန်းရှိပါတယ်.။ ဘာဖြစ်လို့မကောင်း မှုကို မလုပ်တာလဲ လို့ မေးရင်.  ငရဲကြီးမှာ ကြောက်လို့ မလုပ်တာပါလို့ ဖြေမယ်ထင်တယ်. ။
နဲနဲအသက်ကြီးလာတော့.စာတွေပိုဖတ်ဖြစ်လာတယ်…။ အသိဥာဏ်လည်းနည်းနည်းပိုရှိလာတယ်.။အ ကောင်းနဲ့ အဆိုးဆိုတာကို ခွဲခြားသိလာပြီလို့ကိုယ့်ကိုယ်ကို ထင်မိပါတယ်.။ အဲဒီအချိန်မှာ ခုနက မေးခွန်းကိုဖြေ  မယ့်အဖြေပြောင်းသွားတယ်.။ မကောင်းမှုကို ဘာကြောင့်မလုပ်တာလဲ..  ။ မကောင်းမှန်းသိလို့ မလုပ်တာပါ.လို့ ပေါ့.။ သေချာရဲ့လား ပြန်မေးတယ်.။ သေချာပါတယ်.။ မကောင်းမှန်းသိလို့ မလုပ်တာပါ.။ ဥပမာ.. အရက်ဘာ လို့မသောက်တာလဲ.။ ငရဲကို ခနထားပြီး ကျန်းမာရေးကဏ္ဍ ကနေကြည့်ရအောင်.၊ အသည်းပျက်စီးမှာစိုးလို့ဘာ ညာ ပြောမှာပေါ့.။ ဒါဆို အသည်းရောဂါ မဖြစ်တဲ့အရက် ပေါ်လာရင်သောက်မယ့်သဘောရှိတယ်.။ ဒါဆို မိန်းမ ကိစ္စ ဘာဖြစ်လို့ ရှောင်ရှားရသလဲ မေးပြန်ရင်လည်း.. အဲဒီလိုပါပဲ.။ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ဖြစ်မှာစိုးလို့ပေါ့. ၊လို့ထပ်ဖြေဖို့ မဟုတ်တော့ပါဘူး.။ တကယ်တမ်း ငါးပါးသီလ လုံခြုံမှုမှာချွင်းချက်မရှိပါဘူး၊ အဲ ဒီရောဂါတွေ လုံးဝ မဖြစ်နိုင်တော့ဘူး ၊ ဒါမှမဟုတ်.၊ အဲဒါတွေလုပ်လို့ ငရဲမကြီးဘူးဆိုရင်တောင် မကောင်းမှန်း သိလို့ ရှောင်ရှားတာပါတဲ့..။ ဒါဟာ ချွင်းချက်မရှိတဲ့သီလစင်ကြယ်မှုပါပဲ..။
တစ်ချို့ကလေးလေးတွေမြင်ဖူးတယ်.။ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆဲရေးတိုင်းထွာကြတယ်.။ တစ်ချို့မိဘ တွေက သဘောကျကြတယ်.။ လူမဖြစ်သေးတဲ့ လူပေါက်စလေးက.မပီကလာပီကလာနဲ့ ဆဲတာကိုး.။ တစ် ချို့ က ကိုယ်တိုင်တောင်သင်ပေးလိုက်သေးတယ်.။အဲဒီကလေး ကြီးလာတော့ အင်မတန်မိုက်ရိုင်းတဲ့သူဖြစ်လာ တယ်.။ ကလေး ငယ်ငယ်အရွယ်လေးနဲ့ မတူတော့တဲ့အချိန်မှ မိဘကဒါကို သတိ မထားမိတော့ဘူး .။ဒါပေမယ့်  ပတ်ဝန်းကျင်က သိလာပြီလေ.။ သူမိုက်ရိုင်းတယ်ဆိုတာကိုပေါ့.။ တကယ်တမ်း လူတစ်ယောက် ကြီးပြင်းလာရာ အသိုင်းအ၀ိုင်းရဲ့ ပုံစံ အနေအထားက အဲဒီလူအပေါ်မှာ အများကြီးသက်ရောက်ပါတယ်.။ အထူးသဖြင့်အမေ လုပ်တဲ့သူ ဟာ ဘာသာတရားအခြေခံရှိတဲ့သူ.။ သားသမီးကိုလိမ္မာယဉ်ကျေးအောင်သွန်သင်နိုင်သူဖြစ်ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငယ်ငယ် လေး လူဖြစ်လာခါစ ကလေးငယ်ဘ၀ဟာ မိခင်နဲ့အနေများခဲ့လို့ပါ.။ဘာသာတ ရားအသိလေးကို ငယ်ငယ်လေးကတည်းကရိုက်သွင်းခံထားရတဲ့ ကလေးဟာ ဘယ်နေရာမှာပဲနေနေ ဘယ်သူ နဲ့ပဲ ပေါင်းပေါင်း မပျက်စီးပါဘူးတဲ့.။ ဒါပေမယ့်ကိုယ့် စိတ်ဓါတ်ကို ခိုင်ကျည်စေမယ့်.။ ကိုယ့်ရိုးသားမှုကိုယုံကြည် မှုရှိစေမယ့် အသိဥာဏ်ကြွယ်ဝမှုကိုတော့ ရှိထားဖို့လိုပါသတဲ့.။အဲဒီအတွက်စာကိုဖတ်ဖို့ လိုတယ်.။  စာဖတ်ဖို့ အတွက်လည်း စာကိုချစ်တတ်ဖို့လိုတယ်.။စာပေကိုမြတ်နိုးတဲ့ကလေးကိုလည်း စာကောင်းပေမွန်တွေဖတ်တတ် အောင်လမ်းညွှန်ပေးဖို့လည်းလိုအပ်ပါတယ်တဲ့..။ မော်စကိုမှာတစ်ခုကိုသတိထားမိတာရှိပါတယ်.။ ရုရှားလူမျိုး တွေဟာ အင်မတန်စာဖတ်ကြတဲ့လူမျိုးတွေ ဖြစ်တယ်ဆိုတာကိုပါ.။မြေအောက်ရထားစီးတဲ့အခါ လူ၁၀ ယောက် မှာ ခြောက်ယောက်လောက်က.. Handbook ဒါမှမဟုတ်.Ebook Reader တစ်ခုခုနဲ့ စာဖတ်နေကြတဲ့သူတွေ ဖြစ်နေတယ်ဆိုတာတွေ့ရပါတယ်.။ တစ်ဦးချင်းရဲ့ အသိဥာဏ် ကိုယ်ပိုင်ဗဟုသုတကျတော့ ကျွန်တော်တို့ နိုင်ငံ  နဲ့ အင်မတန်ကွာသွားပါတယ်.။နိုင်ငံတိုင်းလူမျိုးတိုင်းမှာ . ထက်မြက်သူ နဲ့လူပြိန်းတွေ ရာခိုင်နှုန်းမတူရှိကြတဲ့အ  နက်.ဒီလို စာဖတ်ဝါသနာတွေက ရာခိုင်နှုန်းကွာခြားသွားစေတဲ့အဓိက အချက်တစ်ခုဖြစ်လိမ့်မယ်လို့ ထင် မိပါ တယ်.။ နောက်ပြီး မှတ်သားစရာကောင်းတာတစ်ခုက သူတို့လူမျိုးတွေရဲ့အားလပ်ချိန်မှာ ကျွန်တော်တို့လို ကိုရီး ယားကားကြည့်တာမျိုး..။ လက်ဖက်ရည်ဆိုင်မှာလေကန်တာမျိုးမဟုတ်ပဲနဲ့.. Chess ထိုးတာတို့..။ Sudoku  က စားတာမျိုး တွေကိုပိုပြီးဝါသနာထုံလေ့ရှိတယ်ဆိုတာပါပဲ.။
ဘယ်နေရာမှာမဆို အတုယူစရာရှိရင်ယူရမှာပါ.။ ကျွန်တော်တို့ တစ်ချိန်မှာ ကျွန်တော်တို့မျိုးဆက်တွေ ကိုဘယ်လိုမြှင့်တင်ကြမလဲ.။ လိမ္မာယဉ်ကျေးသူတွေဖြစ်အောင်ဘယ်လိုလုပ်ကြမလဲ.။ ထူးချွန်ထက်မြက်သူတွေ တတ်သိနားလည်လွယ်သူတွေ .၊ ခေတ်နဲ့အမီ မျက်ခြေမပြတ်သူတွေဖြစ်အောင်ဘယ်လို လေ့ကျင့်ကြမလဲ..။ တစ်ခုသတိပြုစရာရှိတာက..ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေများပြားလာတာနဲ့ အမျှ.စိတ်ပိုင်းဆိုင်ရာ ဆုတ်ယုတ် လာတာကို ဘယ်လိုထိန်းချုပ်ကြမလဲ.။တိုးတက်လာတဲ့ ခေတ်ရေစီးကြောင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကိုယ့် သားသမီးတွေ မထိခိုက်အောင်.ဘယ်လိုလုပ်ကြမလဲ ဆိုတာသိပ်ကိုအရေးကြီးပါတယ်.။ကျွန်တော်အထက်က  ပြောခဲ့သလို ဘာသာတရားဆိုတာ အကောင်းဆုံးထိန်းချုပ်ဖို့ အကောင်းဆုံးထိန်းသိမ်းဖို့အသင့်တော်ဆုံး ပါပဲ.။
နောက်တစ်ခုက.ဂီတ..။
ဂီတက ဘာဆိုင်လို့လဲ လို့မမေးပါနဲ့..။တကယ်တမ်းကပါရမီပါမှ လုပ်လို့ရမယ့် အနုပညာတွေထဲမှာဂီတ လည်းပါပါတယ်.။ဂစ်တာ တီးတဲ့ကိုနိုင်ဇော်ကပြောဖူးတယ်.။ ပန်းချီဆွဲချင်ရင် ၂ နှစ် ၊ ၃ နှစ်လောက် ကျင့်ရမယ် တဲ့.။ ဒါပေမယ့်. ဂီတကိုတော့ ၂ ဘ၀ ၊၃ ဘ၀ ကျင့်ရပါတယ်တဲ့..။ မှန်ပါတယ်.။ ကျွန်တော့်ဆီဂစ်တာတီးသင်ဖူး တဲ့ သူငယ်ချင်းတွေ ၊ ညီလေးတွေ အစ်ကိုကြီးတွေရှိပါတယ်.။  ကျွန်တော်မသင်ခင် သူတို့ကို စည်းချက်ကို နား လည်တဲ့ ပါရမီပါလား တစ်ချက်အရင်ကြည့်ပါတယ်.။ လွယ်ပါတယ်.. သီချင်းတစ်ပုဒ်ကို လက်ခုပ်စည်းချက်နဲ့ ဆို ခိုင်းလိုက်တာပါ.။ အဲဒါကိုမှ စည်းချက်ကျအောင် မဆိုတတ်ဘူးဆိုရင်.။ သေချာပြီ. အဲဒီလူ ဂစ်တာတီးတတ်ဖို့ မ ဖြစ်နိုင်တော့ဘူး..။ ဘာဖြစ်လို့လဲ ဆိုတော့. အဲဒီစည်းချက်ကိုနာခံနိုင်တဲ့ လိုက်နာနိုင်တဲ့ နားလည်နိုင်တဲ့ အသိ က ပါမလာပါဘူး.။ အဲဒီအသိက လုပ်ယူ ၊ ကျင့်ယူလို့မရတဲ့. ပါရမီ.(Talent)တစ်ခုဖြစ်လို့ပါ.။လူ ၁၀၀ မှာ ၃၀    လောက်က အဲဒီအသိမရှိကြပါဘူး.။ ကြိတ်မှိတ်သင်ကြတယ်.။ practice make perfect ဆိုသလိုပေါ့ဗျာ.။ ကြိတ်မှိတ် ကျင့်လို့.။ သီချင်းတစ်ပုဒ် ဖြစ်စေ. ။ ၂ပုဒ်ဖြစ်စေ ရသွားတတ်တဲ့သူတွေလည်းရှိပါတယ်.။ ဒါပေမယ့် သူတို့ က စည်းချက်ကိုနားမလည်တဲ့အတွက်.သူတို့တီးတဲ့အခါ.၊ သူများက သူတီးတာကို လိုက်ဆိုရတာ သာ ဖြစ်နိုင်ပါတယ်.။ သူများဆိုတာကို လိုက်တီးလို့မရပါဘူး.။အဲဒီမှာ ပညာရှင်တွေတွေ့ရှိကြတာက.စည်းချက်သ ဘောတရားကိုနားလည်တဲ့သူတွေက ဂီတကို တကယ်ခံစားနိုင်ပြီး.ကျန်တဲ့အလုပ်တွေကို လုပ်တဲ့နေရာမှာ တစ် ခြားပညာတွေကိုသင်ကြားရာမှာလည်း တတ်မြောက်လွယ်တယ်ဆိုတာကို တွေ့ရပါတယ်တဲ့.။ လူပြိန်းနဲ့ ထက် မြက်သူခွဲခြားတဲ့နေရာမှာ.ဂီတကလည်း တစ်မျိုးအပါအ၀င်ဖြစ်ပါတယ်တဲ့.။ ဒီစာကိုဖတ်ပြီးတော့..ငါကတော့ဘာ တစ်ခု မှ မတီးတတ်ဘူး လို့ စိတ်ဓါတ်မကျသွားပါနဲ့နော်..။ တကယ်တမ်းက သီချင်းဆိုတတ်ရင်ကို စည်းချက်သ ဘောတရားကိုနားလည်တယ်လို့သတ်မှတ်လို့ရပါတယ်.။ တစ်ချို့က သီချင်းကို စည်းဝါးကိုက်အောင်မဆိုတတ် သူတွေရှိပါသတဲ့.။ အ၀င်အထွက် ကို မှားတာ မျိုးပေါ့.။ ဂီတကိုခံစားတတ်သူတော်တော်များများကလည်း စိတ်  ထားနူးညံ့တဲ့သူတွေဖြစ်ပါတယ်တဲ့..။ စိတ်ထားနူးညံ့တဲ့.. သူတွေတော်တော်များများက. စိတ်တိုစရာ  ဒေါသ ထွက်စရာကြုံရင်  အလွယ်တကူ ထိန်းချုပ်နိုင်ပါတယ်တဲ့.။ တစ်ခုချွင်းချက်ရှိတာက.. သီချင်းကိုခံစားတတ်တဲ့သူ တွေ .၊ သီချင်းစာသားကို နားထောင်ပြီး သဘောကျတတ်တဲ့သူတွေ အသည်းကွဲတဲ့အခါ သီချင်း မဖွင့်မိပါစေနဲ့ တဲ့..။ စာသားတိုင်းဟာ ခံစားချက်နဲ့တိုက်ဆိုင်နေပြီး. ဘူးလေးရာ ဖရုံဆင့်ဖြစ်တတ်လို့ပါတဲ့.။ ဒါကတော့ မဆိုင်ပဲ နဲ့ပြောလိုက်တာပါ.။ဂီတဟာလည်း ကလေးတွေကို စိတ်ထားပိုင်းဆိုင်ရာမှာပုံသွင်းရလွယ်ကူစေတဲ့ အရာတစ်ခု  ပါပဲ.။
ကိုယ့်မျိုးဆက်သစ်တွေကို ထက်မြက်အောင်လုပ်ရုံနဲ့တော့ ပြီးမသွားပါဘူး.။ သူတို့ကိုစိတ်ထားနူးညံ့ အောင်.၊ လိမ္မာယဉ်ကျေးအောင်လုပ်ဖို့ကလည်း အရေးကြီးတယ်ဆိုတာ ပြောချင်တာပါ.။ လူတော်ဖြစ်ဖို့ထက် လူကောင်းဖြစ်ဖို့က ပိုအရေးကြီးပါတယ်.။ မကောင်းတဲ့သူဆိုရင် တော်လေ အန္တရယ်ကြီးလေပါပဲ.။ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုရှိနေစေဖို့.၊ မိမိကိုယ်ကျင့်သိက္ခာကို ဘယ်သူ့ကြောင့်မှ ဘယ်နည်းလမ်းနဲ့မှ အပျက်မခံတတ်တဲ့ သူမျိုးလေတွေဖြစ်အောင်လေ့ကျင့်ပေးရမှာပါ.။ ပြီးတော့ ကျွန်တော်လက်မခံနိုင်တာတစ်ခုရှိပါသေးတယ်.။    အပေါင်းအသင်းမှားလို့ပျက်စီးသွားတယ်ဆိုတဲ့ စကားကိုပါ.။ တကယ်တမ်းအပေါင်းအသင်းမှားလို့ ပျက်စီးတယ် ဆိုတာ ကိုယ်တိုင်စိတ်ဓါတ်က ခိုင်မာမှုမရှိလို့ပါ.။ ငယ်စဉ်ကတည်းက သံမှိုလိုစွဲထားရမယ့် အသိတွေ အခြေမ  ခိုင်လို့လို့ပဲယူဆပါတယ်.။ သူများတိုက်တွန်းလို့လုပ်တယ်ဆိုတာ ကိုယ်တိုင် အမှားအမှန်မခွဲခြားနိုင်သူတွေ လုပ်တာ မျိုးတွေလို့ယူဆမိပါတယ်.။
            ကဲ. စာလည်းရှည်သွားပါပြီ..။ ကိုယ့်သားသမီးလေးတွေကို Talent ရှိတဲ့သူ.၊ လူချွန်လူကောင်းလေး  တွေဖြစ်အောင် ဘယ်လိုပုံသွင်းကြမလဲဆိုတာ..မိဘဖြစ်လာမယ့်သူတိုင်း သိထားသင့်တယ်လို့ထင်မိပါတယ်.။





Wednesday, March 7, 2012

မေ...

လွင့်နေတဲ့ နှင်းပွင့်ကလေးတွေက ငါ့အိပ်မက်တွေဆိုရင်
တိုက်ခတ်နေတဲ့လေကလေးက နင်ပဲဖြစ်ရမယ်...

အဆုံးမဲ့ကောင်းကင်ကြီးက ငါ့အနာဂါတ်တွေဆိုရင်
နေရောင်ခြည်နွေးနွေးလေးကနင်ပဲပေါ့..။


မော်စကိုတစ်မြို့လုံးကြားအောင် အော်ဟစ်ပစ်ချင်ပေမယ့်
သက်ဆိုင်သူ မကြားနိုင်လို့ ရင်ထဲမှာပဲသိမ်းထားတဲ့စကားတစ်ခွန်းရှိတယ်...။

မိုးအဆုံးမြေတစ်ခွင်
ဘယ်မှာပဲနေနေ ၊ ဘယ်ကို ပဲရောက်ရောက်...
ရင်ခုန်သံတွေတစ်ထပ်တည်းပဲဆိုတာ.....
ဟိုးဝေးဝေးက “ မေ ”တစ်ယောက် သိနိုင်ပါ့မလား....။





Friday, March 2, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (Tag )


မအူမလည်တောသားမြို့ရောက် မောင်မိုးသက်တစ်ယောက်. မော်စကိုမှာ ဖုန်းဝယ်တုန်းကပေါ့...။ကြင်
နာသူနဲ့ ဆင်တာယူမယ်ဆိုပြီး.. Sony Ericsson W595 လေးကို မရရတဲ့နေရာကရှာဝယ်..။ဖုန်းကဒ်သွားဝယ်
တော့ ရုရှားငွေနဲ့.. ရူဘယ် ၂၀၀ သာပေးရတယ်.။ မြန်မာငွေနဲ့ တွက်ကြည့်တော့. ၅၀၀၀ ကျော် ၆၀၀၀ နီးပါး
သာကျသင့်မယ်ဆိုတာ တွက်မိတယ်.။ အဲဒီအချိန်ကတည်းက.. အော်သူတို့နိုင်ငံ တိုးတက်လှချည့် ..။ တို့ အမိ
နိုင်ငံမှာလည်း ဒီလိုဖြစ်ရင်သိပ်ကောင်းမှာပဲ ဆိုတာ တွေးမိပါရဲ့..။ ဒါပေမယ့်လည်း. ..အသိဥာဏ်နည်းပါးတဲ့.
တောင်ပေါ်သား..လူအ တစ်ယောက်ဖြစ်လေတော့..ကိုယ်လိုက်မမီတဲ့ နည်းပညာ ဆိုတာကြီးကိုပဲ..လွှဲချပြီး.
အဲဒါကြီး တို့နိုင်ငံမှာ မရှိလို့ နေမှာလို့ တွက်ဆမိပါရဲ့...။ သိပ်မကြာခင်မှာပဲ.. ရွှေပြည်တံခွန်ဆိုတဲ့ မိုးကျရွှေ
ကိုယ်ကြီးတစ်ဦး ပေါ်လာတယ်.။ ၅၀၀၀ တန်ဖုန်းဆိုတဲ့ သတင်း က ထွက်လာတယ်.။ကျွန်တော်တို့ စသိတဲ့အ
ချိန်မှာ နယ်က လူတွေမသိသေးဘူး.။ လှမ်းပြောတဲ့အချိန်မှာ တစ်ချို့ဆို ယုံတောင်မယုံနိုင်ဘူး..။လက်ကိုင်ဖုန်း
ဆိုတာကို ကြေးရတတ် လူတန်းစားတစ်ရပ်အတွက် သီးသန့် အသုံးတော်ခံပစ္စည်းတစ်ခု လို့ထင်မှတ်နေကြရ
တဲ့ အခြေအနေပဲရှိသေးတယ်.။ သေချာပြန်တွက်ကြည့်တော့လည်း နိုင်ငံတကာမှာ ဒီဈေးပဲ..။မှတ်မှတ်ရရ
တစ်ချို့ဖုန်းကဒ်တွေဆိုရင်. မြေအောက်ရထား ဘူတာတွေမှာအခမဲ့လိုက်ဝေတယ်.။ ကြော်ငြာတဲ့သဘောပေါ့။
ဒါဟာ တကယ်ဖြစ်နိုင်တဲ့ကိစ္စရပ်တစ်ခုပါ...။ဘာပဲပြောပြောပါ.. ကျွန်တော့်အနေနဲ့လည်း ဒီလိုဖြစ်လာမယ်ဆို
ရင် ကြိုဆိုပါတယ်...။ကျွန်တော်တို့ နိုင်ငံလည်း တိုးတက်မှုရဲ့အသီးအပွင့်ကို သိသာစွာခံစားရတာပေါ့.။

၁။ ယခု ဆက်သွယ်ရေးက ချထားပေးမယ်. နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို. သင်မြင်ပါသလား ။
     ယခင့်ယခင် ဖုန်းတွေထက်စာရင်. တန်ဖိုး အတော်ကိုနည်းသွားပါတယ်. ။ဒါပေမယ့်နိုင်ငံတကာဈေးနှုန်းနဲ့
     ယှဉ်ထိုးကြည့်ရင် မြင့်နေတုန်းပဲ..။ဒါပေမယ့် မကြာခင်မှာပဲ..အားလုံးရဲ့ ဆန္ဒတွေအကောင်အထည်ပေါ်လာ
     မှာပါ..။ 
၂။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို. စတေကာကပ်ခြင်း နဲ. တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင်မိပါ

     သလဲ။ 
     စည်းစနစ်ကျစွာနဲ့..အေးချမ်းစွာတောင်းဆိုတာဟာ အားလုံးရဲ့အမြင်မှာ သင့်တင့်ကောင်းမွန်ပါတယ်.။
     လက်မခံနိုင်စရာမရှိပါ.။
၃။ ငါးထောင်တန်ဖုန်းပေါ်လာဖို. စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိ
     ပါသလဲ ။ 
     ကောင်းပါတယ် .. ။ ဘယ်ကိစ္စကိုမဆို . ဥပဒေဘောင်အတွင်းက သက်ဆိုင်ရာကိုတင်ပြတောင်းဆိုတဲ့အ
     အလေ့အကျင့်ကို အင်မတန်သဘောကျပါတယ်.။ အဲဒီထက် သပ်ရပ်စနစ်ကျ ထိရောက်မှုရှိတဲ့ နည်းလမ်း
     မရှိနိုင်ပါဘူး..။ ဘာပဲလုပ်လုပ် ဘောင်ထဲကလုပ်..။
ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို. သင်.အနေနဲ. ကြိုဆိုပါသလား။ 
     အခြေခံလူတန်းစားပါ သုံးစွဲနိုင်မည်ဖြစ်သည့်အတွက်..ကြိုဆိုပါသည်. ။ တကယ်သာဖြစ်လာမည်ဆိုပါက
    အတိုင်းမသိဝမ်းသာမိမှာဖြစ်ပါတယ်.။ 
      အစ်မ အိန်ဂျယ်နဲ့ ကိုအလင်းသစ်တို့ တဂ်ထားတဲ့ပို့စ်ဖြစ်ပါတယ်.။ မောင်မိုးသက်တစ်ယောက်လည်း
ထိုကိစ္စကို စိတ်ဝင်စားပါတယ်.။တစ်ခု ဖြစ်သင့်တာက.. ဖုန်းဆိုလျှင်လည်းတစ်မျိုးတည်း..။ တစ်တန်းစား
တည်းဖြစ်သင့် ပါတယ်.။ ဒီမှာကြည့်ရင်. သမ္မတ လည်း ဒီ ၂၀၀ တန်ဖုန်းကဒ်ပဲကိုင်ပါတယ်.။စားသောက်ဆိုင်
ကအလုပ်သမားလည်း ဒီ ၂၀၀ တန်ဖုန်းကဒ်ပဲကိုင်ပါတယ်.။ မြန်မာနိုင်ငံမှာလို ၁၆ သိန်းတန်က တစ်စား.၊
၅ သိန်းကတစ်စား.မဖြစ်သင့်ဘူးထင်တာပါပဲ.။ဒါပေမယ့်. ၁၆သိန်း၅သောင်းဖုန်းဝယ်ထားတဲ့သူတွေက မုဒိ
တာမပွားပဲ. တို့ကတော့ ရှုံးပြီးရင်ရှုံးရင်းပဲလုပ်တဲ့သူတွေရှိပါတယ်.။ တကယ်တမ်းဆို ကြိုဆိုရမှာပါ.။တစ်ခု
တော့ တွေးရပါလိမ့်မယ်. ။ သိပ်မလောပါနဲ့.. ဖြည်းဖြည်းချင်းသွားနေပါတယ်.။ အချိန်တန်ရင် ရောက်မှာပါ.။
အခု ကျွန်တော်တို့ နိုင်ငံက တစ်ခုပြီးတစ်ခု တိုးတက်လာနေပါပြီ.။ အဲဒီသတင်းတွေကြားလေ ကျွန်တော်က
တော့ မြန်မာပြည်ကိုလွမ်းလေပဲ...။ ခေါင်းစဉ်နဲ့ မဆိုင်တာတစ်ခုပြောပါ့မယ်.။ နိုင်ငံတော်ကိုချစ်တဲ့သူမှန်သမျှ
ကို. ၊နိုင်ငံတော်ကို တိုးတက်အောင်လုပ်မယ့်သူ မှန်သမျှကို ကျွန်တော်ကြိုဆိုပါတယ်.။ မောင်မိုးသက်မှာ
ပုဂ္ဂိုလ်စွဲမထားပါ.။ Facebook မှာ ကျွန်တော်တို့ဂရုလေးတစ်ခုရှိပါတယ်.။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံခြား
လွှမ်းမိုးမှုအန္တရယ် စောင့်ကြည့်ကာကွယ်ရေးဖြစ်ပါတယ်.။ ကျွန်တော်တို့ အပါအ၀င် . တစ်ခြားအရပ်သား 
နိုင်ငံရေးပါတီပေါင်းစုံကလူတွေပါပါတယ်..။ အားလုံးက သူ့အမြင်ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောကြ
တယ်.။ တစ်ခြားဖိုရမ်တွေ ဘလော့တွေလို ရိုင်းပြစွာမပြောကြဘူး.။ အလွန်အကျွံမငြင်းကြဘူး.။ သူ့ဖက်ကိုယ့်
ဖက် လိုအပ်ချက်တွေ မဖြစ်သင့်တာတွေ ဖြစ်သင့်တာတွေကိုထောက် ပြကြတယ်.။ အားလုံးက အမြင်မတူ
ကြလို့  ၀ါဒတွေကွဲပြားကောင်းကွဲပြားနေနိုင်ပါတယ်.။ ဒါပေမယ့် အားလုံးရဲ့ မိခင်က မြန်မာပြည်ပါ.။ အားလုံး
ကလည်း မြန်မာပြည်ကိုချစ်မြတ်နိုးကြသူတွေပါ.။ ဒီအတွက်. ကျွန်တော်တို့ ဂရုလေးက..သိပ်ကိုပျော်စရာ
ကောင်းပါတယ်.။ ပွင့်လင်းစွာပြောကြသလို.. ငြိမ်းချမ်းစွာပဲဆွေးနွေးကြပါတယ်.။ တကယ်ဖြစ်သင့်တဲ့ အနေ
အထားတစ်ခုကို ဂရုတည်ထောင်သူ က သေချာဖန်တီးထားတာပါ.။ စည်းကမ်းမညီတဲ့ မန်ဘာကို ဘန်းပါ
တယ်.။ သိပ်ကိုကောင်းတာပေါ့.။ ကျွန်တော်တို့ လို တပ်မတော်သားတွေပါသလို.. တစ်ခြားပါတီပေါင်းစုံက 
လူတွေကလည်း သူ့အမြင်ကိုယ့်အမြင်ကို ပြောကြပါတယ်.။ အားလုံးက နီးကပ်သည်ထက် နီးကပ်လာတယ်.။
အမြင်တွေလည်း ရှင်းလင်းသည်ထက်ရှင်းလင်းလာတယ်.။ ယုံကြည်မှုတွေရှိသထက်ရှိလာတယ်.။ ပုဂ္ဂိုလ်ရေး
ရင်းနှီးမှုတွေကနေ. တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားမှုတွေ နည်းပါးလာတယ်.။ အဲဒါက ဖြစ်သင့်တဲ့ ရလဒ်
ကောင်းတစ်ခုပါ.။ ဒါပေမယ့် ကျွန်တော် အကန့်တွေခွဲထားပါတယ်.။ ဒီဘက်ဘလော့မှာ အဲဒီအကြောင်းပြော
တာ ပထမဆုံးအကြိမ်ပါ...။ ဟိုဘက်ကကိစ္စတွေကို ဟိုဘက်မှာပဲထားပါတယ်.။ ကျွန်တော့်ကိုယ်ကိုလည်းစံပြ
ဖြစ်အောင်နေတဲ့အတွက်.. ကျွန်တော် ဘယ်သူ့ကိုမဆို ကောင်းမွန်စွာရှင်းပြနိုင်ပါတယ.်။ 
       ခြုံပြောရမယ်ဆိုရင်.. ကျွန်တော့်အနေနဲ့ ငါးထောင်တန်ဖုန်းကဒ် ထွက်ပေါ်လာမည့်အပေါ် လှိုက်လှိုက်လဲ
လဲ ကြိုဆိုပါတယ်.။ဖြစ်သင့်တယ်လို့ယူဆပါတယ်.။တိုင်းပြည်ကို တိုးတက်အောင်.၊ ပြည်သူတွေအဆင်ပြေ
အောင်.၊ ဘ၀တွေသာယာအောင်လုပ်မယ့်သူ..မှန်သမျှကို ကျွန်တော် မောင်မိုးသက်က.ရင်မှဖြစ်သောပီတိ
ဖြင့်..၀မ်းသာစွာကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ...။



 

My Blog List