Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, February 28, 2012

ခက်တော့ခက်နေပြီ...

      ဟိုတစ်နေ့က တနင်္ဂနွေနေ့. ပေါက်စကိုလာမလာဖုန်းဆက်ပြီးတော့..မလာမှာသေချာတော့.. ВВЦ (မြန်မာလို ဘယ်ဘယ်ဆယ်) လို့ခေါ်တဲ့..ပန်းခြံ ကိုဂစ်တာဝယ်ဖို့သွားကြတယ်.။ လွယ်အောင်သာ ပန်းခြံ
လို့ပြောတာ.။တကယ်တော့ ပန်းခြံမဟုတ်ဘူး.။ အပန်းဖြေတဲ့နေရာ ကြီးတစ်ခုပေါ့..။ အဆောက်အဦးအကြီး
ကြီးတွေရှိတယ်.။ဇာတ်ရုံတွေရှိတယ်.။ ကလေးကစားကွင်းတွေရှိတယ်..။ အစုံပေါ့ဗျာ။အဲ့ဒီကိုသွားကြတယ်.။
       မနက်ခင်းစောစောထ .. ရေချိုး အ၀တ်အစားလဲ၊ ပြီးတော့. ဘာညာ ပတ်စပို့ ကျောင်းသားကဒ် စုံမစုံစစ်
ပြီးတော့ ထွက်လာခဲ့တယ်.။ ကျွန်တော်ရယ်.. မင်းဟိန်းဇော်ရယ်..၊ ညီညီလွင်ရယ်..၊ သုံးယောက်ပေါ့ဗျာ..။
အဲဒီနေ့က ထူးထူးခြားခြားလူစည်နေတယ်.။လမ်းတစ်ဝက်ရောက်မှ သတိရတာက ဒေါ်လာမလဲရသေးဘူး.။
အဲဒါနဲ့ စတန်ကင်ကျောင်းနားက ဘဏ်သေးသေးလေးထဲဝင်ပြီးငွေလဲကြတယ်.။ အဲဒီနေ့က ၂၉.၂၀ ပဲရတယ်.
>.< (အန်တီချိုချဉ်စတိုင်.. :P)..။ဘဏ်ထဲကထွက်မှ.. အခန်းထဲမှာ ကင်မရာက Adapter ထိုးလျက်ကြီးကျန်ခဲ့
တယ်ဆိုတာ သတိရတယ်..။ဂယ်လေတယ်...။

ဖုန်းနဲ့ရိုက်ထားတာဆိုတော့ သိပ်မကြည်ချင်ဘူး...။တော်သေးတာပေါ့.ရိုက်တဲ့သူတော်လို့..။
 ဂြိုဟ်ကြီးကိုးလုံး (ဇီနာ မပါသေးဘူးထငတယ်.. ၅ ခေါက်ရှိပြီတစ်ခါမှ ဖတ်မကြည့်ဖူးဘူး..အဲ့လိုပျင်းတာ.)
 ယူရီဂါဂါရင် နဲ့.. အပေါင်းပါများနာမည်တွေ...
 ဘယ်လိုလုပ်သက်သာဆွဲနေတဲ့ပုံလေးဖြစ်သွားမှန်းမသိဘူး..။

အမိုးမရှိအကာမရှိ သနားပါတယ်.. နှင်းထဲမှာ.
        အပေါ်ပုံတွေက ဘယ်ဘယ်ဆယ်ထဲကိုမရောက်သေးဘူး..။ ဒီဘက်က  ယူရီ ဂါဂါရင်တို့ကိုဂုဏ်ပြု
တဲ့ ရင်ပြင်လိုလိုဘာလိုလို ထဲမှာလေ.. ။ဘယ်ဘယ်ဆယ် အ၀င်ဝက ဒီအပေါ်ပုံမှ ညာဘက် ညီညီလွင့်ခေါင်း
နဖူးနားလေးမှ ပျပျ လေးမြင်နေရတဲ့..  ဂျုံ စည်းကြီးကို လူနှစ်ယောက်ထမ်းနေတဲ့..ရုပ်တုကြီးရဲ့အောက်မှာ.
ရှိတာပါ ..။အရင်တစ်ခါက သွားခဲ့တဲ့အကြောင်းကိုရေးမလို့ ဒါပေမယ့် အဲဒီတုန်းကဆောင်းမ၀င်သေးတော့.
နှင်းမကျသေးဘူး.။ လူပိုစည်တယ်.။ ခုလည်းစည်တော့စည်ပါတယ်. ။ဒါပေမယ့် ဟိုတစ်လောက -၃၄ တို့
ဖြစ်ထားတော့. နဲနဲတော့ရှိန်တယ်ထင်တယ်.။ ဒါပေမယ့် ထူးတာက ဒီနေ့ လူတော်တော်စည်နေတာကိုတွေ့
ရပါတယ်.။ ဆောင်းတွင်းကြီးဘာလို့စည်နေတာပါလိ့မ်..။

ရှုပ်ယှက်ခက်နေတာပဲ... ဟူးးးးးးးးး......။




အထဲရောက်မှသိတာက.. ဆောင်းရာသီကိုနှုတ်ဆက်ပွဲတဲ့.. အော် တတ်လည်းတတ်နိုင်ကြပါပေရဲ့...။
သူတို့လူမျိုးတွေက တော်တော်ကိုအပျော်မက်ကြတယ်.။ထစ်ခနဲရှိ ကဖို့လောက်ချောင်းနေကြတာ..။အခန်းထဲ
မှာသီချင်းတောင် ကျယ်ကျယ်မဖွင့်ရဲဘူး..။ ကမယ်ဆိုတာချည်းပဲ ..မနိုင်ဘူး..။ အပေါ်ပုံမှာ ကြည့်တတ်ရင်
မြင်ပါလိ့မ့်မယ်.. အဘွားကြီးတွေ ကနေတာ... ။သူတို့ကလည်း လူငယ်တွေနဲ့အားကျမခံ ဖလန်းဖလန်းထသေး
တယ်.။ ဒီရောက်မှ ရှုပ်နေတာပါပဲဗျာ..။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့လည်း တစ်ကမ္ဘာလုံးမှာ ပျော်
ပွဲရွှင်ပွဲရှိမယ်မထင်ဘူး.။ ဒီမှာ ရှိတယ်ထင်တယ်..။ လာမယ့် ၈ ရက်နေ့.လေ..။ နေ့တွေကလည်းစုံပါဘိ..။
ဟိုနေ့သည်နေ့.. အပြည်ပြည်ဆိုင်ရာ တနင်္လာနေ့ဆိုတာကလာသေးတယ်.။ တနင်္လာနေ့ပဲ ဘာထူးလဲနော့..။
ပျော်ချင်ကြပုံများ..။

ဂစ်တာမ၀ယ်ခင် ဟိုဟိုသည်သည်ပတ်ကြည့်တယ်.. ။ ကလေးလေးမြှားပစ်နေတာ ချစ်လို့ ရိုက်ထားတာ.။
ငါ့သားလေးဆိုရင်..ဆိုတဲ့အတွေးဝင်ပြန်တယ်..။ ဒါပေမယ့် သမီးလေးပဲ လိုချင်တယ်..။ဘာဖြစ်လို့လဲမသိဘူး.။
ဒါနဲ့စကားမစပ်.။ ဟိုတစ်နေ့က Charlie Bit me ဆိုတဲ့ ဗွီဒီယိုလေးကိုကြည့်ရတယ်.။နာမည်တော်တော်ကြီး
တယ်ထင်တယ်.။ Wikipedia ထဲမှာတောင်ပါသွားတယ်.။Harry နဲ့ Charlie ညီအစ်ကိုနှစ်ယောက်ရဲ့ အမှတ်တမဲ့
အမူအယာလေးတွေကို အဖေလုပ်သူက.ရိုက်ထားပြီး Youtube မှာတင်လိုက်ရာကနေ.. အဲဒီဗွီဒီယိုအပိုင်းလေး
က Justin Bieber , Lady Gaga နဲ့ Waka Waka ကိုတောင်ကျော်သွားတယ်ဆိုပါလား..။ ကြည့်ရှုသူက
ကျွန်တော်ကြည့်တုန်းက 424,857,811 ရှိပါတယ်..။






Charlie Bit me!!!
                                           ဗွီဒီယိုလေးကို..အားလုံးကြည့်ပြီးကြပြီလို့တော့ထင်တယ်.။ သဘောကျ
လွန်းလို့ပါ.. ။ ကိုယ့်ကလေးဘ၀ကို ပြန်ရောက်သွားသလိုပဲ.. ။That's really hurt. ဆိုတော့ ငယ်ငယ်တုန်းက
တစ်ခုခုဖြစ်တိုင်းတိုင်ပြောတတ်တဲ့ ကလေးဘ၀ကိုပြန်သတိရတယ်.။ ဒါပေမယ့် ဟယ်ရီကတော့ သူညီလေး
ကို ဘာမှပြန်မလုပ်ဘူး..။ ကျွန်တော်တို့ အဲဒီအရွယ်ဆိုရင် နာသွားလို့ကတော့ ခေါင်းကိုတစ်ချက်လောက်
တော့တီးလိုက်မှာပဲ.. ။(Charlie ခေါင်းကလည်းတီးချင်စရာကြီး..) နောက်ကျမှ ရှက်ကိုးရှက်ကန်းနဲ့.. I not
really hurt ဆိုတော့ ကြည့်နေရင်းနဲ့ ရယ်ချင်သွားတယ်.။ ဟဟ.. ကျွန်တော်တို့ငယ်ငယ်တုန်းကလည်းဒီလို
ပါပဲ..။ တစ်ခုခုဖြစ်သွားလို့ ... မိဘကိုတိုင်လို့ ..မိဘက အရေးမလုပ်ရင်.. မနာဘူးကွ..မနာဘူး.ဘာညာ လုပ်
ကြတာကိုး.. ဟီးဟီ...။ ကြားထဲမှာ ဟယ်ရီ က ချားလီ.. ဆိုပြီးသူ့ညီလေး မျက်နှာကိုသေချာပြန်ကြည့်တဲ့နေ
ရာက. ဟယ်ရီ့လေသံက “ချာလီ ..မင်းငါ့ကိုတကယ်ကိုက်ရက်တယ်ကွာ.. .” ဆိုတဲ့ လေသံပေါက်နေတယ်.။ 
ဘယ်နှခါပြန်ကြည့်ကြည့် အဲဒီနားလေးကိုရယ်မိနေတုန်းပဲ..။ 
        ပြောရင်းနဲ့လဲ လမ်းကြောင်းတွေကလွဲကုန်ပြီ..။ ကလေးလေးတွေကိုမြင်ရင်အဖေ စိတ်ပေါက်လာတာ
ကိုပြောချင်တာ..။ခုနကဘယ်ရောက်သွားပြီလဲတောင်မသိတော့ဘူး..။ကလေးလေးမြှားပေါက်တာ ပြီးသွား
တော့ ကုန်တိုက်ထဲကိုဝင်ပြီးဂစ်တာ ၀ယ်ကြတယ်. ။ ဂစ်တာဆိုင်မှာ ဂစ်တာ ပေါင်းစုံကိုင်ပြီး ဓါတ်ပုံရိုက်ပါ
မယ်ဆိုမှ.. အထဲရောက်တော့ .. မြင်သမျှ တွေ့သမျှ အားလုံးသဘောကျ ဖြစ်ပြီးတော့. မရိုက်ဖြစ်လိုက်ဘူး.။
ထူးတာက ဒီမှာသစ်သားရှားလို့လားမသိ.။Acoustic ဂစ်တာ..က Solid တွေထက်ဈေးများနေတာကိုတွေ့ရ
ပါတယ်.။ကျွန်တော်က အခူးစတစ်မတီးချင်တော့ဘူး.. ။ အခူးစတစ်က ကလေးကတည်းက တီးလာတာ..။
ဒီမှာ အလက်ထရစ်ကောင်းကောင်းလေးရှာလိုက်တယ်.။ ဒါပေမယ့်.. ဈေးကများနေတယ်. ။ လိုချင်တဲ့
အရောင်ကကျတော့ ပုံစံ မကြိုက်ဘူး.။ လိုချင်တဲ့ဈေးနဲ့ လိုချင်တဲ့ပုံစံ က ကျတော့ အမေရိကန်အလံပုံဖြစ်
နေတယ်..။ဒီကလူတွေက အမေရိကန်ကိုကြိုက်မှန်းမသိ မကြိုက်မှန်းမသိဆိုတော့.. စဉ်းစားပေမယ့်..။ 
နောက်တော့လည်းထူးပါဘူးလေ..ဆိုပြီးဝယ်ဖြစ်သွားတယ်..။

စတိုင်ကတော့ လန်းအိ.....။
 Amplifier နဲ့ Equalizer ကမ၀ယ်ရသေးဘူး.. ။ Pedal နှစ်ခုကိုနင်းချင်လှပြီ..။ နောက်လပေါ့.။ 

ဂစ်တာ ဆိုင်က အပြန်မှာ .မင်းဟိန်းဇော်က ၀က်ဘ်ကမ်အသစ်တစ်လုံးဝယ်တယ် .. ။ဆိုင်ရှင်က . ဘင်္ဂလား
ဒေ့ရှ်က လူဖြစ်နေတယ်.။ ဒါပေမယ့် ဘင်္ဂါလီမဟုတ်ဘူး.။ အိန္ဒိယ လို လူမျိုးတစ်ယောက်ပါ.။ဝမ်းသာအားရ
အင်္ဂလိပ်လိုနှုတ်ဆက်ကြတယ်.။ အဲ့မှာ မောင်မိုးသက်တို့ အိုးနင်းခွက်နင်းတွေဖြစ်ရပုံက ကိုယ့်ကိုယ်ကိုတောင်
မယုံနိုင်ဘူး.။အင်္ဂလိပ်လို ပြောသံကြားတော့ကိုတော်တော်ပျော်သွားတာ..။ တကယ်ပြောတော့ မထွက်တော့
ဘူး.။ ဘာဖြစ်လို့လဲမသိ.။ သူက အင်္ဂလိပ်လိုပြောတော့ . Да , Да (ဒါ့... ဒါ့  ) နဲ့ပြန်ဖြေပြီးတော့.. ။သူကနား
လည်စွာနဲ့ ရုရှားလိုပြောရှာတော့.. လျှာမှန်သွားတဲ့ကျွန်တော်က Yeah . Ok . I'm sure တွေဖြစ်ကုန်ရော။
အဲ့ဒီမှာ . ဒုက္ခတွေရောက်ကုန်တယ်...။ မုန့်ဟင်းခါးထဲကိုနို့စိမ်းထည့်စားသလို.. ။ လက်ဖက်ရည်ထဲ.ငံပြာရည်
ထည့်သောက်သလိုတွေဖြစ်ကုန်တယ်..။ မြန်မြန်နှုတ်ဆက်ပြီး..အူဒါးချီး(ကံကောင်းပါစေ)လုပ်ပြီးပြန်လာခဲ့
တော့တယ်.။ 
 အပြန်မှာဝင်တဲ့ မြေအောက်အိမ်သာ လေးက ကဗျာဆန်လို့ ရိုက်ထားတာ. ..။
 နှင်းလူရုပ်ကြီး..(အရင်တစ်ခါ ကရိုက်နေတုန်းလေလျှော့တာနဲ့တိုးသွားတယ်..)
 မာဂျီကျောင်းနားက
 ဘာကြီးမှန်းမသိ..လှတော့လှအိ...။
 မျက်စိထဲမှာ တစ်မျိုးလေးပဲ.. အေးသွားသလိုပဲ..။
 အနုတ် ၂ ဆိုတော့ ခေါင်းစွပ်တောင်မပါတော့ဘူး..အေးဆေးပဲ..
 အခန်းဘေးက သူငယ်ချင်းကိုရိုက်ခိုင်းထားတာပါ..။တော်လွန်းတော့လူတောင်မမြင်ရဘူး..။း)
  ကိုယ့်ဖာသာ ဖိုတို ပြန်ရှော့ထားလိုက်တယ်. ဘလက်ကင်ဝှိုက်ပဲ လုပ်လိုက်တယ်. ကောင်းအိ..။
        အပြန်ကျတော့..  အမေနဲ့ ညီမလေးလာသွားတယ်..။ မက်ဆေ့ခ်ျချန်ထားခဲ့တယ်.။ လောလောဆယ်
ကျောင်းစာရယ်.. ။ ဘလော့ရယ်..။ ဖိုင်နယ်ရီးယားတုန်းက မလုပ်ဖြစ်တဲ့ သုံးနှစ်သုံးမိုးအခွေရယ် ကို ဘယ်က
စကိုင်ရမှန်းမသိဘူး.။ ကျောင်းစာကတော့ ပထမဦးစားပေးပေါ့.။ ဒါပေမယ့် .ကျန်တာတွေကလည်း မရှိမဖြစ်
တွေပဲလေ..။ ဘလော့ဂါအစ်မကြီးတွေကလည်းသီချင်းတွေ တောင်းနေကြပြီ.။ (နာမည်တပ်မပြောဘူးနော်.။
ဘယ်သူဆိုတာ ကိုယ်ကိုယ်ကိုသိပါတယ်.။ ဟဟ. ခုတောင်ဖတ်ရင်းပြုံးစေ့စေ့လုပ်နေပြီ...) ။သီချင်းက သွင်း
နေဆဲပါ.။ အစမ်းသွင်းတာဆိုတော့. သိပ်မကောင်းတဲ့ တစ်ပုဒ်ပဲလုပ်ထားတယ်.။ နောက်မှ ရှယ်တွေလုပ်ပေး
မယ်.။ လောလောဆယ်.. ASIO Driver က ဘာတွေကြောင်နေလဲမသိပါဘူး.  ။အသံ မ၀င်ဘူးဖြစ်နေတယ်။
ခေါင်းတွေလည်းမူးနေပြီ.. ။
ဒီထဲမှာအသံသွင်း... (ခေါင်းကိုမူးနေတာပဲ.. )
 သွင်းလို့ရတဲ့အသံကို ဒီထဲတစ်ခါထည့်.. Noise တွေဖယ်.. ပြီးတော့ . ဟိုဘက်ကိုပြန်ပို့...။
           ဂစ်တာ မတီးတာကြာတော့ လက်က အသားမာတွေပျောက်နေပြီလေ..။ နာလိုက်တဲ့ဖြစ်ချင်း.
ဒါပေမယ့် ကြိတ်မှိတ်တီးရတာပေါ့.။ ကျွန်တော်သုံးတဲ့ ဆော့ဝဲလ်က Fruity Loop 10 ပါ.။Rapper တွေအသုံး

များတယ်.။ ကျွန်တော်က Rapper မဟုတ်ပေမယ့်.. ဒီကောင်လေးကလွယ်လို့ ..။ပြီးတော့ Plugin တွေစုံလို့
သုံးဖြစ်တာပါ.။ သီချင်းအကြမ်းလေးပြီးသွားရင်.. မင်းသားငှားပြီးယူကျု့မှာတင်ရပါဦးမယ်.။ မင်းသားက
လောလောဆယ် အိမ်စာတွေများလို့ညည်းနေလေရဲ့..။မင်းသမီးကတော့.. ချောင်းသာကိုသဘက်ခါ သွား
မည်တဲ့လေ.။ တွေးမိရင်း... စိတ်ဆိုးမိသောကြောင့်. စာကိုဆက်မရေးတော့ဘဲဒီနေရာတွင်သာရပ်လိုက်ပါ
၏..။



Friday, February 24, 2012

မနေ့က....

        ပြောရမှာလည်းမျက်နှာပူပါတယ်....။ အားပေးကြတဲ့ အစ်ကိုတွေအစ်မတွေကိုလည်းအားနာမိတယ်.။
ကျွန်တော့်အပူတွေကို ကူးကုန်ကြတယ်.။ ဖြစ်ပုံကဒီလိုပါ..။
       မနေ့က ဂန်ဆီး(ဂန္ဒ၀င်ဆည်းဆာလေး.) က အွန်လိုင်းတက်ခဲ့မယ်ပြောတယ်.။ အဲ့ဒါကျွန်တော်က အတန်း
လည်းမရှိတာနဲ့ မနက်ခင်းစောစောစီးစီးထ ဘုရားတွေဘာတွေရှိခိုးပြီးတော့ Breakfastစားပြီးစောင့်နေတာ။
မြန်မာစံတော်ချိန် ၀၁း၀၀ လောက်ကျတော့ မလာမလာနဲ့ ဖုန်းဆက်လိုက်တော့.. ။ အသံလေးက ငှက်ပျော
ခွံကို.ရေနွေးနဲ့ပြုတ်ထားသလိုပဲ.. ယဲ့ယဲ့လေး..။ သူဖျားနေတယ်တဲ့.။အဲဒီအထိ ကျွန်တော်ဘာမှမဖြစ်သေးဘူး.။
သူ့ကိုအားပေးရတာပေါ့ဗျာ.။ သက်သာလား.။ အခုဘယ်လိုနေသေးလဲ.။ ဆေးရောသောက်လား.။ နှင်းတွေထဲ
ထွက်ဆော့လို့လား..။ အနွေးထည်မထပ်ဘူးထင်တယ်.။ဘာညာပေါ့ဗျာ။အဲ့လိုပြောပြီးတော့.ကျွန်တော်လည်း
နေ့ခင်းကျတော့.. ထူးထူးခြားခြားမအိပ်ချင်စဖူးအိပ်ချင်လာတာနဲ့ အိပ်လိုက်တယ်.။
           အိပ်ယာက နိုးလာတော့.။ တစ်ဘလော့တည်းနေတဲ့အခန်းကပ်လျက်က သူငယ်ချင်း ၂ယောက်က
ကျွန်တော့်ဆီလာပြီးတော့.. စိတ်မကောင်းတဲ့အကြည့်တွေနဲ့..သူတို့အခန်းမှာထမင်းလာစားဖို့ခေါ်တယ်.။
စိတ်ထဲမှာနည်းနည်းတော့ထူးဆန်းနေတာ.။ တစ်မေဂျာတည်းတွေဆိုတော့သူတို့က အကြောင်းသိတွေလေ.။
ကျွန်တော်တို့ ဇာတ်လမ်းကိုအစ အဆုံးသိထားတဲ့သူတွေပါ.။ ကျွန်တော် သူတို့အားလုံးကိုဆန့်ကျင်ခဲ့တာ.။
သူတို့မှ မဟုတ်ပါဘူး.။ အဲဒီနေ့က ဆိုတဲ့ပို့စ်မှာရေးထားတဲ့.အကြောင်းအတိုင်းပဲ.။ မန်းလေး က အဘိုးအဘွား
တွေကျွန်တော့်ကိုခုထိစကားမပြောဘူး..။ မိဘတွေစကားကိုလည်း ကျွန်တော် နားမထောင်ခဲ့ဘူး.။ (အိမ်က
သဘောမတူတာမဟုတ်ဘူး.။ ငယ်သေးလို့တဲ့..တားတာ.. မိဘဆိုတော့..)။ ပြီးတော့ ကျွန်တော်က ဒီကိုလာ
မယ့်သူဆိုတော့.. အာရုံမများအောင်လို့ ..ကျွန်တော်တို့ကိုစာသင်တဲ့ ဆရာ.အရာရှိက တားပါတယ်.။ညီလေး
မင်း .ဒါတွေကို မလုပ်သင့်ဘူးဘာညာ. ။ ဒါပေမယ့် ကျွန်တော်က ဘာကိုမှ ဂရုမစိုက်ခဲ့ဘူးလေ.။ (ကိုယ့်ကိုယ်
ကိုယ်မှားမှန်းတော့သိတယ်.။ ဒါပေမယ့်..ပြင်လို့မရဘူး...)ဘလော့က အစ်ကိုတွေအစ်မတွေလည်းသိပါတယ်။
ကျွန်တော် ဘယ်လောက်အတိုင်းအတာထိ ရှိတယ်ဆိုတာကိုပါ.။ အဲဒီတော့ သူငယ်ချင်းတွေက စိတ်မကောင်း
တဲ့မျက်နှာနဲ့ဆိုတော့ ကျွန်တော်နဲနဲတော့ Thinking ၀င်မိတယ်.။ နောက်. ကျွန်တော်တို့ဟင်းချက်အလှည့်ဆို
တော့ မီးဖိုခန်းထဲကိုသွားပြီး ဆီသတ်ဖို့ ဂျင်းတွေကြက်သွန်တွေလှီးတော့လည်း ..။ ကျွန်တော့်အုပ်စုကသူ
ငယ်ချင်းတွေက.. ။မင်းမလုပ်ပါနဲ့ကွာ.။မင်းဒီနေ့နားလိုက်ငါတို့ချက်လိုက်မယ်..ဘာညာနဲ့ဆိုတော့.။ ကျွန်တော်
ကမနေနိုင်လို့မေးရော..။ စိတ်ကလည်းအင်မတန်မြန်တာ.။ ဘယ်အထိတွေးမိလည်းဆိုတော့.. သတင်းဆိုး
တစ်ခုတော့သေချာပြီပေါ့.။ နာရေးများလား လို့ မတွေးကောင်းတွေးကောင်းတွေတွေးမိတာ....။ အဲဒါနဲ့ဇွတ်
မေးတော့. ဟိုဘက်ကျောင်းက သူငယ်ချင်းပြောပြလိမ့်မယ် တဲ့..။ အဲဒါနဲ့ကျွန်တော်ထပ်ချိတ်လိုက်တော့.။
ကျွန်တော့်ပေါက်စ ..တစ်ခြားတစ်ယောက်နဲ့ဒီနေ့ပဲစေ့စပ်တယ်ဆိုတဲ့သတင်းကိုကြားတယ်.။ မှတ်မှတ်ရရ
ကော်ဖီခွက်ထဲကို ရေနွေးထည့်ရင်းနဲ့ ဂျီတော့ကနေ မိုက်နဲ့လှမ်းပြောတာကိုနားထောင်နေတာ.။ သူပြောတဲ့
အသံလည်းကြားရော..။ ကျွန်တော် ခြေထောက်တွေခွေကျသွားတာ..။ အားပြတ်သလိုဖြစ်ပြီးတော့..။ ရေနွေး
တွေလည်း မှောက်ကုန်တယ်.။ သိပ်မပူလို့တော်သေးတယ်...။ အဲဒီနေ့မတိုင်ခင်က တစ်ခါဖြစ်သေးတယ်။
အဲဒီတုန်းက မသေချာလို့ သိပ်မဆိုးဘူး.။ ကိုယ့်ဖာသာကျိတ်ပြီးဖြေသိမ့်လိုက်တာ..။ မနေ့က ရတဲ့သတင်းက
တစ်ခါမှ မလွဲဖူးတဲ့ ..မေမြို့ကသူငယ်ချင်း ဆီက ရတာ..။လူက လုံးဝ ဟန်မဆောင်နိုင်တော့ဘူး.။အခန်းတံခါး
ကိုချက်ထိုးပြီးတော့.. ပေါက်ကွဲမိတယ်.။ သူငယ်ချင်းတွေကြားမှာစိုးလို့..သီချင်းကိုအကျယ်ကြီးဖွင့်ပြီး စိတ်ထဲ
ရှိတာတွေအော်နေတာ..။ရှက်ရှက်နဲ့မှန်တာပြောရရင်.. ငိုနေတာ..။စိတ်ထဲမှာ ရင်ငြိမ်းပွင့်ကိုသွားမြင်တယ်.။
ဒါပေမယ့် ကျွန်တော်သူ့လောက် မမိုက်ဘူးလေ.. ။ အဖေ တို့အမေတို့ ရှိသေးတယ်.။ လူလားမမြောက်သေး
တဲ့ ညီမလေးရှိသေးတယ်.။ ဒါပေမယ့် မနေ့ညကတော့ လုံးဝ ဖြေသိမ့်လို့မရတာ အမှန်ပါ.။ကိုမောင်မောင်
ပြောသလိုပါ.ကျွန်တော့်ကိုပြောဖူးတဲ့ ဆုံးမဖူးတဲ့ လူတွေအများကြီးရှိခဲ့ပါတယ်.။ ဒါပေမယ့် ကျွန်တော်ကတော့
အသိခေါက်ခက် အ၀င်နက်နေတုန်းပါ.။ကျွန်တော့်အကြိုက်ဆုံးသီချင်းတွေအများကြီးထဲက..ကိုထီးရဲ့
နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ် ကိုသွားသတိရတယ်. ။ အခန့်မသင့်ရင်အချစ်ရေးအတွက်ကိုယ့်အ
သက်တောင်ရန်ရှာလိမ့်မယ်.မျက်ကန်းအချစ်သမားတဲ့ ဆိုတာကိုသတိရတယ်.။ ကျွန်တော့် က ကျန်တဲ့
နေရာတွေမှာအစွဲ မထားပေမယ့်.. သူနဲ့ပတ်သတ်ရင်အစွဲကြီးနေတာကို ကိုယ့်ကိုယ်ကို ပြန်သတိထားမိ
တယ်.။သူ့အိမ်က သူ့ကိုဆူရင်တောင် ကျွန်တော်မကြိုက်ပါဘူး.။ ကျွန်တော်က သ၀န်တိုတာမဟုတ်ဘူး.။
သူ့ကိုကြိုက်တဲ့သူတွေရှိတာပဲ..။ အဲ့ဒါကျွန်တော်ဘာမှ မပြောဘူး.။သူ့ကိုနစ်နာအောင်မပြောနဲ့.။ သူမျက်နှာ
ပျက်အောင် မပြောနဲ့ အဲဒါမျိုးကိုကျွန်တော်မကြိုက်တာပါ.။ပြီးတော့ သူ့မှာ တော်တော်ပြင်းထန်တဲ့နှလုံး
ရောဂါရှိတယ်.။ နှစ်ယောက်သား ညနေဘက် အောက်ပတ်စ်ရလို့. ညဈေးတန်းသွားရင်.။ သူ့ခမျာလမ်း
မြန်မြန်မလျှောက်နိုင်ရှာဘူး.။  မောတတ်တယ်.။ အဲဒီလို လျှောက်သွားတဲ့နေ့ ညဘက်အမောဖောက်တယ်။
ကျွန်တော်က သူ့ကိုအဲဒီလို ဂရုဏာစိတ်တွေနဲ့ ချစ်ခဲ့တာပါ...။ သူ့နားမှာရှိနေရရင်ပျော်တယ်.။ ဒီကိုလာတာ
တောင် စိတ်တစ်ထင့်ထင့်နဲ့လာရတာပါ..။ အကုန်လုံးပြောရရင်ကျွန်တော်ဒီမှာနေနေတာ အိမ်ထောင်သည်
လိုပဲ.။ တစ်ချို့အိမ်ထောင်သည်တွေတောင် ကျွန်တော့်လောက် အပျော်ကင်းလိမ့်မယ်မထင်ဘူး.။ ၁၈ နှစ်
ပြည့်ပြီးသူတိုင်း အတွက် လိုချင်တာမှန်သမျှ တရားဝင်လိုရတဲ့နေရာမျိုးမှာ. ကိုယ့်ကိုယ်ကို အဖြူစင်ဆုံးနေခဲ့
တာ.။ အချိန်ရသရွေ့ စာရေးစာဖတ်.၊ မသကာ.. ချက်ရွန်းထဲခန၀င်ပြီး. သီချင်းဆိုတယ်.။ ဒီလောက်ပါပဲ.။
အဲ့ဒီလိုမျိုးဗျာ .. ဖြစ်ခဲ့ပြီးမှ..၊ ဖြစ်လာပြီးမှ.. ပျက်စီးသွားတယ်ဆိုတော့. ကမ္ဘာတွေကိုပျက်နေတာပါပဲ.။မနေ့က
ကြံကြံဖန်ဖန် အရက်လာတိုက်တဲ့သူငယ်ချင်းလည်းရှိသေးတယ်.။ အပြစ်တော့မတင်ပါဘူး.။ ကျွန်တော်လည်း
သူတို့ကို တံခါးမဖွင့်ပေးပါဘူး.။ အပြင်ကနေ တံခါးကိုထုပြီးအော်နေကြတာ...။ 
        မနက်လင်းတော့ ဖုန်းဆက်တယ်.. ။ အသံတွေနာနေတော့.. ဘာဖြစ်တာလဲ မေးတယ်.။ ကျွန်တော်က
ဘာမှ မပြောပဲ..။ ဒဲ့မေးလိုက်တော့.. ဘယ်သူပြောတာလဲ ဘာညာ.။ ကွိုင်သွားရှာမယ်လုပ်လို့ မနည်းတား
ထားရတယ်.။(လူကသာ လက်တောက်လောက်ရှိတာ ဇကတော့ မသေးဘူးနော်..အဲ့ကလေးလဲ ဒိန်းဂျားပဲ.)
ထူးပါဘူးဆိုပြီး..အန်တီနဲ့လည်းဖုန်းပြောဖြစ်တယ်.။ အေးဆေးပါပဲ.။ စိတ်အေးသွားတယ်.။ သက်ပြင်းအကြီး
ကြီးချမိတယ်.။ ပြီးတော့ ကိုယ့်ကိုယ်ကို ပြန်ရယ်ချင်နေတာ..။( မမချိုချဉ်ပြောတာ ဟုတ်တယ်..)ပြီးတော့
ကျွန်တော် ကွန်မန့်တွေဖတ်ပြီးတော့..အားနာနေတာ..။အားလုံးကိုအပူတွေကူးကုန်တာလေ..။ ကျွန်တော်
နောက်ဆိုရင် မရေးတော့ပါဘူး..။ ဖြစ်လည်းမဖြစ်တော့ဘူး....။အစ်ကိုတွေအစ်မတွေ..အားလုံး ကိုကြီးမောင်
မောင်.၊ ကိုတူး၊မချစ်စံအိမ်.၊ မမကန်ဒီ.၊ FB ထိ တစ်ကူးတစ်က Message ပို့ပြီးနှစ်သိမ့်တဲ့..အစ်မမြတ်ကြည်၊
ထူးထူးခြားခြားအားပေးသွားတဲ့အစ်မအယ်နီ.၊အစ်မ၀ါ.၊အစ်မပစ်ပစ်၊ အားလုံးကိုကျေးဇူးတင်ပါတယ်။တောင်း
လည်းတောင်းပန်ပါတယ်ဗျာ..။ညီဆိုးလေး၊ မောင်ဆိုးလေးရထားသလိုထင်နေမလားမသိပါဘူး..။ဒီဘလော့
လေးစရေးဖြစ်ကတည်းက ဒီလူတွေပဲရှိတာပါ.။ညီအစ်ကိုမောင်နှမတွေကိုဒုက္ခပေးမိသလိုဖြစ်ရင်တောင်းပန်
ပါတယ်လို့ ပြောချင်ပါတယ်နော်..။နောက်မဖြစ်စေရပါဘူး..။မဖြစ်တော့ပါဘူးလို့.. အစ်ကိုအစ်မတွေကိုရော၊
ကိုယ့်ကိုယ်ကိုပါ ကတိပေးလိုက်ပါတယ်.။
                                                   သမံစီးစတိုင်ပေါ့.. လတ်တလော အနေအထား.. (ပျော်နေသည်.)



Thursday, February 23, 2012

Why!

ဘာ့ကြောင့်လဲ....
မဖြစ်နိုင်ဘူးဆိုတာ  .. လောကကြီးမှာမရှိဘူးတဲ့..
တကယ်ပဲလား....။
လူပဲ.
ဘယ်အရာမှမတည်မြဲတာကို ကျွန်တော်သိပြီးသားပါ..။
ဒါပေမယ့်...
စောဒက တက်ချင်တယ်..။
မြဲမြံနေတဲ့သူတွေအများကြီးကြားမှာ..
ကျွန်တော်တို့က ဘာဖြစ်လို့များ.. လွင့်စင်သွားတာလဲ..။
တွဲထားတဲ့လက်တွေမမြဲလို့လား..။
တစ်ဖက်ဖက်က များလွှတ်လိုက်မိလို့လား..။
နှစ်ခုလုံး မဟုတ်ဘူး..။
ဒါဆိုဘာ့ကြောင့်လဲ..။

စိုင်းစိုင်းရဲ့ ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ ကို.. ခင်ဗျားတို့နားထောင်ဖူးလား..။
အချစ်နှစ်ခုပေါင်းစပ်တဲ့အခါ မိဘ အသိုင်းအ၀ိုင်းရဲ့စွက်ဖက်မှုတွေမပါရင် သိပ်ကောင်းမှာနော်... တဲ့..။
သူမ .. လိမ္မာပါတယ်... ။
မိဘစကားကို မြေ၀ယ်မကျနားထောင်လိုက်နိုင်တဲ့အချိန်မှာ..
ကျွန်တော်ဆိုတဲ့ ငတေတစ်ကောင်က...
ယောက်ျားတန်မဲ့.. ၄၈ နာရီတိတိ ငိုကြွေးနေတုန်း........။

နင်မမှားပါဘူး...
ငါမမှန်ခဲ့တာ..။
ငါ့မိဘတွေစကားကိုတော့ ငါ အကြိမ်ကြိမ်လျှစ်လျူရှုခဲ့ဖူးတယ်.။
ဒါပေမယ့်..
ငါ့မိဘဆိုတဲ့ အရာသာမရှိခဲ့ရင်...
နင်ဒီစာကိုဖတ်နေတဲ့အချိန်မှာ..
ငါ့လူ့လောက မှာမရှိတော့ဘူး. ... .. ။
Bon jovi  ရဲ့. " I'll be There for you." ထဲမှာပါတယ်...
" True Love is suicide.. " အချစ်စစ်ဆိုတာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းတဲ့.. ။
ငါ့ကိုယ်ငါသတ်သေမယ့် အချစ်ကို ငါကိုယ်တိုင်ရွေးခဲ့တာပဲ....။
ငါနင့်ကို ဘယ်တော့မှ မမုန်းပါဘူး.။
ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး.။
ဘာဖြစ်လို့လဲဆိုတော့..
နောက်တစ်ယောက်ကို ချစ်စရာမကျန်အောင်ချစ်ပစ်လိုက်လို့ပါ..။

စိတ်ချပါ..
နင့်မျက်ဝန်းတွေနဲ့ဝေးရာ.
အမှတ်တရပုံရိပ်တွေနဲ့ဝေးရာ
ငါချစ်တဲ့..နင်နဲ့
နင်ရှိတဲ့ပြင်ဦးလွင်..
အဲဒီနေရာကို ငါပြန်မသွားတော့ဘူး.။
စိတ်ချပါ...။ 
ငါ့မျက်နှာကို ဒီတစ်သက် နင်ပြန်မမြင်စေရပါဘူး.. . ။





Wednesday, February 22, 2012

မပြောမပြီး....

          နည်းပညာပိုင်းကိုမလိုက်တော့ဘူး လို့ စိတ်ကူးနေခါမှ...ခုတစ်လောတက်တက်တဲ့ ပြဿနာတစ်ခု
ပေါ်လာတယ်..။ အရင်..2nd Generation Chrome လိုမျိုး ဂျီတော့ကနေ အော်တို ဗိုင်းရပ်စ်လင့်တွေလိုက်ပို့
တဲ့.ကောင်လေးတစ်ကောင် ပေါ်လာတယ်.။ ha ha foto လို့ ခေါ်တယ်..။ ဂျီတော့ ကနေ အော်တို တက်လာတဲ့
လင့်ခ်လေးက haha foto http://www.alsia.fr/album.php?Facebook.com-IMG394041.JPG
 ဆိုတဲ့လင့်ခ်လေးပါ..။ မသိတဲ့သူတွေက ဓါတ်ပုံဆိုပြီးဒေါင်းလိမ့်မယ်.။ဒါပေမယ့် အဲဒါက Compressed ဖိုင်တစ်ခုပါ.။ အထဲမှာ Screen Saver တစ်ခုပါတယ်...။ 
    ကျွန်တော့်စက်မှာတင်ထားတာက.Avast Internet Security Proကိုတင်ထားတာ။ဆားဗစ်တွေကတော့
ရှယ်ပဲ.. .(ပုံစံကပြောပါတယ်.။)အဲဒါနဲ့ ဗိုင်းရပ်စ်သာဆိုရင်ရှင်းပစ်မှာပဲ အော်တိုUpdate လည်းပေးထားတယ်
ကွဆိုပြီး..။ Zip ဖိုင်ကို ဖြည်ချပြီး.. ဒဘယ်ကလစ်ခေါက်လိုက်တယ်..။ ဘာမှ မဖြစ်ဘူး.။အေးဆေးပဲ ဆိုပြီး ဟို
လူ.၊ သည်လူ ခင်တဲ့သူကိုတောင်..Avast ကောင်းကြောင်း ကြော်ငြာလိုက်သေးတယ်.။ ဟဲဟဲ.. သိပ်မကြာဘူး
၅ မိနစ်လောက်ပဲရှိမယ်ထင်တယ်..။ ကျွန်တော့်ချက်ဘောက်ကနေ တက်လာပြီလေ.. ဆရာသမားက..။
အော်တိုတွေချက်နေတယ်.။ငါ့ဒါမျိုးလာလုပ်လို့ဘယ်ရမလဲဆိုပြီး. Manual သတ်ဖို့လုပ်တယ်.။Taskmanager
ခေါ်တော့ Process Nameက မကွဲဘူး..။အရင်Chrome လိုမျိုး..msconfig ထဲကService tabမှာသွားရှာတာ
လည်းမတွေ့ဘူး..။ စိတ်ရှည်လက်ရှည်သတ်ရင် ရသော်ငြား.. အချိန်သိပ်မရှိတော့ သူများကိုပဲအားကိုးလိုက်
တယ်. ။ Google မှာရိုက်ရှာလိုက်တယ်.။ အဲဒီမှာ. Anti Malware  ကောင်းကောင်းလေးတစ်ခုကိုတွေ့တယ်..။
Malware bytes တဲ့.. ။ ဖရီးပဲဒေါင်းလိုက်တယ်..။ Crack တောင် ချိုးစရာ မလိုဘူး.။ Unregistered  ကိုပဲ
သုံးလို့ရတယ်.။ အဲဒီကောင်လေးနဲ့..Quick ပဲဖတ်လိုက်တယ်.။ စောစောက ကျေးဇူးရှင်လေး ၅ ကောင်
ထွက်လာတယ်.။ အဲဒီငါးကောင်ကုန်ရင်ကုန်ပါပြီ..။ Restart ချလိုက်ရင်. မရှိတော့ဘူး.။ 

















     တွေ့လား .. Backdoor တောင်ပါလိုက်သေးတယ်.။ စိတ်ရှုပ်စရာဆိုပေမယ့်... တွေးကြည့်ရုံနဲ့တင်..လန့်ဖို့
ကောင်းတယ်.။ သိပ်မဆိုးတာက.. ဒီကောင်က.. အရင်ဗိုင်းရပ်စ်တွေလို.Registry Editor ကိုပိတ်ထားတာ.၊
Task Manager, Group Policy , Command Prompt ကိုပိတ်ထားတာ ဘာညာ တွေ မလုပ်တာပါ.။ ဒါပေမယ့် 
ရှော့ရှိ  မရှိကတော့  ပုံထဲမှာမြင်တဲ့အတိုင်းပဲနော်..။  စဉ်းစားဖို့ရှိတာက .. အဲဒီလို ပုံစံမပြပဲနဲ့  သမားရိုးကျ 
Backdoor  ထည့်ထားရင်.  ကျွန်တော်တို့တွေသိချင်မှတောင်သိမယ်..။ ကိုယ့်ထဲမှာရှိသမျှ တက်တက်စင်တာ
တောင်သိမယ့်ပုံမပေါ်ဘူး.။ 
      စပ်မိလို့ပြောရပါဦးမယ်.။ ကျွန်တော်အခု သုံးနေတဲ့ အင်တာနက်က MB နဲ့ဝယ်သုံးရတာ..။ Unlimited 
မဟုတ်ဘူး. ။ အဲဒါ ပြီးခဲ့တဲ့လက .. MB 100000 ထည့်ထားတာ ၄ ရက်ထဲနဲ့ကုန်သွားတယ်.။ ကျွန်တော်က 
သူများတွေလို ဂိမ်းလည်းမဆော့ဘူး.။ ဇာတ်ကားလည်းမကြည့်ဘူး.။ ဒေါင်းလုပ်လည်း ပိုးစိုးပက်စက် မဆွဲ
ဘူး.။ စာဖတ်တယ်.။ ပို့စ်တင်တယ်.။ ရံဖန်ရံခါ You tube က သဘောကျတဲ့ ဟာလေးတွေနဲနဲပါးပါး ကြည့်
တယ် ... ။ ဒီလောက်ပဲ.။ အဲဒါနဲ့ .. အ၀င်အထွက် List ကိုကြည့်လိုက်တော့. အ၀င်နဲ့အထွက်မှာ. အထွက်က
တစ်ရက်တစ်ရက်ကို ၂၀၀၀၀ ကျော်နေတာကိုတွေ့တယ်.။ ဗုဒ္ဓေါ . ။ကျွန်တော်တကယ်ပဲ ဘုရားတရပြီ.။
အထွက်ကိုထွက်နေတယ်ဆိုတော့.. ဘာတွေပြန်ပို့နေလဲ.။ ကျွန်တော့်ဆီမှာ .. မက်လောက်စရာဆိုလို့ ဘာမှ
ကိုမရှိတာ. . ။ Partition ၅ ခုခွဲထားတဲ့ထဲက. Job ဆိုတဲ့ ထဲမှာတော့ လုပ်လက်စ Project တွေရှိတယ်.။ ဒါပေ
မယ့် . ယူမယ့်လူအတွက်တန်ဖိုးမရှိနိုင်ဘူး.။ Port မှန်သမျှလိုက်စစ်တယ်.။ (အကုန်လုံးတော့မဟုတ်ဘူး.။ 
ဖြစ်နိုင်ချေရှိတဲ့.. ကောင်တွေကို လိုက်စစ်ကြည့်တာ.. အကုန်လုံးစစ်ရင်သေရချည့်.) ။အဲဒါနဲ့ Firewall  တပ်
လိုက်တယ်.။ အဲဒါလည်းကုန်မြဲပါပဲ. ။ စိတ်ကလည်းသိပ်မရှည်နဲ့..။ကြာရင်လည်းမွဲမှာဆိုတော့..။ ၀င်းဒိုးအသစ်
ထပ်တင်ဖို့လုပ်တယ်.။ နောက်တော့ ထူးပါဘူးဆိုပြီး.။ Windows ကို မချပဲနဲ့..Ubuntu 11.10 ကိုတင်လိုက်တယ်။
အဆင်ပြေသွားတယ်.။ မိုက်တယ်ဗျာ. ။ ၀င်းဒိုးကိုပြန်တောင်မသွားချင်တော့ဘူး..။ အခုUbuntu ကိုတော်တော်
သဘောကျနေတယ်..။ တစ်ခုရှိတာက Linux kernel တွေက. အင်တာနက်မရရင် သိပ်အဆင်မပြေလှဘူး.။ 
Application သွင်းတာက အစပေါ့ဗျာ..။သုံးတတ်ရင်တော့.. Linux ဆိုတာ..ပရိုဂရမ်းမင်းသမားတွေနဲ့.. Security
သမားတွေအတွက်တော့ ရွှေပါပဲ.။
         နည်းပညာအကြောင်းကို သိပ်မရေးချင်ဘူး.။ နည်းပညာအသိုင်းအ၀ိုင်းကကျွန်တော်တို့ကျန်တဲ့ဘလော့
ဂါတွေလို ..သိပ်ပြီး Close မဖြစ်ဘူး.။ခုလို မောင်နှမတွေ သိုက်သိုက်ဝန်းဝန်းနဲ့ တစ်ယောက်ကိုတစ်ယောက် 
အားပေးကြ ဖေးမကြတွေမရှိကြဘူး.။ ပညာခန်းတွေများတယ်.။ ပြီးတော့.. ဒီအကြောင်းအရာ.။ ဒီပစ္စည်းကို
ပဲ အာဘော်အမျိုးမျိုးနဲ့.. ရေးကြတယ်.။ အသစ်ထွင်နိုင်တဲ့ သူ .တန်းပလိတ်တွေတင်ပေးတဲ့.. ကိုဇောင်းတို့. ကိုသံလုံငယ်တို့ နောက်ပိုင်းပေါ့..။ကိုယ်တိုင်ဖန်တီးနိုင်တဲ့သူဆိုတာ..တော်တော်ရှားသွားပြီ..။ (ကျန်တဲ့အစ်ကို
များကိုစော်ကားခြင်းမဟုတ်ပါ.။ စေတနာကို လေးစားပြီးသားပါ.။ဘယ်လောက်အချိန်တွေပေးရတယ်ဆိုတာ
လည်းကျွန်တော်ကိုယ်တိုင် လုပ်ဖူးတဲ့အတွက်ကြောင့်သိပါတယ်.။ ) နောက်ပိုင်းကတော့ ခုလိုမတတ်
တစ်ခေါက်လေး ဘောင်ဘင်ခတ်ခွင့်ကြုံလာပြီဆိုရင်လည်း မပြည့်တဲ့အိုးလေးကျွန်တော့်ကိုထပ်မံဘောင်ဘင်
ခတ်ခွင့်ပြုပါဦးလို့ ......။သပ်သပ်ကတော့ တစ်ကူးတစ်က မရေးတော့ဘူးနော်.. ။



Monday, February 20, 2012

သက္ကံရွာဟောင်းသို့ တစ်ခေါက်(၂)






























              မသိစိတ်၏ စေ့ဆော်မှုကြောင့်ကျွန်တော်ဖျက်ကနဲလန့်နိုးသွားသည်.။ပတ်ဝန်းကျင်ကမှောင်စပျိုး
နေသည်..။ အရင်ဆုံးသိလိုက်တာက.. ကျွန်တော် စစ်ကြောင်းနဲ့ အဆက်အသွယ်ပျက်ပြီးကျန်နေခဲ့ပြီ..။
လက်ထဲမှာက သေနတ်နှင့်.. ။ လူစစ်သည်မှာ ဘယ်လိုမှားလို့ကျွန်တော်ကျန်ခဲ့သည်ဆိုတာ ကျွန်တော်စဉ်း
စားလို့မရ..။ ချက်ချင်း စိတ်ထဲမှာတုန်လှုပ်စွာ သိလိုက်တာက. လက်နက်ဖြင့် ခွင့်မဲ့ပျက်ကွက်မှု ဆိုတာကို ဖြစ်
သည်.။ ယခုလောက်ဆိုရင်.. ကျောင်းထဲကိုပင်ပြန်ဝင်နေပြီလား..။ လူသူမနီးသည့်တောထဲကိုရောက်နေတာ
ကဆိုးသည်..။ မမှောင်ခင် သက္ကံဘက်ကိုပြန်လှည့်ရမည်လား.။ စစ်ကြောင်းဆီသို့ မိမိဖာသာ လိုက်ရမည်လား
စဉ်းစားလို့မရ...။ ဒီအတိုင်းနေလို့ကလည်းမဖြစ်..။
           ဆုံးဖြတ်ချက်တစ်ခု ကိုချလိုက်ပြီး.. ကျွန်တော်ကျောပိုးအိတ်ကိုလွယ်သည်... မီးရောင် မရှိသဖြင့်.အိတ်
ထဲမှာ ညဖက် မြေပုံဖတ်ဖို့နှင့်စာရေးဖို့ယူလာသည့် ဓါတ်မီးကိုထုတ်မည်ပြုမှ.. အေးမောင်မောင်ဟိန်းအိတ်ထဲ
ပါသွားပြီဆိုတာကို သတိရလိုက်သည်.။  ဘယ်လိုလုပ်ရမည်နည်း..။ ပတ်ဝန်းကျင်က မှောင်သထက်မှောင်
လာလေပြီ..။ ရှေ့ ဖက်ကို အလင်းရောင် ဖျော့ဖျော့ကို အားပြုပြီးကြည့်တော့ လမ်းက သုံးသွယ်ဖြစ်နေသည်.။
ဘယ်လား.၊ ညာလား ၊ အလယ်လား ဆိုတာ .မကွဲပြား..။ စစ်ဖိနပ် ရာတွေသွားကြည့်တော့လည်း .လမ်းဆုံမှာ
ရပ်နား သွားကြသည်ဖြစ်ရာ..လမ်းသုံးလမ်းလုံးမှာ ခြေရာတွေထင်နေသည်ပဲ..။ သို့ရာတွင် တစ်လမ်းလမ်းကို
တော့ ကျွန်တော်ရွေးရမည်..။ သက္ကံဘက်ကိုလှည့်ပြန်ရန်မှာလည်း. ဤအလင်းရောင်မျှဖြင့် . သစ်လုံးတံတား
ကိုဖြတ်ကူးဖို့လွယ်မည်မဟုတ်..။ ရှေ့မှာ ညောင်ကုန်းရွာ ရှိသည်ဆိုတာ သေချာစွာသိသည်.။ ထိုရွာကိုဘယ်
လမ်းကသွားသလဲ သိလျှင်ရပြီဖြစ်သည်. ။ လောလောဆယ်တော့.. စမ်းတ၀ါးဝါးဖြင့် သွားရမည်ဖြစ်သည်.။
           ရာသီဥတုက မိုးမရွာသော်လည်း နေမသာပဲ မိုးအုံ့သောကြောင့်..လပြည့်ညမဟုတ်သော်ငြား. ကြယ်
ရောလပါပျောက်နေသည်.။လမ်းတွေက တူသလိုလိုတော့  ရှိသည်..။ သို့ရာတွင် ဤအနီးနားတစ်ဝိုက်တွင်
မီးရောင်တော့ လုံးဝမမြင်..။ တောမနက်သော်လည်း တောကောင်များ ရှိမရှိကျွန်တော်မသိ.။ နယ်မြေ
ကတော့ ပြင်ဦးလွင်တစ်ဝိုက်က အညိုရောင်နယ်မြေမဟုတ်တာ သေချာသည်.။သို့ရာတွင်. အန္တရာယ်ဆိုတာ
မျိုးက အသိပေးပြီးလာတတ်သည့်အရာမဟုတ်ဆိုတာ ကိုတော့ ကျွန်တော်ကြိုသိထားသည်.။သေနတ်က
ကျည်ဆံမပါလျှင် တုတ်တစ်ချောင်းလောက်ပင်အသုံးမ၀င်ဆိုသောငြား..ထိုအသုံးမ၀င်သောအရာကိုပင် မိမိ
ချစ်သူထက်ပိုချစ်ရမည်ဟု. နည်းပြတွေမှာတာကိုကြားဖူးသည်..။လောလောဆယ်တော့ ကျွန်တော့် ကျောင်း
ပြန်ရောက်အောင်သွားရမည်..။
             ချွေးစေးတွေပါပြန်လာသည်..။ လမ်းကတော့ မှားနေပြီဟုကိုယ့်ကိုယ်ကို ထင်မိသည်..။ခလုတ်ထိမှ
အမိတ ဆိုသလို .အမေ့ကို သတိရသည်.။မေတ္တာသုတ်ကို ဖွဖွရွတ်သည်...။တောစောင့်နတ်တောင်စောင့်နတ်
များကို မေတ္တာပို့ အမျှဝေသည်..။ဆက်သွားနေရင်း.. နားကိုလည်းစွင့်ထားသည်..။ မျက်စိကလည်းအမှောင်
ထဲမှာ ကျင့်သားရစ ပြုနေပြီ..။  သွားနေရင်း.. နားထဲမှာ ခလောက်သံလိုလိုကြားမိသည်.. ။ စိတ်ထင်လို့လား။
တောမှောက်တာလား..။ မဟုတ်ပါ..။ ခလောက်သံမှ ခလောက်သံစစ်စစ်.။အသံက တစ်ဖြည်းဖြည်းနီးလာ

သည်..။ ချက်ချင်းပင် တိမ်ဖုံးသော လရောင်က ၀င်းကနဲထွက်လာ သည်နှင့်တစ်ပြိုင်နက်ပင်.. လမ်းကွေ့မှ
နွားလှည်းတစ်စီး ကိုဘွားကနဲတွေ့လိုက်ရသည်..။
            “ ဦးလေး .. ဦးလေး. .ကျွန်တော့်ကို ကူညီပါဦးခင်ဗျ...”
          “ ဟေ.. ဟာ ဗိုလ်လောင်း..မင်းထွက်ပြေးလာတာလား.. ”
          “ အာ မဟုတ်ပါဘူးခင်ဗျ...ကျွန်တော် စစ်ကြောင်းနားနေတုန်း သစ်ပင်အုပ်လေးအောက်မှာအိပ်ရင်းနဲ့
တစ်ယောက်တည်းကျန်ခဲ့တာပါခင်ဗျ...။အဲဒါဦးလေး. ကျွန်တော့်ကိုညောင်ကုန်း အထိပို့ပေးနိုင်မလားခင်ဗျာ.
ကျွန်တော် ပြန်မရောက်ရင်.. အရေးယူခံရမှာခင်ဗျ...”
       ပြောမယ့်သာပြောရသည်.. ။ အချိန်အခါက အရေးယူမယ်ဆိုရင်ယူလို့ရနေပါပြီ..။သေချာသလောက်က
တော့ ကျောင်းမှာ စစ်ကြောင်းပြန်ဝင်သွားပြီ..။ သူ့ကိုအပူတစ်ပြင်းလိုက်ရှာဖို့လုပ်နေပြီဆိုတာ ပဲဖြစ်ပါသည်.။
       “ အာ ညောင်ကုန်းဘက်ကဆိုရင်.. မင်း တောလမ်းအတိုင်းဘယ်သူလိုက်ပို့မှာလဲ..။ လာလာရွာလိုက်ခဲ့.
ရွာကျမှ ဆက်စဉ်းစားကြတာပေါ့...”
      ကျွန်တော် စဉ်းစားလိုက်သည်..။ ညောင်ကုန်း ၊ မိုးကြိုးပစ်လမ်း..၊မှ တောလမ်းအတိုင်းလိုက်လျှင်လည်း
မီနိုင်မည်မဟုတ်တော့.။ ထို့အတွက်.. ယခုလိုက်သွားပြီး ဆိုင်ကယ်နှင့်ဖြစ်စေ ပြန်လိုက်ပို့ဖို့အကူအညီတောင်း
မည်.. ဆိုသည့်အကြံဥာဏ်က အကောင်းဆုံးဆိုတာကိုစဉ်းစားမိသည်.။
       “ ကျေးဇူးပါပဲဦးလေးခင်ဗျ.. ”
       “အေး အေး.. ကဲတက်တက်.. ညာဘက်က မတက်နဲ့.. အဲဒီဘက်က ဆူးချုံတွေနဲ့ မင်းအ၀တ်အစားတွေငြိ
လိမ့်မယ်..”
     ထိုလူကြီးပြောသည့်အတိုင်း...ဘယ်ဘက်က ပတ်ပြီးတက်မည်လုပ်မှ.. ထူးခြားချက်တစ်ခုကို သွားတွေ့မိပါ
သည်..။ သူမောင်းလာသည့်လှည်းကြီး၏ ဘီးလုံးတွေက.. ရှေးဘီးလုံးတွေလို အပိတ်ကြီးတွေဖြစ်နေတာ
ကိုပါပဲ..။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
            လှည်းက အတော်ပင်ညက်ညောလှသည်.။ နွားနှစ်ကောင်ကလည်း ကြိမ်တို့စရာမလိုပဲ အရိပ်ပြရုံမျှ
ဖြင့် သိနားလည်သော နွားလိမ္မာကြီးများဖြစ်သည်.။တိမ်ကရုတ်တရက်ကင်းစင်သွားသည်မို့ လရောင်ဖြင့်
ပတ်ဝန်းကျင်ကိုမြင်နေရသည်..။ စကားတစ်ပြောပြောဖြင့် ခရီးဆက်ကြသည်.။ သူ့စကားပြောပုံအရ ထိုလူကြီး
အမည်မှာ ဦးမြမောင်ဖြစ်သည်..။ သက္ကံရွာဦးကျောင်းမှ ကပ္ပိယကြီးဖြစ်ကြောင်းသိရသည်..။
       နွားလှည်းစီးနေရင်း. ကျွန်တော့်စိတ်ထဲမှာ တောင်တောင်အီအီများစဉ်းစားမိနေသေးသည်.။ ငယ်ငယ်က
ဖတ်ဖူးသောနာနာဘာဝ များလူယောင်ဖန်ဆင်းသည်ဘာညာ..ကျတ်ကုန်း.အစရှိသဖြင့်ဖြစ်သည်.။စိတ်ထဲမှာ
သိပ်တော့မကြောက်ပါ..။လောလောဆယ်ကြောက်နေမိသည်.က. ခွင့်မဲ့ပျက်ကွက်တင်လိုက်မှာကိုကြောက်
တာဖြစ်ပါသည်.။ ဦးမြမောင်၏ ဥပတိရုပ် ဘုရားတရားအကြောင်းတွေပြောနေပုံထောက်တော့ လူသားစင်စစ်
ဖြစ်မည်ဟုယူဆလိုက်သည်.။ ပြီးမှ..အော် ငါဘာတွေလျှောက်တွေးနေပါလိမ့်ဟု ပြုံးမိသည်.။
       ၄၅ မိနစ်လောက်စီးမှ. ရွာပေါက်ဝသို့ရောက်သည်...။ လားလား. ကျွန်တော်အံ့သြသွားသည်.။ ရွာကသန့်
ရှင်းလှချည်လား..။ ကျွန်တော်ရောက်ဖူးသည့်ရွာ များထဲမှာဤမျှလောက်..သန့်ရှင်းသည်ရွာ မမြင်ဖူးခဲ့ပါချေ
ရွာထဲမှာ သဲဖြူခင်းထားသည်..။ ညမို့လို့သာတော်တော့သည်..။ လျှပ်စစ်မီးမရှိသော်လည်း ရေအားလျှပ်စစ်
ဖြင့် မီးလေးများကိုထွန်းထားတတ်သည့်ရှမ်းရွာလေးများထုံးစံအတိုင်း..လင်းထိန်နေသည်.။
     “ ဦးမြမောင်. ရွာနာမည်က ဘယ်လိုခေါ်လဲခင်ဗျ... ”
     “ သက္ကံလေ.ကွာ.. ”
     “ ဗျာ .. ညနေက ကျွန်တော်တို့ ဖြတ်လာတဲ့လမ်းမှာလည်း သက္ကံတစ်ရွာရှိသလားလို့...”
     ဦးမြမောင်က အဓိပ္ပါယ်ပါပါပြုံးလိုက်ပြီး..
     “ အင်းဟုတ်တယ်ငါ့တူ သက္ကံက နှစ်ရွာရှိတယ်ကွ..တို့က ရွာမ .. ရွာဟောင်းလို့သိကြတယ်ကွ.. ကဲကဲ
ကျောင်းပေါ်တက်.. ။ ဆရာတော်မကျိန်းသေးဘူးကွ. ဒီအချိန်ဆိုရင်..”
    ကျွန်တော်နဲ့ ဦးမြမောင်. ကျောင်းပေါ်တက်ပြီး ဆရာတော်ကို လျှောက်ကြသည်..။ ဆရာတော်ကသက်
တော် ၄၀ ခန့်သာရှိသေးသည်.။ အသံက သြဇာသံ၊ မေတ္တာသံပါသည်. ။ တွေ့တွေ့ချင်းဦးတိုက်ရှိခိုးပြီး.ကျွန်
တော့်ဖြစ်ပုံကိုစုံလင်စွာ လျှောက်သည်.။ ဆရာတော်က မျက်နှာကျက်ကို ကြည့်ပြီး ခေတ္တမျှစဉ်းစားကာ
     “ အင်း ဒီညတော့ ရွာမှာပဲ အိပ်လိုက်ပေတော့ .. မနက်ဖြန်.မနက်စောစောလိုက်ပို့ပေးတာပေါ့.။ကဲဦးမြ
မောင် . ဒီဗိုလ်လောင်းကို နေရာထိုင်ခင်းစီစဉ်ပေးလိုက်ပါဦး..”
    “ အာ . အရှင်ဘုရား.. တပည့်တော် ဒီည.. မပြန်ရင်.မဖြစ်ဘူးဘုရား.. အရေးယူခံရနိုင်ပါတယ်.။ ခုချိန်ဆိုရင်
တောင် တပည့်တော်ကို အပူတပြင်းလိုက်ရှာနေကြပြီထင်တယ်ဘုရား...”
      “ ဘာမှ မပူပါနဲ့တကာလေး..။ ဆရာတော် အားလုံးစီစဉ်ပေးပါ့မယ်..။ စိတ်မပူပါနဲ့. စိတ်ချလက်ချသာ အိပ်
ပေတော့.. မနက်ဖြန်မှ ပြန်လို့ရပါတယ်.....”
      တကယ်တမ်း ဘယ်လိုမှမဖြစ်နိုင်ဟုထင်ထားသော်လည်းဆရာတော်၏ သြဇာသံကြောင့်ကျွန်တော်အလို
လိုနေရင်း..စိတ်အေးသွားသည်မှာ အံ့သြဖွယ်ကောင်းလှသည်.။ဘာမှ ထပ်မလျှောက်ဖြစ်တော့ပဲ.. ။ ဦးမြ
မောင် နှင့်လိုက်သွားမိတော့သည်.။
       ဆွမ်းချက်ဆောင်မရောက်မီ.. ဦးမြမောင်နေသော. အဆောင်လေးပေါ်တွင်အိပ်ရန်နေရာပေးသည်..။
စောင်.၊ ခေါင်းအုံးများစီစဉ်ပေးပြီး.ဦးမြမောင်ပြန်ဆင်းသွားသည်.။ ခေါင်းအုံးပေါ်ကိုလှဲချလိုက်ပြီး စဉ်းစားမိ
သည်..။ ဘာကြောင့်ရယ်မသိ..။ အလိုလိုအဆင်ပြေသွားလိမ့်မည်ဆိုတာကိုကြိုသိသလိုလိုဖြစ်နေသည်.။
ပူပင်သောက တွေဘယ်ရောက်ကုန်သည်မသိ...။အိပ်မည်လုပ်ကာမှ ဘုရားမရှိခိုးရသေးဆိုတာကိုသတိရ
သည်..။တောစီးဖိနပ်ကိုချွတ်လိုက်ပြီး.. အဆောင်ပေါ်မှခနဆင်းကာ.. မြေစိုက်စေတီတော်ဝင်းထဲဝင်သည်.။
ဘုရားထဲမှာ စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည်.။ မိုးရာသီဖြစ်သော်လည်း ခြင်ယင် မရှိသည်က နဲနဲထူးခြား
သည်.။ ရွာ၏ သန့်ရှင်းရေးကြောင့်ဖြစ်မည်ထင်သည်..။ ဆည်းလည်းသံလေးများကိုကြားသည်။.. ။ ၁၅ မိနစ်
ခန့်ဘုရားရှိခိုးပြီး.. ပြန်ဆင်းလာသည်.. ။ ဘယ်တုန်းကနှင့်မှ မတူသော စိတ်ကြည်လင်မှုကိုရသည်.။ အ
ဆောင်ပေါ်သို့ပြန်တက်ပြီး..ခေါင်းချလိုက်သည်..။ ဘေးနားက အဆောင်မှ ကိုရင်လေး စာအံနေသော..ဒါရ
ကောဝါဒ အသံကိုကြားရသည်... ။
      “ ဒါရကောဝါဒ ၊ ဆိုမိန့်ဟ. ချိုဆိမ့်ကြနားမှာ.
         ပညာမရှိ မိုက်ခေါင်ထိ ၊ မသိအရာရာ..
         ပညာသုတ ရှိပါမှ. ၊ သိရအဖြာဖြာ.
        ပညာရှိအောင် သတိဆောင် ၊ အမောင်ကြိုးစားပါ.......”
       ကျွန်တော့်မျက်လုံးများ မှေးစင်းပြီးအိပ်ပျော်သွားတော့သည်...။

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

           မနက်ခင်းစောစော ၅ နာရီလောက်ကျတော့. အလေ့အကျင့်ရနေသူပီပီ ဖျက်ကနဲနိုးလာသည်..။
ကပ္ပိယကြီး ဦးမြင့်မောင် ကိုကြည့်တော့ မရှိတော့ ချေ.. ။ စောစောစီးစီး အရုဏ်ဆွမ်းကပ်နေပြီထင့်..။
ရေအေးအေးနှင့်မျက်နှာသစ်၍ .. သွားတိုက်ပြီးသောအခါ .ကပ္ပိယကြီးလာခေါ်သည်.။သူနှင့်လိုက်သွားပြီး..
ထမင်းဆီဆမ်းနှင့် အကြော်ကို မနက်စာအဖြစ်ကျွေးသည်.။ အလွန်ပင်ကောင်းမွန်သော ၊ ထမင်းနှင့်အကြော်
ဖြစ်သည်. ။ တစ်သက်လုံးစားဖူးသည့် မနက်စာများထဲတွင်အကောင်းဆုံးဟုထင်မိသည်.။
          စားပြီးသောက်ပြီးတော့ ဆရာတော် ကခေါ်ပြီး မိန့်တော်မူပါသည်.။
       “ ကဲ မပြန်ခင်.. ဦးမြမောင်.. ဒကာဗိုလ်လောင်းလေးကို ရွာထဲတစ်ပတ်လောက်ခေါ်ပြလိုက်ပါဦး..”
      “ တင်ပါ့ဘုရား... ...”
    Jungle Boot (တောစီးဖိနပ်)ကို ပြန်စီး၍ ယူနီဖောင်း အသန့်တစ်စုံထုတ်ဝတ်လိုက်သည်. ။ သေနတ်ကို..
ပခုံးမှာလွယ်လိုက်သည်..။ ရွာထဲကို ပတ်ကြည့်လျှင်. စမတ်ကျနေမှဖြစ်မည်မဟုတ်ပါလား..။ သေနတ်က
တော့ အရေးကြီးပစ္စည်းဖြစ်သဖြင့်.. ကိုယ်နှင့်မကွာထားရသည်..။
         မနက်လင်းမှ ရွာ၏ သာယာလှပမှုကို မျက်ဝါးထင်ထင်တွေ့မြင်ရသည်..။ရွာမှာ သိပ်မကြီးလှသော်လည်း
တည်ဆောက်ထားပုံမှာ. မြို့တစ်မြို့နှင့်ပင်တူနေသေးသည်.။ အကွက်ချထားပုံများ မှာ ညီညာသပ်ယပ်သည်.။
ထူးခြားလှသောရွာဖြစ်သည်ကိုသတိထားမိသည်.  ။ ရွာကလူများ သည်လည်း ထောင်ထောင်မောင်းမောင်း
သန်သန်စွမ်းစွမ်းများသာဖြစ်သည်.။ အ သားအရေစိုပြည်သည်.။ စကားအပြောအဆိုယဉ်ကျေးကြသည်.။
ရွာတွင် မှတ်၊ ခြင်၊ ယင် အစရှိသော ပိုးမွှားများ ကိုမတွေ့ရသည်က.. ထူးခြားမှုတစ်ရပ်လိုဖြစ်နေသည်.။ ထိုစဉ်
အချိန်က ကျွန်တော့်စိတ်တွင်..အခြားဂြိုဟ် ကမ္ဘာတစ်ခုကိုရောက်နေသည့်အလားဖြစ်နေသည်.။ အရာရာအံ့
သြစရာတွေချည်းဖြစ်နေသည်..။  ရွာကလူများက အသားမစားကြ.. ။ သက်သက်လွတ်သာစားကြသည်.။
စိုက်ပျိုးရေးဖြင့်သာအသက်မွေးဝမ်းကျောင်းပြုကြသည်ကိုတွေ့ရသည်...။
        ရွာကို အံ့သြတကြီးပတ်ကြည့်ပြီးချိန်တွင် နေ့လည်မွန်းတည့်ခါပင်နီးတော့မည်..။ပြန်ခါနီးတွင်ဆရာ
တော်ကိုရှိခိုးကန်တော့ ခဲ့သည်..။ဆရာတော်မှ ခဏ လာခဲ့ဦးဆိုကာ. ဘုန်းကြီးကျောင်းပေါ်ခေါ်သွားသည်.။
         “ ဒကာလေး ကို ဘုန်းဘုန်းက လက်ဆောင်ပေးချင်လို့....”
         “ တင်ပါ့ဘုရား...”
      “  ဟောဒီ ရဟန္တာသုံးဆူထဲက...ဒကာလေးကိုးကွယ်ချင်တဲ့ ရုပ်ပွားတော်တစ်ဆူပင့်သွားပေတော့.. ”
     ဆရာတော်ပြသော.. ရုပ်ပွားတော်သုံးဆူမှာ ပုံသဏ္ဍာန်မုဒြာမတူညီသလို...။အရွယ်အစားချင်းလည်းမတူ
ညီပါ.။ သို့ရာတွင်.. ရှေးလက်ရာ ရုပ်ပွားတော်များဖြစ်ဟန်တူပါသည်.။ အကြီးဆုံးမှာ..ဥာဏ်တော်တစ်ထွာ
ခန့်ရှိ၍ အသေးဆုံးမှာ.. ခဲတံ ခန့်သာရှိသော. ရှင်သီဝလိ ကိုယ်တော်ရုပ်ပွားတော်ဖြစ်ပါသည်.။ သုံးဆူစလုံး
မှာ..ကြေးရုပ်ပွားတော်များသာဖြစ်ပါသည်.။ကျွန်တော်စဉ်းစားပြီး အသေးဆုံးရုပ်ပွားတော်လေးကို ပင့်ဖြစ်ခဲ့
ပါသည်.။အကျီင်္အိပ်ကပ်လေးထဲထည့်လိုက်ပြီး လက်နှင့်စမ်းကြည့်လိုက်သည်..။အလေးချိန်အတော်ပင်စီး
သည်ကိုခံစားမိသည်.။
       “ ကဲ လာလာ လှည်းပေါ်တက်.. ။ ကျောပိုးအိတ်ကိုအရင်တင်လေကွာ.. ငါတူ...”
      အလာက ခေါ်လာသော ကပ္ပိယကြီးကပင်ပြန်လိုက်ပို့ပါသည်..။ ကျွန်တော်စဉ်းစားရင်းအတွေးနယ်ချဲ့
နေမိသည်.။ ဒီရွာ ကိုနောက်တစ်ခေါက်မှ ခွင့်ပြန်ကာလ ပြန်လာမည်ဟုစဉ်းစားထားမိသည်.။ လောလော
ဆယ်ကြုံရမည့်ပြဿနာဆိုတာကို ခေါင်းထဲမှာ ပူရကောင်းမှန်းမသိပဲ အေးငြိမ်းနေသည်ကိုခန့်မှန်းမိသည်.။
        အပြန်ခရီးက အလာထက်မြန်သည်ဟု ထင်မိသည်.။ မနေ့ညဦးကတွေ့ခဲ့သည့် လမ်းခွလေးနားကို
ရောက်လာသည်..။လှည်းပေါ်ကဆင်း၍အိတ်ကိုလွယ်လိုက်သည်.။ သေနတ်ကိုထမ်းနေတုန်း .ကပ္ပိယကြီး
ဦးမြင့်မောင်က..လှည်းကို လှည့်နေသည်..။ သွားမည်ပြုပြီးမှ နောက်လှည့်ပြီးနှုတ်ဆက်ဖို့ သတိရကာလှည့်
ကြည့်တော့ ဦးမြင့်မောင်ရော.. လှည်းပါ ပျောက်သွားသည်.. ။ ဘယ်ဆီရောက်သွားသည်မသိ.။ ကျွန်တော်
ကြောင်သွားသည်.။ ဟာ ခုချက်ချင်းပင် ဘယ်ရောက်သွားသည်လဲ..။ ဒီလူကြီးကျွန်တော့်ကိုပြန်မပြောချင်လို့
များ ပြန်ပြေးပြီးလာထင်မိသည်.။ စဉ်းစားရင်းတွေဝေနေတုန်းမှာပင်.. ပခုံးကို နောက်ကတစ်ယောက်ယောက်
ကလာပုတ်သည်..။
           “ ရော့ မင်းအတွက် ၀ယ်ထားတာ.. သွားမယ် ဟိုးဝါးရုံပင်အောက်မှာ ငါရယ်.. ဂျပန်ကြီးရယ်.. ဟန်မင်း
ရယ် နားနေတာ.. ”
         လက်ထဲမှာ ရေခဲထုပ်တစ်ထုပ်ကိုင်ထားသော ..အေးမောင်မောင်ဟိန်းကို မြင်လိုက်ရတော့ ကြောင်
တောင်တောင်ဖြစ်သွားသည်. .။ ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့.. ကျွန်တော်တို့ စစ်ကြောင်းကြီး ပါ..။
မျက်လုံးကို မသေချာ၍ သေချာပွတ်သပ်ကြည့်တော့.. ဟုတ်သည်...။ စစ်ကြောင်းကြီးမှ စစ်ကြောင်းကြီး.။
       “ ဟေ့ကောင် ဘာတွေကြောင်တောင်တောင်ဖြစ်နေတာလဲ.. လာသွားမယ်ဆိုနေ..တော်ကြာ ဆက်ထွက်
မယ်ဆိုမှ မနားလိုက်ရဘူးဖြစ်သွားမယ်....”
     လူကသာ အေးမောင်မောင်ဟိန်းခေါ်ဆောင်ရာသို့လိုက်ပါသွားသည်..။ စိတ်အစုံက ဘာတွေဘယ်လိုဖြစ်
ပျက်သွားသည်ဆိုတာကို နားမလည်နိုင်သေး..။လှည်းဘီးလုံး အပိတ်ကြီး.. ၊ ဦးမြမောင်.၊ သက္ကံရွာမ.၊ရွာဦး
ကျောင်းဆရာတော်.. ၊ဒီနေ့မနက် သက္ကံရွာဟောင်းမှာစားခဲ့သော . ထမင်းဆီဆမ်းနှင့်အကြော်.... ။
       ခေါင်းထဲမှာ အတွေးတွေက.. ရှုပ်ယှက်ခက်ကုန်သည်.။ ဘာတွေဖြစ်ကုန်ပါလိမ့်..။
      “ ခနလေးသူငယ်ချင်း..      ”
      အေးမောင်မောင်ဟိန်းကိုပြော၍  ကျွန်တော်အိပ်စက်ခဲ့သည့် ဇရပ်နောက်ကျောဘက်က ကျောက်တုံး
လေးကို ပြေးကြည့်သည်.. ။ ဇရပ်နောက်မှာ သစ်ပင်အုပ်ကလေးကတော့တကယ်ပဲရှိပါသည်.။သို့ရာတွင်
ကျွန်တော် ခြစ်ကြည့်ခဲ့သည့်ကျောက်တုံးကလေးက ပျောက်ချင်းမလှပျောက်နေပါပြီ..။
        ခေါင်းကို တစ်ဗျင်းဗျင်းကုတ်သည်..။ ဘာတွေဖြစ်ကုန်ပြီလဲ မသိခင်. ကျွန်တော် တစ်စုံတစ်ခုကိုသတိရ
လိုက်ပြီး ..။ အိပ်ကပ်ထဲကို စမ်းကြည့်လိုက်သည်.။ ဟာ.. . တကယ်ပင်ရှိနေသည်..။
      မသေချာ၍ အိပ်ကပ်ထဲက ထုတ်၍ကြည့်လိုက်သည်.။ ရှင်သီဝလိ ရုပ်ပွားတော်လေးတကယ်ပင်ရှိနေ
ပါသည်...။ကျွန်တော်မှာ အံ့သြသည်ထက်အံ့သြရတော့သည်..။
            “ရွှီး .. စစ်ကြောင်းဆက်ထွက်မယ်. ခွဲ ၁၄ ရှေ့ဆုံးကထွက်မယ်.. အစဉ်လိုက်အတိုင်း... ၁၃ ၊ ၁၂၊ ၁၁
ကနေ . ခွဲ ၁ နောက်ပိတ်ကလိုက်မယ်...”
          ဗျူဟာတာဝန်ခံအရာရှိ ၏ အမိန့်သံအဆုံးမှာ အားလုံး ခရီးဆက်ဖို့ပြင်ကြသည်.။ကျွန်တော်ကတော့
အခြေအနေအရပ်ရပ်ကို သဘောပေါက်သလိုလိုရှိလာသည်..။ သမားရိုးကျအခြေအနေတစ်ရပ်မဟုတ်မှန်း
ရိပ်စားမိလာသည်.။အားတွေပြည့်နေသည်ကိုလည်းသတိထားမိသည်..။
       SRP ကပြန်လာတော့ .. ကျွန်တော် ဘာသာတရားကိုပိုလုပ်ဖြစ်သည်..။ဒုတိယနှစ်ခွင့်ပြန်ကာလတွင်.
သူငယ်ချင်းစိုးထက်နှင့်တစ်ခေါက် ပြန်သွားကာ သက္ကံရွာဟောင်းရှာပုံတော်ဖွင့်သေးသည်..။ သို့ရာတွင်.
ထိုအနီးနားရွာတစ်ဝိုက်တွင်တော့ ရှေ့မီနောက်မီပုဂ္ဂိုလ်များမှ .၊နတ်ဖွက်ထားသလိုလို.၊ ရှေးခေတ်ကရွာ
ကြီးတစ်ရွာလိုလို ဘာလိုလို မရေမရာပြောကြသော ဒဏ္ဍာရီ သဖွယ် ယုံတမ်းတစ်ခုလိုလိုသာကြားခဲ့ရပါ
တော့သည်...။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
         
           “  ဒါဆို မောင်က အဲဒီရွာဟောင်းကို တကယ်ကြီးရောက်သွားခဲ့တာပေါ့...”
            “ အင်း . မောင့်အနေနဲ့က တော့တစ်ည အိပ်ခရီး အနေနဲ့ရောက်သွားခဲ့တာ .. ။ဒါပေမယ့် . မောင်ပြန်
ရောက်လာတော့ မောင်သွားတာ မိနစ်ပိုင်းပဲရှိသေးတယ်. ဆိုတာ သိရတယ်..။ ကိုယ့်ကိုယ်ကို မှားနေပြီထင်
ပေမယ့် . ရှင်သီဝလိဆင်းတုတော်လေးက သက်သေပဲလေ.”
         “ အမေ့ အိမ်က ဆင်းတုတော်လေးက အဲဒီ ဆင်းတုတော်လေးလား.. ”
       “ အင်း ဟုတ်တယ်..  မောင် လည်း အိမ်ကို တန်းပို့ပြီး ပူဇော်လိုက်တာ...အမေနဲ့အဖေကလွဲရင်ဘယ်သူ့
ကိုမှ မပြောပြဖူးဘူး.။ မေ့ကိုပြောပြတာ .. တတိယအကြိမ်ပဲ.. သူငယ်ချင်းတွေကိုတော့ အရူးလို့ပြောမှာစိုး
လို့ ဘယ်သူ့ကိုမှ ပြောမပြဖူးဘူး...”
      “ဘာပဲဖြစ်ဖြစ်..မေကတော့အဲဒီရွာကိုရောက်ရင် ပြန်လာချင်တော့မှာမဟုတ်ဘူး..”
   “ ဟင်. ဒါဆို မောင်တို့ကိုထားခဲ့မှာပေါ့.. ကလေးနှစ်ယောက်နဲ့.. ဒုက္ခများလိုက်မယ့်ဖြစ်ခြင်း...”
     “ဟာ. မောင်ကလည်း အဲဒီလိုတော့ ဘယ်ဟုတ်မှာလဲ.. ။ သွားမယ့်သွား. လေးယောက်စလုံးသွားမှာပေါ့..။
ဟိုကျရင်.. ကလေးနှစ်ယောက်ကို ..”
      “ အာ.. ဟိုက သွားရှာတာတောင်မတွေ့ပါဘူး ဆိုမှ ဒီမိန်းမကလည်းတော်တော်စိတ်ကူးယဉ်တာပဲ..”
       “ ဟုတ်ပါဘူး .. မေက .. စိတ်ကူးထဲမှာရှိတာကိုပြောတာပါ.....”
        နောက်ထပ် မေက စိတ်ကူးယဉ်ပြီး တစ်ခုခုကိုထပ်ပြောနေပါသည်..။မျက်လုံးလေးတွေမှေးပြီး စိတ်ကူး
ယဉ်နေပုံရပါသည်..။သူသက္ကံရွာဟောင်းကို တကယ်သွားချင်နေသည်လား..။ သူမသိပါ.။ကျွန်တော်ကတော့
မသွားချင်ပါ. ။ ဘာကြောင့် မသွားချင်သည် ဆိုသည်ကိုလည်း ကျွန်တော့်ဇနီးသည် သိမည်မဟုတ်ပါ..။
အကယ်၍သာ.. ထိုဇာတ်လမ်းသည်..သူစိတ်ဝင်စားအောင် ကျွန်တော်ဖန်တီးထားသောအာတွင်းဖြစ်လံကျုပ်
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ကြောင်း.. ကျွန်တော့်မိန်းမ သိခဲ့ပါလျှင်မူ.................။




     



Sunday, February 19, 2012

သက္ကံရွာဟောင်းသို့ တစ်ခေါက်(၁)

         “ မောင်ရေ..မနက်ဖြန်မေတို့.မန်းလေးဆင်းရအောင်.မောင်အားတယ်မဟုတ်လား.ဘုရားဖူးပေါ့မောင်
ရယ်. အကြီးကောင်က အရင်တစ်ခေါက်သူ့ကို ဖျားလို့ ထားပစ်ခဲ့တာကို မကျေနပ်ဖူးလုပ်နေတာ...”
       “ အာ.အားတယ်တော့ ဘယ်ဟုတ်မလဲမေရယ်..မနက်ဖြန် တနင်္ဂနွေဆိုပေမယ့်.. စစ်သားဆိုတော့တာဝန်
က နယ်ပယ် ၊အချိန်ကန့်သတ်လို့ရတာမှမဟုတ်ပဲ..24 hour stand by ပေါ့ကွ..။ဒါပေမယ့်အားဖို့တော့များမယ်
ထင်တယ်...။ ဌာနမှူးကိုသတင်းပို့ကြည့်ုလိုက်ဦးမယ်လေ...”
       “ အင်း .. ဒါနဲ့. ဟိုတစ်ခေါက်က ကိုမိုးတို့က ၀ိုင်ပုလင်းတွေမှာတဲ့ဟာ ယူသွားရမယ်..။သူတို့မှာတဲ့ အလယ်
ပင်လိန်က ၀ိုင်မရခဲ့ဘူးမောင်ရဲ့... အဲဒီဟိုဘက်က သက္ကံဆိုတဲ့ ရွာက ၀ိုင်ကိုရခဲ့တာ ..သက္ကံဝိုင်ကတော့မေ
လည်းမကြားဖူးဘူး...”
       “ သက္ကံက ၀ိုင်လား.....”
      “ မောင်က သက္ကံကိုရောက်ဖူးလို့လား...”
     “ ဟ .. တို့ဗိုလ်လောင်းဘ၀က SRP , LRP တွေလျှောက်ရင် အဲဒီလမ်းကြောင်းပဲဟ.. .အလယ်ပင်လိန်..၊
ဆေးတစ်လုံး ၊ သက္ကံ ၊ ညောင်ကုန်း.၊ သိမ်အင်း.၊ မိုးကြိုးပစ်.. လမ်းတစ်လျှောက်က ရွာတွေကို အလွတ်ရသေး
တယ်...။ အဲဒီရွာတွေထဲက မှ သက္ကံဆိုတဲ့ ရွာကိုထူးထူးခြားခြားကို သတိရနေတာ...”
      “ ဘာလဲ. သက္ကံသူနဲ့ ဇာတ်လမ်းရှိခဲ့တယ်ပေါ့လေ...”
      အိမ်သူသက်ထားက မင်္သကာသော မျက်လုံးဝိုင်းလေးများဖြင့်  မေးလာသည်..။
      “ ဘယ်ကလာဇာတ်လမ်းရှိရမှာလဲ.မေရဲ့... မောင့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်ဖြစ်ခဲ့
တာ မေရဲ့... ”
      “ .ဓနုမလေးလား... ရှမ်းမလေးလား..”
    “ အော် ဒုက္ခပါပဲ.. ဒီမိန်းမကိစ္စမဟုတ်ပါဘူးဆိုနေ.. တစ်ယောက်တည်းချစ်ခဲ့တာသူလည်း မသိတာ မဟုတ်
ပဲနဲ့...”
      “ ဒါဆိုမောင် မေ့ကို ပြောပြရမယ်.. ”
      “ မေ မပြောခိုင်းလည်း . မောင်က ဒီကိစ္စကို ပြောပြမလို့ပဲ.. ခုနားထောင်မှာလား..ဇာတ်လမ်းကနဲနဲတော့
ရှည်တယ်...”
        “ဒါဆိုနေဦးလေ.. မန်းလေးက ပြန်လာမှ ပြောပြ ...မောင်လည်းသေချာပြန်စဉ်းစားထား.ခါတိုင်းပြောနေ
ကျလို.အော်မေ့သွားလို့ ဆိုပြီး. ကြားက ကျန်ခဲ့တာတွေပြန်ပြောတာ သိပ် နားထောင်ရခက်တာပဲ...”
        “ ဟုတ်ပါပြီဗျာ..မေနားထောင်ချင်သလို ဖြစ်အောင်.. မောင်စာအုပ်နဲ့ရေးပြီးမှ ကလေးကိုပုံပြောပြသလို
ပြောပြမယ်ဟုတ်ပြီလား...”
        “ အင်း.. ဟုတ်ပြီ.. ။ ဒါဆို.. မေ မနက်ဖြန်အတွက်ပြင်ဆင်လိုက်ဦးမယ်.. မောင်လည်း ဌာနမှူးဆီခွင့်
တောင်းလိုက်ဦး.. ”
         “ အင်းအင်း... ”
        ကျွန်တော်ထိုနေ့မှစ၍ ကျွန်တော့်ဘ၀တွင် အမှတ်တရများစွာထဲမှာ တစ်စိတ်တစ်ပိုင်းဖြစ်ရုံမျှမက.
ဘယ်သောအခါမှမေ့နိုင်တော့မည့် ထူးခြားဆန်းကြယ်သောဇာတ်လမ်းတစ်ပုဒ်ကို . မှတ်မိသလောက်
 ပြန်လည်ရေးသားဖြစ်ခဲ့ပါတော့သည်.....။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
          
ခရီးတိုထိုးဖောက်ချီတက်တိုက်ခိုက်ခြင်း....။
SRP(Short Range Penetration) သင်ခန်းစာအရ..ကျွန်တော်တို့ ဒုတိယနှစ်ဗိုလ်လောင်းများ..ပြင်ဦးလွင်မြို့
ကို ရွာစဉ်တစ်လျှောက်ဖြတ်သန်း၍ မိုင်(၇၀) ခန့် ခရီးနှင်သည့် သင်ခန်းစာတစ်ခုဖြစ်ပါသည်.။သေနတ်
တစ်လက်..၊ ပေါင် ၄၀ ခန့်ရှိသော..။ စစ်ကျောပိုးအိတ်..၊ ချပ်ဝတ်တန်ဆာအပြည့်အစုံနှင့်..။ခန္ဓာကိုယ်အနှံ့
အပြားမှာထွက်နေသည့်ချွေးများက ရေညှစ်ချလို့ရနိုင်သည့်အနေအထား.။ ချွေးစိုစို ယူနီဖောင်းများကို နေ
ပူပူမှာ ချီတက်ရပြန်တော့..ခန္ဓာကိုယ်မှာ ဆားတွေအချပ်လိုက်ကြီးဖြစ်နေသည်ဆိုတာ အပြင်ကသူငယ်ချင်း
တွေယုံမှ ယုံပါ့မလားမသိ.။နဂို မဖြူသည့်အသားမှာ အညိုရောင်စိမ့်စိမ့်ဖြစ်နေသည်..။ ဒါပေမယ့် ဗိုလ်လောင်း
ဘ၀ နေလောင်ဒဏ်ဆိုတာ မှု စရာမလိုသည့် အသေးအမွှားထဲမှာပါဝင်သည်.။ခုလို အောက်ဒိုးသင်ခန်းစာမျိုး
များတွင်..။ ကိုယ့်ရိက္ခာကိုယ်သယ် .ကိုယ့် အုပ်စုနဲ့ကိုယ်ချက်စားကြရသည်.။ညဖက်တဲထိုးပြီးအိပ်ကြရသည်.။
ဆောင်းတွင်းဆို တုန်ပေရော့ပဲ..။ သို့ရာတွင် ယခု ထွက်လာသော SRP ကတော့ မိုးရာသီဖြစ်ရာ. သိပ်မချမ်း
သော်လည်း မိုးမရွာအောင် ဆုတောင်းနေရသည်.။ မိုးရွာပါက ခရီးမတွင်လှချေ. .။ အိတ်ကြီးများတနင့်တစ်ပိုး
နှင့် လဲလျှင်လည်းတော်တော်နှင့် မထနိုင်..။ ဗွက်များပေပါကလည်း .အတော်ဒုက္ခရောက်သည်မို့ မိုးကိုတော့
ကြောက်ကြသည်.။ ဒီ  အောက်ဒိုးကံကောင်းသည်က မိုးမရွာခြင်းပင်ဖြစ်သည်.။ သို့ရာတွင် နေအတော်ပင်ပူ
သဖြင့် လူပင်ပန်းလှသည်.။
        “ မိုးသက်...  မင်း ခုနနားတုန်းက အဒေါ်ကြီးပေးလိုက်တဲ့ သရက်သီးရှိသေးလား...”
       “ ဟေ.. အော်အေး.ရော တစ်လုံးအသစ်ရှိတယ်...”
       “ ဟိုအသေးလေးရော... ”
      “ အဲဒါက ငါကိုက်ထားပြီးသားမို့လို့. မင်းကိုအသစ်ပေးတာ...” 
      “ အာ မင်းကလည်း တောစိတ်ပေါက်နေပါပြီ.. ပေးပေး အသစ်ကိုသိမ်းထားလိုက်...။မင်းကိုက်ပြီးသားဘာ
ဖြစ်လဲ..။ တက်နင်းထားတာမှမဟုတ်တာ...”
       သူငယ်ချင်းဖြစ်သူ ကုတင်ချင်းကပ်လျက်..အေးမောင်မောင်ဟိန်းက.လာတောင်းသဖြင့် အင်းယားရွာ
မှာ ခနနားနေစဉ်.. ကျွန်တော်တို့နားသော အိမ်မှအန်တီကြီးက ကျွန်တော်တို့ကိုလာပေးသော သရက်သီး
သုံးလုံးထဲမှ တစ်လုံးကိုပေးလိုက်ပါသည်.။
      ဗိုလ်လောင်းများအောက်ဒိုးထွက်လျှင် . . ရပ်ရွာထဲမှဖြတ်သွားရသည်က ရှားပါးပါသည်.။ ရံဖန်ရံခါဖြတ်
သွားလျှင်လည်း .. ရွာမှ ရွာသားများမှ တစ်ရုန်းရုန်းဖြင့် ထွက်ကြည့်ကြ၊ မုန့်ထုပ်တွေဝေကြ...၊ရေတွေထွက်
တိုက်ကြ..၊ကလေးတွေကလည်း တုတ်ကလေးတွေကို သေနတ်တွေလိုကိုင်ပြီး ဘေးကနေ ပြေးလိုက်ကြ.ဖြင့်
ကြည်နူးစရာတော့ကောင်းသည်. ။မေမြို့အနီးတစ်ဝိုက်တွင်.ရှမ်း၊ဓနုရွာလေးတွေ ကများသည်.။သူတို့ကလည်း
ဗိုလ်လောင်းလေးများကိုချစ်ကြသည်..။သို့ရာတွင်.. ရွာအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်မည်စိုးသောကြောင့်
ယခုလို SRP , LRP များမှ အပ ရွာနှင့်ကင်းကင်း ၊ ခပ်လှမ်းလှမ်းနေရာများတွင်သာ လေ့ကျင့်လေ့ရှိကြသည်။
       “ မင်း စာမေးပွဲဖြေနိုင်လား... သူငယ်ချင်း..”
      “ အင်း.ဒီလိုပါပဲ. ပရယ်တီကယ်ဖြေတုန်းကကွာ.. Scope ကြည့်နေတုန်းနောက်ကတစ်ယောက်က မင်း
အလှည့်ဆိုပြီး. ပခုံးကိုပုတ်လိုက်တာ.. လန့်ပြီး မျက်လုံးနဲ့.. Scope စောင်းနဲ့ထိသွားလို့ နာသွားတယ်၊
အဲဒါနဲ့ငါလည်း ဘယ်ဘက်နဲ့ပြောင်းကြည့်နေတုန်း..အဖြေလွှာထပ်တဲ့ မောင်က..၀င်တိုက်သွားတာဘယ်ဘက်
လည်း ထပ်ထိသွားပြန်ရော..။အဲဒါ အဖြေလွှာလည်းထပ်ရော.. တို့မေဂျာက အခန်းစောင့်ဗိုလ်ကြီး.က မင်းည
က မအိပ်ဘူးမလား . မျက်လုံးတွေရဲနေတယ်ဆိုတော့.. ဘာပြောရမှန်းမသိတာနဲ့..ဟုတ်ကဲ့ လို့ပဲဖြေလာခဲ့
တယ်...”
          ကျွန်တော်က ပရယ်တီကယ်ဖြေတုန်းက.. အဖြစ်အပျက်ကို ပြန်ပြီးစမြုံ့ပြန်ပါသည်.။ နောက်မှသူငယ်
ချင်းများရယ်ကြသည်..။ 
     “ မင်းကလည်း ကြံဖန်ပြီးတော့ ကို ဖြစ်နေတာပဲ.. ။အဲဒါကြောင့်မင်းကိုဂျီပီလို့ခေါ်တာ နည်းတောင်နည်း
သေးတယ်...”
      ကျွန်တော့် ကို သူငယ်ချင်းများက ဂျီပီဟု နာမည်ပြောင်ခေါ်ကြသည်.။ တကယ်တမ်းဂျီပီဆိုသည်မှာ..
ဗိုလ်လောင်းအချင်းချင်းသာသိကြသော နာမည်ပြောင်တစ်ခုဖြစ်ပါသည်.။G=General( နေရာတကာ ။အထွေ
ထွေ.၊ယေဘုယျအားဖြင့်. ကြိုက်သလိုပြန်လို့ရသည်.။ ) P= ပုံမလာ.. ။ အားလုံးပေါင်းလိုက်တော့.နေရာတကာ
ပုံမလာသော..တစ်လွဲကောင် .. ဆိုသော အဓိပ္ပာယ်တစ်ခုထွက်လာသည်..။တကယ်တမ်းကျွန်တော်ထိုနာ
မည်ပြောင်ကိုရခဲ့တာက ကျွန်တော်ပုံမလာ၍မဟုတ်ပါ.။ ထိုနာမည်မျိုးရှိသော ဖိုင်နယ်ရီးယား အစ်ကိုတစ်ဦး
နှင့်ရုပ်ချင်းဆင် တူသည်ဟု ဆိုသောကြောင့်.. လက်ဖက်မကမ်း၊ ကင်ပွန်းမတပ်ပဲ . နာမည်အပိုင်စားရလိုက်
ခြင်းဖြစ်ပါသည်.။
      “ ရှေ့ရွာက ပင်လိန်နော်.. ဟုတ်လား မိုးသက်..”
       “ အာ ဘယ်ဟုတ်မလဲ.. ရှေ့ရွာက နောင်လိုင်ပါဟ.. ။ နိုင်နိုင်းနဲ့စိုးမြတ်နန္ဒာတို့တောင် မော်ဒယ်မြို့သူ
လာရိုက်သွားသေးတယ်...။ ဟိုးရှေ့မှာ ပြပြလေးမြင်နေရတဲ့ညောင်ပင်ကြီးက.. အဲဒါ နိုင်နိုင်းနဲ့ စိုးမြတ်နန္ဒာ
ချိန်းတွေ့တဲ့ညောင်ပင်ကြီး.. ။ဇာတ်ကားထဲမှာတောင်. . ။ နောင်တော်တွေ ထွင်းသွားတဲ့ အရာတွေပါသေး
တယ်..”
      “ သြော်.. သြော်...”
    ဘယ်ရမလဲ..။ ကိုယ်က မြို့ခံဆိုတော့ . မရောက်ဖူးသော်ငြား တစ်ခေါက်သွားပြီးကတည်းက မြေပုံက မျက်စိ
ထဲမှာ မြင်နေသည်..။ ဘာပြီးရင်ဘာ ဆိုတာ ဒက်ကနဲပြောလို့ရနေသည်.။
         ရှေ့ရွာ ရောက်တော့ အဲဒီကျွန်တော်ညွှန်းခဲ့သည့်ညောင်ပင်ကြီးအောက်မှာ ခနနားကြသည်.။ဟန်းကော
တွေဖွင့်ပြီးထမင်းစားကြသည်..။ ပြီးတော့ ပါသလောက် အလှူငွေတွေသဒ္ဒါ တရားရှိသလောက်ထည့်ဝင်ပြီး
နောင်လိုင်ဘုန်းကြီးကျောင်းကို လှူကြသေးသည်..။ ခေတ္တမျှနားခိုသော်လည်း... ကျွန်တော်နှင့်အေးမောင်
မောင်ဟိန်းက ကုဋီတွေပြေးဆေးလိုက်သေးသည်...။သူက ဓနုလူမျိုး ဘာသာတရားကိုင်းရှိုင်းသည့်နေရာမှာ
ကျွန်တော်နှင့်တွဲမိသည်..။
       အဲဒီကနေ ဆက်တော့ ကုန်းဆင်းကြီးမှာ ခြုံခို / တန်ပြန်ခြုံခို သင်ခန်းစာတွေ လေ့ကျင့်ကြသည်.။ အဲဒီ
နောက်..။ ထုံးဘိုရွာမှာ.. မန္တလေး-လားရှိုးလမ်းမကြီးကိုဖြတ်.၊ပြီးတော့ ရေတံခွန်တွေနှင့်သိပ်ကိုလှသည့်
ရန်ကုန်ဘုန်းကြီးကျောင်း..။ အဲဒီကျောင်းကိုရောက်သွားလျှင်.. ၀ူခုံးကားထဲက နတ်ပြည်ကိုရောက်သွားသလို
ပင် ရေမှုန်ရေမွှားတွေကြားထဲမှာတောင်နံရံကိုတက်သွားတဲ့ကျောက်လှေကားမတ်မတ်လေးကပင်တက်ရ
သည်.။ အလွန်ပင်လှသော ကျောင်းဖြစ်သည်.။ 
             ထိုဘုန်းကြီး ကျောင်းကိုကျော်လျှင်.. ပွဲကောက်ရွာသို့ရောက်သည်..။ပွဲကောက်ရွာမှာ.နာမည်ကြီး
BE ရေတံခွန်ခေါ်. ပွဲကောက်ရေတံခွန်ရှိသည်..။ ဗိုလ်လောင်းဘ၀ လေ့ကျင့်ချိန်ဖြစ်၍ ရေတံခွန်သို့ အနားသီ
ခွင့်မရခဲ့ပါ..။ 
               ပွဲကောက်ရွာမှ ဆက်သွားလျှင်.. အရှေ့ပင်လိန်ရွာကိုရောက်သည်.. ။ပြင်ဦးလွင်မှာမမြင်ရသည့်
ထန်းပင်နှစ်ပင်သုံးပင်တွေ့ရသည်.။ အပူပိုင်းမှာတွေ့ရသည့်. မန်ကျည်းပင်များလည်းရှိသေးသည်..။ ထိုရွာ
ကချောင်းထဲမှာ ဗိုလ်လောင်းများရေချိုးခွင့်ပေးသည်.။သေနတ်ကလေးများလွယ်ကာ အလှည့်ကျ ရေသွားချိုး
ကြသည်..။ အရှေ့ပင်လိန်ရွာမှ ၀ိုင်သည် ပြင်ဦးလွင်တစ်ဝိုက်တွင်နာမည်ကြီးသည်..။ ကားသမားများပုလင်းကို
ဒါဇင်လိုက်မှာကြသည်.။ အပတ်မပါသည့် ၀ိုင်ဟုနာမည်ကြီးသည်.။ ဆိုင်တွင်တင်ထားသော..ပါကင်လှလှ
ဝိုင်ထက် အဆပေါင်းများစွာကောင်းကြောင်းသိရသည်.။ကျွန်တော်တစ်ငုံခန့်သောက်မိသည်.။ ချိုမွှေး၍
လည်ချောင်းထဲတွင်ပူဆင်းသွားသော ၀ိုင်ဖြစ်သည်.။ နာမည်ကြီးလည်းကြီးလောက်ပါရဲ့ဟုတွေးမိသေးသည်.။
နောက်ပိုင်းတော့ မသောက်ဖြစ်တော့..။ ထိုနေ့ညက ပင်လိန်ဘုန်းကြီးကျောင်းဝင်းထဲမှာတည်းခိုကြသည်.။
               နောက်ရက်မနက် အရှေ့ပင်လိန်ကနေ ဆက်ထွက်တော့...အလယ်ပင်လိန်.၊ ပြီးတော့ . ပြည်သူ့ဘ
ဝလေ့လာရေး..ကျွန်တော်တို့ ဆည်မြောင်းတူးပေးခဲ့သည့် ဆေးတစ်လုံးရွာ..။ အဲဒီကနေ အကျော်မှာ သက္ကံ
ဆိုသော ရွာကလေးတစ်ရွာရှိသည်...။ထိုရွာအကျော်သို့ရောက်လျှင် ခေတ္တမျှ နားလေ့ရှိသည်..။ဒီ SRP တွင်
လည်းနားမည်မှာသေချာသလောက်ဖြစ်သည်.။ မနားလို့လဲ မရတော့။. ပင်လိန်မှာ ကျွန်တော်ရေဘူး ရေဖြည့်
ရန်မေ့လာသည်..။ မနားလျှင် ကျွန်တော် အပြေးတက်ဖြင့် အိမ်တစ်အိမ်အိမ်မှာ ၀င်ဖြည့်ရမည်...။
               တစ်ဖြည်းဖြည်းနှင့်သက္ကံရွာကလေးကို ဖြတ်လာသည်..။ နားမည့်အရိပ်အယောင်မပြသေး .. ကျွန်
တော် မနားဘူးအထင်ဖြင့်.. ။ လမ်းဘေးအိမ်တစ်အိမ်သို့ အကူအညီတောင်းကာ ရေဖြည့်သည်.။ပြန်ထွက်
ကာ စစ်ကြောင်းထဲပြန်ဝင်၍ ဆက်သွားပြန်သည်.။ ရွာကို၂ဖာလုံခန့်ကျော်သွားမှ.. စစ်ကြောင်းက ရပ်သွား
သည်.။ 
           “ ရွှီး.. နားမယ်ဟေ့.. ရှေ့က ဗိုလ်လောင်းတွေ..”
         “ နည်းပြအရာရှိတစ်ဦးက ခရာတွတ်၍ ရှေ့ က မောင်များကိုလှမ်းအော်သည်.။ကံကောင်းချင်တော့
ကျွန်တော်တို့ တပ်စု နားသည့်နေရာက ဇရပ်ကလေးတစ်ဆောင်ရှိသည်..။သို့ရာတွင်ကံဆိုးချင်တော့..ကျွန်
တော် အရိပ်ခိုဖို့ရာနေရာမရ..။သို့နှင့်..ဇရပ်လေး၏ အနောက်ဖက် မလှမ်းမကမ်း မှာ..ရှိသည့်သစ်ပင်ရိပ်အုပ်
အုပ်ကလေး နောက်က ကျောက်တုံးကလေး တစ်တုံးပေါ်ကိုထိုင်ချလိုက်သည်..။ ကျောပိုးအိတ်ကို..ဘေးမှာချ
သည်.။ ရေဘူးကိုထုတ်သောက်ရင်း ဟိုဟိုသည်သည် မျက်စိကစားကြည့်တော့..။ကျွန်တော်ထိုင်ချခဲ့သည့်
ကျောက်တုံးကလေးပေါ်မှာ.. အတော်ရှေးကျသော မြန်မာစာလုံးများကိုတွေ့ရသည်..။အေးမောင်မောင်ဟိန်း
ကိုခေါ်မည်လုပ်သေးသည်.။သို့သော် သူ့ကိုအနီးနားတွင်မတွေ့ရပါချေ..။ ဘယ်ရောက်နေသည်မသိ.။
       အိတ်ကပ်ထဲက ကင်းသော့တွဲ(ဓါး၊ ခေါင်းဘီး၊ နဖာကလော်တံ၊ ကတ်ကျေး၊ ဇာကနာ၊ မွှေးညှပ်၊ လက်
သည်းညှပ် ၊စသည်တို့အစုံပါဝင်သော သော့တွဲများကိုဗိုလ်လောင်းများ ဆောင်ထားလေ့ရှိသည်..)ကိုထုတ်
၍ ခြစ်ကြည့်ရာ.. ။ ထင်ရှားသောမြန်မာစာလုံးများကိုဖတ်၍ ရလာသည်..။ ကျောက်တုံးတွင်ရေးထားသည်
က ..
                        “ သကံ္ကရွာမ..”
         စိတ်ထဲမှာတော့ ဒီကျောက်တုံး၏ သက်တမ်းကို တွက်ချက်နေမိသည်.။ သို့ရာတွင်မိမိ မကျွမ်းကျင်မရင်း
နှီးသော အကြောင်းအရာဖြစ်လေရာ စိတ်ထဲတွင် မပါလှချေ..။လူကလည်းပင်ပန်းနေပြီဖြစ်ရာ.ကျောပိုးအိတ်
ပေါ်တွင် လှဲချလိုက်ရင်းမမျှော်လင့်ပဲ မှေးကနဲအိပ်ပျော်သွားတော့သည်..။

ဆက်လက်ဖတ်ရှုပါရန်...။



Friday, February 17, 2012

ညစ်လို့ရေးတဲ့စာ...



          ခုတစ်လော ဘာတွေအလိုမကျဖြစ်နေလဲမသိဘူး.။ စိတ်ထဲမှာ တစ်ခုခု ခံပြင်းသလိုလို၊ဒေါသထွက်သ
လိုလိုဖြစ်နေတာ.။ အတန်းသွားတော့လည်း စိတ်တွေပျံ့နေတယ်.။ နွေရောက်တော့မှာမို့လို့လားတော့မသိ..။
မစားချင်မသောက်ချင်၊ စကားမပြောချင် ၊ ဖြစ်နေတာ။ပို့စ်ရေးဖို့ကတော့ .. ကွန်မန့်လေးတွေကိုပြန်ကြည့်ရင်

ရေးချင်စိတ်ထပ်ပေါ်လာပြန်ရောဖြစ်နေတယ်.။
          ဗုဒ္ဓဟူးနေ့က ကျွန်တော်တို့ ကျောင်းက ပရော်ဖက်ဆာကြီးရူပကျောင်းသားအသစ်များကို လာကြည့်
တယ်.။ စာတွေပြန်မေးတယ်.။ ပွဲကိုပျက်ခံနေတာပါပဲ.။ သူက အသက်ကြီးတော့ စကားသိပ်မပီဘူး.။ ရူပဗေဒ
Terms တွေက သင်တာသိပ်မကြာသေးဘူးလေ.။ မနည်းလိုက်ရတယ်။ပြီးတော့Quantum Mechanics
တွေပြန်မေးတယ်.။ အဲဒါတွေကရသေးတယ်.။ နောက်ပိုင်း ပထမနှစ်လောက်က ဟာတွေက ခေါင်းတွေတစ်
ဗြင်းဗြင်းကုတ်ပြီးစဉ်းစားရတယ်.။ လူတော့ တော်တော်ရူးချင်သွားတယ်.။ ကျွန်တော်တို့ ရူပဗေဒ ဘာသာက
ရုရှားမှာ အဆင့်အမြင့်ဆုံးပဲ.။ ဆေးတွေ ဘာတွေတက်မလာနဲ့.။ ဒီမှာ တစ်ခု အားကျဖို့ကောင်းတာက.သင်တဲ့
ဆရာတွေ ၊ဆရာမတွေက ကိုယ်တိုင် ပညာရှင်ကြီးတွေဖြစ်နေတာပါ.။ ကျွန်တော်တို့ ကျောင်းက တင်သိပ္ပံ
ပညာနဲ့နိုဘယ်လ်ဆုရသူ ၂၄ဦးရှိတယ်.။ကျောင်းက နိုင်ငံတကာအာကာသစခန်းနဲ့တိုက်ရိုက်အဆက်အသွယ်
ရှိတယ်.။ အဲဒီက ပို့တဲ့.ဥက္ကာခဲတွေကို ဒြပ်ခွဲရတယ်..။ စာတွေဘာတွေ မသိလို့သွားမေးရင်.ဆရာလုပ်သူက
စာကြည့်တိုက်ကိုသွားပြီးငှားရမယ့်စာအုပ်ပြောတယ်.။ အဲဒီစာအုပ်ကိုရေးသူက တစ်ခြားသူမဟုတ်ဘူး .။ အဲဒီ
ဆရာကိုယ်တိုင်ပဲ.။အဲဒီလို အစဉ်အလာကြီးကြီးမားမားနဲ့.ကမ္ဘာ့အဆင့်ရှိတဲ့ကျောင်းကိုရောက်သွားတာကံ
ကောင်းတယ်ပြောရမလားကံဆိုးတယ်ပြောရမလားမသိဘူး.။တော်တော်တော့ လိုက်ရမှာပေါ့. ။တစ်ခုကံ
ကောင်းသွားတာက ကျွန်တော်တို့ကျောင်းမှာပဲ Ph.D တက်နေတဲ့အစ်ကိုကြီးတွေ.၊ D.Sc တက်နေတဲ့အစ်
ကိုကြီးတွေရှိနေတာပါ.။
        စကားကပြောရင်းနဲ့ ဘယ်ရောက်သွားတယ် မသိဘူး . ။ ခုတစ်လော ကျွန်တော်ဒုက္ခနဲနဲများနေတယ်.။
ဒီက ရုရှားတွေက ရေသိပ်မချိုးကြဘူး.။ ခုတစ်လောရေပူ ခဏခဏပြတ်နေတယ်.။ အဲဒီတော့ ကျွန်တော်ရေ
ချိုးချိန်တွေ ကိုးလိုးကန့်လန့်တွေဖြစ်ကုန်တယ်။အိပ်ယာထထချင်းရေမချိုးရရင် မနေတတ်တာ စစ်တက္ကသိုလ်
မှာကတည်းက အကျင့်လိုဖြစ်နေတော့.အိပ်ယာထလို့ရေမချိုးရရင်.တစ်နေကုန် ယားသလိုလို.၊ ဘာလိုလို
ဖြစ်နေတာ.။လူက စိတ်ရှုပ်ပါတယ်ဆိုမှ. ပေါက်စဆီဖုန်းဆက်တော့..ကလေးမကဘွဲ့ယူပြီး ချောင်းသာ၊ကျိုက်
ထီးရိုး၊ကျိက္ခမီ၊ စက်စဲ ဘာညာ သွားလည်မယ်နဲ့လာကြွားနေတယ်.။ဟိုတစ်နေ့က ဆရာတွတ်ရဲ့..ကျိုက်ထီး
ရိုးခရီးကိုဖတ်ပြီး သွားချင်နေတာပါဆိုမှ.. လာကြွားနေတယ်.။ ဂယ်လေတယ်.။ သွားကြ .။သွားနိုင်သူတွေ
သွားကြ၊လည်ကြ.၊ ဒါတောင် အင်္ဂါဂြိုဟ်ထိ တက်လည်ကြ..။ လူက စိတ်ညစ်နေပါတယ်ဆိုမှ.။ အဲဒီကလေး
ပြန်လာမှ ရင်ခွင်ထဲထည့်ပြီး လောင်ချာနဲ့ထုဦးမယ်.း(.။
        ခုတစ်လောနားထောင်ဖြစ်တဲ့သီချင်းတွေ..လည်းလူလိုပဲ စိတ်ညစ်တဲ့သီချင်းတွေများတယ်.။ လင်းလင်း
ရဲ့နွေအိပ်မက်ထဲ ဆိုတဲ့သီချင်းလေး တော်တော်ကြိုက်နေတယ်။သီချင်းက ကိုယ့်ကိုယ်ကို သတ်သေတဲ့
Gloomy Sunday နဲ့တောင်နည်းနည်းဆင်နေသလိုပဲ.။
                                                        နွေအိပ်မက်ထဲ
                                         (နားမထောင်နဲ့ကြိုက်သွားရင်တာဝန်မယူ..)
      မိန်းကလေးအဆိုတော်တွေထဲမှာ ၀ိုင်းစုကိုကြိုက်တယ်.။ ၀ိုင်းစုနဲ့ပေါက်စနဲ့တစ်ခါတစ်ခါတူသလိုထင်ရ
တယ် ။ ဒါပေမယ့် မတူဘူး ။ ကလေး ဆန်တာလေး တစ်ချက်တစ်ချက် တူချင်တာ. ။ ပြီးတော့အသံ..။
ဝိုင်းစု အသံက ပီပီသသထွက်တယ် .။ ပီပီသသဆိုတယ်.။ အဲဒါကို ကြိုက်တာ.။ တစ်ချို့ဗမာအဆိုတော်မမ
တွေလုပ်သံကြီးတွေနဲ့ မပီအောင်ဆိုနေတာကို မကြိုက်ဘူး.။ဟိုးတစ်နေ့ မCandy တင်ထားပေးတဲ့
ဒီထက်မက သီချင်းလေးလည်းတော်တော်ကြိုက်တယ်.။ သင့်ခရု . မချိုချဉ်..။
      နောက်ပိုင်းကို သိပ်အားတော့မယ်မထင်ပါ.. ။အပျော်အပါးများလျှော့ရပါတော့မယ်.။ အပျော်အပါးဆို
တာက. ဗွီဒီယို ကြည့်တာတွေလျှော့ရတော့မယ်.။ ဘလော့ကိုတော့ ပုံမှန်လေးပဲ ဆက်သွားပါမယ်။မအား
တော့ဘူးဆိုတာက . အခု ဘာသာရပ်နဲ့ပတ်သတ်တာတွေစသင်နေတာမို့လို့ပါ.။ နွေကျောင်းပိတ်ရက်.
ပီတာစဘတ်ကိုသွားမယ်စိတ်ကူးထားပါတယ်...။လောလောဆယ်တော့. ..ဟိုဘက်အခန်းမှာ မွေးနေ့ပွဲလုပ်
နေတဲ့အတွက်.ကြွရောက်ချီးမြှင့်လိုက်ပါဦးမယ်..(ဟီဟီ. တွေ့သွားမှ ထောမနာပြုခံနေရဦးမယ်.။)
အားလုံးပဲ ဂွတ်နိုက်..။
   
      
    



Wednesday, February 15, 2012

ဖျား၂ လီ...ဖျား..

          ခုမှ နေကောင်းတယ်.။ ဟိုတစ်နေ့က ဖျားနေတာလေ.။ ပြည်ထောင်စုနေ့က . ပြန်ပြီးသက်သာပေမယ့်.
ထပ်ဖျားသွားတယ်.။ ဖြစ်ပုံက မသေကောင်းမပျောက်ကောင်းပဲ.။ ဒါပေမယ့်  ကျေနပ်သလိုလိုပဲ. ။ဘာဖြစ်လို့
လဲဆိုတော့.။ ကျွန်တော်ဖျားနေတဲ့အ ချိန်မှာ.. ပြင်ဦးလွင်မှာပေါက်စလဲ တစ်ပြိုင်နက်တည်းဖျားနေတာ.။
လူက နေသာမကောင်းတာ . ။ ဖျားတာတောင်အတူတူဖျားရတော့ ကျေနပ်သလိုလိုဖြစ်နေသေးတယ်.။
          သူဖျားတာကိုကျွန်တော်အစက မသိပါဘူး.။ပြည်ထောင်စုနေ့က အွန်လိုင်းမတက်လို့ ဖုန်းဆက်မလို့
လုပ်တော့ ဖုန်းက ပိုက်ဆံကုန်နေပြီ..။ဖုန်းကလည်းဒီမှာဟိုဟိုသည်သည်သွားတာကလွဲလို့ဆက်စရာမရှိတော့

ပိုက်ဆံလည်း မဖြည့်ဖြစ်ဘူးဖြစ်နေတာ. ။ အဲဒါနဲ့ ပြင်ဦးလွင်ကအစ်မတစ်ယောက်ကိုဖုန်းဆက်ခိုင်းလိုက်မှ
ပေါက်စဖျားနေတယ်ဆိုတာ သိရတယ်။အဲဒါနဲ့ ကျွန်တော် ဖုန်းကဒ်သွားဖြည့်ဖို့ အနွေးထည်ထူထူထပ်ပြီးတော့
အဆောင်ဘေးက ကုန်တိုက်ကိုသွားပါတယ်.။  အောက်ထပ်ကို ဆင်းဆင်းချင်း အရင်ရက်များနဲ့မတူ အရမ်း

အေး တာကို သတိထားမိတယ်.။ ဖျားထားခါစမို့လို့ ကိုယ်ခံအားနည်းနေတာ လို့ ထင်မိပေမယ့်..။အပြင်မှာပါ
လူတွေ ရှင်းနေတာကိုတွေ့မှ အပူချိန် မကြည့်ခဲ့မိတာကိုသတိရမိတယ်.။ ကုန်တိုက်ကိုလည်း ရောက်ရော.
ဖုန်းကဒ်ဖြည့်တဲ့. စက်က အလုပ်မလုပ်ပါ ဆိုတဲ့ .. စာကပ်ထားတယ်.။ သေရောဗျာ.။ ဟိုးဘက် မြေအောက်ရ
ထားဘူတာ ထိသွားဖြည့်ရတော့မယ်. .။  သိပ်တော့ မဝေးပါဘူး.။ လမ်းလျှောက်ရင်..၁၅ မိနစ်လောက်တော့
လျှောက်ရတယ်.။ ဒီအတိုင်းသွားလို့တော့ တော်တော်အေးမယ့်သဘောရှိတာနဲ့..အဆောင်ပေါ်ပြန်တက်ပြီး
အနွေးထည်နောက်တစ်ထပ်ပြန်ထပ်ရတယ်.။ အခန်းထဲရောက်မှ Desktop ပေါ်ကိုကြည့်လိုက်မှ.. -28 ဒီဂရီ
ဖြစ်နေမှန်းသိတယ်ဗျာ..။


အနုတ်၂၈ တဲ့..



         အဲဒါနဲ့ကျွန်တော် အနွေးထည်သုံးထပ်လောက်ထပ်ပြီး . မြေအောက်ရထားဘူတာမှာ ဖုန်းကဒ်သွားဖြည့်
တယ် .။ သူငယ်ချင်းတွေကို အဖော်ခေါ်ပေမယ့်အေးလွန်းတော့ မလိုက်ချင်ဘူးထင်တာနဲ့ အားနာပြီး မခေါ်
တော့ပဲ တစ်ယောက်တည်းပဲထွက်လာတယ်.။အသွားကတော့အေးအေးဆေးဆေးပဲ.။အေးချက်ကတော့ ပိုး
စိုးပက်စက်ပဲ.။ မျက်နှာတွေကွဲထွက်တော့မယ်.။ ဒါတောင် တစ်ကိုယ်လုံးမှာ မျက်နှာ တစ်ခုပဲဖော်ထားတာ။
ခြေထောက်တွေထုံကျဉ်ကုန်တယ်.။ ဥဒ္ဒိစ္စအလွန်.၊ကမ်းကုန်နေပြီ.. ချစ်လုံ့လ၊ချစ်ဝီရိယ များ ဆိုတာကို သွား
သတိရလိုက်သေးတယ်.။ 
         အပြန်ကျတော့.။ ကျွန်တော်တို့ အဆောင်မရောက်ခင်.. ထင်းရှုးတောလိုလိုနေရာလေး တစ်ခုရှိတယ်.။
အဲဒီနေရာက လူနည်းနည်းပြတ်တယ်.။ခါတိုင်းတောင်လူပြတ်တယ် ဆိုတော့ .အဲဒီနေ့က ပိုဆိုးတယ်.။ ရုရှား
တွေတောင် အပြင်မထွက်ကြတာကိုတွေ့တယ်. ။ အပြန်ခရီးဆိုတော့ လူက နည်းနည်းထုံချင်နေပြီ..။ အဲဒီ
ထင်းရှုးတောလေးထဲလည်းရောက်ရော..။ ခြေထောက် မှာတစ်ခုခု တင်းသလို ဖြစ်သွားတယ်။ ဒါပေမယ့် ထုံ
နေတော့ မသိသာဘူး.။ နောက်တစ်လှမ်းလှမ်းလိုက်မှ. တင်းတင်းကြီးနဲ့ညွတ်ကျသွားပြီး ကြွက်တက်မှန်းသိ
တော့တယ်. ။ ကျောင်းမှာ ကြွက်တက်ရင်. ရေခဲနဲ့ကပ်တာ မြင်ဖူးတယ်.။ ခုဟာက အေးပြီးတက်တာဆိုတော့
ဘာလုပ်ရမှန်းမသိဘူး.။ တော်တော်နဲ့လဲ ပြန်မထနိုင်ဘူးဖြစ်နေတယ်. ။ ပတ်ဝန်းကျင်မှာလည်းအကူအညီ
တောင်းစရာလူမရှိဘူး.။ ကူညီကြပါဦး..လို့ ရုရှားလိုအော်သေးတယ်.။ ကံဆိုးချင်လို့လားမသိဘူး ဘယ်သူမှမရှိ
ဘူး..။ သေချာတာက ကျွန်တော် နောက်ထပ် ၅ မိနစ်လောက်ဆိုရင် သွေးခဲပြီးသေနိုင်တယ်ဆိုတာ သတိ
ထားမိတယ်.။ စိတ်ကိုတင်းပြီးမရရအောင်ထတယ်.။ မလှုပ်မရှားပဲ ခနလောက်ငြိမ်လိုက်လို့လားမသိဘူး.။မျက်
လုံးတွေဝါးနေတယ်.။ မရရအောင်ထတယ်.။ ငယ်ငယ်ကတည်းက အခက်အခဲကြုံရင်ရွတ်နေကျ.. ယဿာနု
ဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ ကို ပါးစပ်ကတမ်းရွတ်မိတယ်.။ ဘုရားတရားကိုအာရုံပြုပြီးတော့
စိတ်ကိုတင်းပြီးတော့မှ ထတယ်.။ သွေးတော့နည်းနည်းပူသွားပြီလို့ထင်တယ်.။ ခြေသလုံးကိုစမ်းကြည့်တော့ 
ထောက်နေတဲ့ကြွက်သားအလုံးကြီးကရှိသေးတယ်.။ ခြေထောက်ကို ခေါက်ပြီးတော့..ထိုင်ပြီး နှိပ်နယ်ကြည့်
တော့ ပြန်ကျသွားတာကို ၀မ်းသာအားရတွေ့တယ် ..။ ပြန်မတက်ပါစေနဲ့လို့ ဆုတောင်းပြီး.။ အဆောင်ကို 
ထော့ကျိုးနဲ့ပဲလျှောက်ပြီးပြန်လာခဲ့တယ်.။ 
         အဆောင်ပြန်ရောက်တော့ ဖုန်းတောင်မဆက်အားဘူး.။ ကျွန်တော် အားပြတ်ပြီးလဲမလိုလိုဘာလိုလို
ဖြစ်သွားတယ်.။ ကွန်ပျူတာကို Ubuntu စမ်းတင်တာ အိပ်ရေးပျက်ရက်တွေများနေပြီလေ.။ ဖုန်းဆက်ပြီးနား
လိုက်တယ်. ..။ညနေစောင်းကြီးအိပ်လိုက်လို့ လားမသိပါဘူးဗျာ. ။ ပြန်နိုးလာတော့ ကိုယ်တွေပူနေပြီ..။ 
ဗိုလ်ချုပ်မွေးနေ့မှာလဲ စာမရေးလိုက်နိုင်ဘူး.။ ခုတောင် ဘာသာရပ်နဲ့ဆိုင်တဲ့ဝေါဟာရတွေသင်နေလို့ 
အတန်းကို မပျက်ချင်လို့လိုက်နေတယ်.။ခုတော့ကောင်းသွားပါပြီ.။လူကတော့အားမရှိချင်သလိုဖြစ်နေတယ်။
ဒါပေမယ့် နားလို့မရဘူး ဗျာ. ။ ဘလော့ကိုတော့ နေ့တိုင်းဖွင့်ဖြစ်တယ်.။ သူများတွေရေးထားတာတွေလိုက်
ဖတ်ရင်း..။ အားကျတယ်.။ မတင်နိုင်ရင်လည်း အားနာမိတယ်.။ ဗိုလ်ချုပ်မွေးနေ့တုန်းက ဖေ့ဘွတ်ခ် ပရိုဖိုင်
မှာ ဗိုလ်ချုပ်ပုံလေးတင်လိုက်သေးတယ်.။ ခုတော့ နေကောင်းလာပါပြီ.။ စာတွေများလာပြီဗျာ.။ ရက်တွေကျဲ
မှာကြောက်တယ်.။ ပေါက်စလည်းနေကောင်းသွားပြီလို့ပြောတယ်.။  
          အခုရေးတဲ့အချိန် .-4 ဒီဂရီပဲရှိတော့တယ်. ဟိဟိ. မကြာမီ ဘောလုံးထွက်ကန်နိုင်ပါလိမ့်မည်...။ အော်
ပြောဖို့ တစ်ခု ကျန်သွားသေးတယ်.။ ကျွန်တော်ဖျားနေတုန်းကာလက..အဖျားပျောက်သွားတာ .. အစ်မ
အော်တန်..ရဲ့ ဗယ်လင်တိုင်းနေ့ သီချင်းဆိုပြိုင်ပွဲမှာ ဖျားရက်ကြီးဝင်ပြိုင် လိုက်တာ ချွေးထွက်သွားလို့လို့ထင်
ပါတယ်။  ပထမဆုကတော့ US က ကို Holystar က ရသွားပါတယ်.။ ကျွန်တော်က ဒုတိယ.. ။ တတိယက 
ကျွန်တော်နဲ့စာသင်ခန်းတစ်ခန်းတည်း ...ဘေးချင်ကပ်လျက်က ဝေလျှံဦး ကရသွားတယ်. ။ တစ်ကမ္ဘာလုံးက
မြန်မာတွေစုပြီးပြိုင်တာပါ.။ အယောက် ၃၀ ပြိုင်ရပါတယ်.။ ဒုတိယနဲ့တတိယကို တစ်ဆောင်တည်းအတူတူ
နေတဲ့ သူငယ်ချင်းနှစ်ယောက်ရသွားတယ်ဆိုရင်.. ချက်ရွန်းထဲကလူတွေ စိတ်ဆိုးနေမလားမသိဘူး ဟီးဟီး.။
ကျွန်တော့်ရဲ့. ရေကုန်ရေခန်းပြိုင်ခဲ့တဲ့. ပွဲစဉ်တွေက..
၁- မိုးသက် Vs လွမ်းပို..(မိုးကုတ်သူ သူငယ်ချင်း ကောင်မလေးပါ..။ ပြောမနာဆိုမနာတွေ..။ မပြိုင်ခင်ကတည်းက နာတော့သွားပီ. ဆိုတဲ့သူလေ..)
စိုင်းစိုင်းရဲ့..နွေရာသီလမ်းခွဲသီချင်းနဲ့ ဖြုတ်လိုက်တယ်.။ 
၂- မိုးသက် Vsနတ်သမီးလေး( L လွန်းဝါရဲ့ ရင်ဘတ်ထဲကလူ သီချင်းနဲ့ နိုင်ပါတယ်..)
၃- မိုးသက် Vs ကိုကျားပေါက်( ပွဲမစခင်ကတည်းကပထမရမယ်လို့တစ်ပေးထားတဲ့အစ်ကိုပါ.။ ဂစ်တာနဲ့ကိုယ်
တိုင်တီးပြီးဆိုတာပါ.။ သိပ်ကိုကောင်းတယ်.။မထင်မှတ်ပဲနဲ့နိုင်ခဲ့ပါတယ်.။ ဒါပေမယ့်ကျွန်တော့်နောက်ဆုံး
လက်နက် အဖြစ်ထားထားတဲ့. ဖိုးကာရဲ့ လမ်းခွဲသီချင်းကိုထုတ်သုံးလိုက်ရတယ်...အဲဒီသီချင်းက ကျွန်တော့်
အပိုင်ဆုံးလို့ပြောရမယ့် Master Piece ..။)
၎-ဆီမီးဖိုင်နယ်ပါ..မိုးသက်Vsကိုဇော်ဖြိုး (ဖိုးကာရဲ့ င့ါရဲ့လျှို့ဝှက်ချက် သီချင်းနဲ့ နိုင်ခဲ့ပါတယ်.။ )
၅- ဖိုင်နယ်ပွဲပါ.. မိုးသက် Vs ကို Holystar (ဖိုးကာရဲ့ တိုးတိုးလေးပြောပါနဲ့ပြိုင်ပါတယ်.. ကိုဟိုလီစတားဆိုတဲ့
သီချင်းကိုတော့နာမည်မသိပါဘူး.။ ကျွန်တော်ရှုံးသွားပါတယ်။ )
           ပြီးခဲ့တဲ့ ဟက်ပီးနျူးရီးယားတုန်းက တစ်ပွဲလုပ်ပါသေးတယ်။ ကျွန်တော်ပန်းခြံလိုက်သွားလို့ မပါလိုက်ရ
ပါဘူး.။ အဲဒါနဲ့ဒီပွဲကျတော့ ဖျားနေရင်းနဲ့ မလွတ်ချင်လို့ ၀င်ပြိုင်လိုက်တာပါ.။ဆုကတော့ ဘာရဦးမလဲ မသိ
သေးပါဘူး.။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ .ဒေါ်လာ ၁၇၅-၁၅၀-၁၀၀ လားမသိဘူး ပေးတယ်..။ခုတော့မသိ
ပါဘူး.။ ၀ါသနာပါရင်လာခဲ့ကြပါဦး.. ။ဒီမှာ အသေးစိတ်သွားဖတ်နိုင်တယ်နော်. ။ အဲဒီထဲမှာ နာမည်က မှား
နေသေးတယ်.။ ကျွန်တော့်နာမည်ကို မိုးယံထက်လို့ရေးထားတာ ဟိဟိ..။ ကဲတော်ပြီဗျာ..အိမ်စာတွေလည်း
များတယ်.။ စာလုပ်လိုက်ဦးမယ်နော့..။ ဒီလဂစ်တာဝယ်ပြီးရင်..ကျွန်တော်လည်း မချိုမချဉ်..ဟုတ်ပေါင်မှားလို့
မချိုချဉ်လို Youtube Channel လေးတစ်ခုလောက်လုပ်ဖြစ်မယ်ထင်တယ်. ။ See You ပါ..။ဒီလောက်နဲ့ပဲကျေနပ်
ကြပါဦးလို့..။




Saturday, February 11, 2012

သူ့အတွက်လက်ဆောင်...

         ဘာလိုလိုနဲ့ Valentine ကိုရောက်တော့မယ်နော်.။ လက်ဆောင်ပေးကိုကိုတွေလည်း ပေးဖို့ကြံနေ
မှာဖြစ်သလို.. မမတွေလည်း ဘာရမလဲ စဉ်းစားနေတဲ့အချိန်ဖြစ်မှာပေါ့ဗျား.။ ဒီတော့ လက်ဆောင်လေးတွေ
ပေးတဲ့အခါမှာ ကိုယ်ပေးတဲ့လက်ဆောင်လေးရဲ့ အဓိပ္ပာယ်လေးကို သိထားရင်ပိုကောင်းမယ်ထင်တယ်.။
ကောင်မလေးက မေးရင်ပြန်ပြောလို့ရတယ်လေ.။ ဟုတ်တယ်ဟုတ်.။
        အရင်ဆုံးသိထားသင့်တာက Floral Dictionary ပါ.။ တည့်တည့်ပြန်ရင် ပန်းအဘိဓါန်ပေါ့.။ပန်းကြိုက်
တဲ့ကောင်မလေးတွေ သိထားသင့်တာပေါ့.။ ဘယ်ပန်းက ဘာအဓိပ္ပာယ်ဆိုတာကိုပေါ့.။ သိသလောက်
ဘာသာပြန်ပေးချင်ပေမယ့် . သိပ်များလွန်းတော့ လက်ရှောင်လိုက်တယ်.။ ကိုယ့်ဖာသာကြည့်ကြည့်ပေါ့ဗျာ.။
ဒီနေရာမှာသွားကြည့်ပါ.။
        ပြီးခဲ့တဲ့နှစ် Valentine အထိ ဖာသိဖာသာပဲ.။ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်လို့ကောင်းတုန်းပါ.။လက်ဆောင်
ပေးဖို့ကို သူ့မွေးနေ့ ရောက်ခါနီးမှ သတိရတယ်.။အဲဒီမှာ စဉ်းစားရတယ်...။ သူ့နာမည်နဲ့ပဲဘုရားကိုလှူပြီး
ဘောက်ချာကို ပလတ်စတစ်လေးလောင်းပြီး သွားပေးလိုက်ရင် ရို ဆန်သွားမှာပဲ လို့တွေးမိတယ်.။ ဒါပေမယ့်
ဘုရားအထိသွားဖို့ လူက သင်တန်းသားဖြစ်နေတော့ မအားဘူး..။ လက်ဆောင်ကလည်း သူများနဲ့တူမှာ
ကြောက်တယ်.။ မတူအောင်ထူးထူးခြားခြားလေးတွေပေးချင်တာကိုး.။
      ပထမဆုံး ဂစ်တာဆိုင်ကိုသွားစုံစမ်းသေးတယ်.။ ပန်းနုရောင်ဆိုတာနဲ့ခေါင်းခါတယ်.။ အော်ဒါမှာရင်
လည်းကြာဦးမှာဆိုတာကို စပြောတယ်.။ မန္တလေးထိ ဖုန်းဆက်တာကို မရဘူးဖြစ်နေတယ်.။ ဂစ်တာပန်းနု
ရောင်လေးကို တော်တော် စိတ်စွဲနေတာ ..။ နောက်တော့ မှ မရနိုင်မှန်းသိပြီးလက်လျှော့လိုက်တယ်.။
လောလောဆယ် ကိုယ့်လခနဲ့ကိုယ် သုံးနေရတာဆိုတော့ သိန်းကျော်တန်လည်းဝယ်မပေးနိုင်တော့အလယ်
အလတ်စားထဲက ပဲ အဓိပ္ပာယ်ရှိတာလေးတွေဝယ်ပေးဖို့လိုလာပြီ.။ အဲဒီမှာစဉ်းစားစရာတွေတွေ့တယ်.။
ဘာတွေပေးရမလဲ.။ ???
       နောက်ရက်မနက် Outpass ရတယ်.။ အဘိုးကြီး၊ အဘွားကြီးစုံတွဲရုပ်ကလေး ကိုလိုက်ရှာတယ်.။
ပြင်ဦးလွင်မှာ နှံ့နေတာပဲ.။ အဘိုးကြီး၊ အဘွားကြီးတစ်စုံလုံးမတွေ့ဘူး.။တစ်ယောက်ချင်းစီတွေဖြစ်နေတယ်။
Valentine တုန်းကခွဲဝယ်ကုန်ကြတာလို့ ဆိုင်တွေကပြောပါတယ်.။ အဓိပ္ပာယ်က အဘိုးကြီးဖြစ်တဲ့အထိချစ်ပါ့
မယ် ၊ အဘွားကြီးဖြစ်တဲ့အချိန်အထိ ချစ်ပါ့မယ် ပေါ့ဗျာ.။ ကျွန်တော်ကလည်း အဘိုးကြီးအဘွားကြီးတွေဖြစ်
တဲ့အချိန်အထိ ငါတို့ချစ်ကြမယ် ဆိုတဲ့အဓိပ္ပာယ်နဲ့ လိုက်ရှာတာပါ..။
ပုံကို Google မှာရှာတာ ခေါင်းပြတ်လေးတွေပဲတွေ့တယ်.။ တကယ်တမ်းက ထိုင်ခုံလေးပေါ်မှာ.
        နောက်ဆုံးတွေ့မယ့်တွေ့တော့ ဟိုးကြားထဲက ဖန်စီဆိုင်သေးသေးလေးမှာသွားတွေ့ပါတယ်.။အဲဒီ
တော့ အဘိုးကြီးအဘွားကြီးက တစ်တွဲ.။ နောက်ထပ် သွားပွတ်တံ ပန်းရောင်လေး တစ်ချောင်းထပ်ဝယ်
တယ်.။သွားပွတ်တံရဲ့ အဓိပ္ပာယ် က မရှိမဖြစ်တဲ့..။
  
မရှိမဖြစ်.. တဲ့
 နောက်ထပ် အဖုံးဖွင့်လိုက်ရင်အသံမည်တဲ့. ဘူးလေးတစ်ဘူးပါသေးတယ်.။အဖုံးလေးကိုဖွင့်လိုက်ရင် အထဲ
က အရုပ်လေးက ငေါက်ကနဲ ထလာပြီးကတော့တာပဲ.။အဲဒီဘူးလေးကိုတော့..အချိန်တိုင်းအသင့်လို့ အဓိပ္ပာယ်ဖွင့်ထားတယ်.။


                                         အချိန်တိုင်းအသင့် ပါပဲ..
     နောက်ထပ် မထည့်လိုက်ရတဲ့ လက်ဆောင်တွေရှိသေးတယ်..။ အိပ်ရာထတိုင်းသတိရအောင်..မျက်နှာ
သုတ်ပ၀ါတို့..။ တစ်နေကုန် တမ်းတမိနေအောင် .ရေမွှေးတို့.. အစရှိသဖြင့်ပေါ့ဗျာ.။
       အဲဒါလေးတွေကိုကျွန်တော့်လိုဂိုလေးကို ပရင့်ထုတ်ပြီး ပါကင်စက္ကူနဲ့ကျကျနနပိတ်..။ ပြီးမှသူ့မွေးနေ့
မှာပေးလိုက်ပါတယ်.။ ကျွန်တော်လိုဂိုလေးဆိုတာ အခု ဒီဘလော့ရဲ့ Favicon လေးနဲ့တူတူပဲလေ..။
ကျွန်တော်အရင် က Programs သေးသေးလေးတွေ..။ Tools သေးသေးလေးတွေစမ်းရေးတုန်းကလည်း။
အဲဒီအိုင်ကွန်လေးကိုပဲသုံးခဲ့တာပါ.။ကိုယ့်ဖာသာ ဒီဇိုင်းထုတ်ပြီး.ဘယ်သူမှမကြိုက်တော့ ကိုယ့်ဖာသာသုံး
လေ၏ .။ ကောင်းရော.။
(ဘာကြီးမှန်းလည်းမသိဘူးနော်.။ ဟိဟိ)
          ဒီနေ့ခုနက အစ်မ သရဲချိုချဉ်..(ဟုတ်ပေါင်..ငယ်ငယ်တုန်းက စားတာတွေနဲ့မှားကုန်ပြီ...)အစ်မ
ချိုချဉ်ရဲ့.. တဂ်ပို့စ်လေးကို သွားဖတ်မှ. အမှတ်တရတစ်ခု ကျန်ခဲ့မှန်းသိတယ်.။ခုပြောပြမယ်နော်.။
          ၅ တန်းနှစ်ကကျွန်တော်တို့အတန်းနဲ့တစ်ခန်းကျော်မှာ..ဆံပင်ကြွက်မြီးလေးနဲ့ကောင်မလေး
တစ်ယောက်ရှိတယ်.။ရေသန့်စက်နဲ့တွဲထားတဲ့ရေကန်မှာ ရေသွားခပ်ရင်းအဲဒီကောင်မလေး ဘုရားပန်းအိုး
လာလဲတာနဲ့ကြုံရော..။ အဲဒါ ကျွန်တော်နဲ့အတူတူရေလာခပ်တဲ့ အိုက်စိုင်းဆိုတဲ့သူငယ်ချင်း ကအဲဒီကောင်
မလေးရဲ့ဆံပင်ကြွက်မြီးလေးကိုဆွဲရဲလားဆိုတော့. ကလေးပီပီ..ဆွဲရဲတာပေါ့ကွ ဆိုပြီး နောက်ကနေဆောင့်
ဆွဲလိုက်တာ.. အတန်းမှူးဆီခေါ်ပြီး မြှောက်ပေးတဲ့သူရော.။ အဟုတ်မှတ်ပြီး ဆွဲ တဲ့လူရော နှစ်ယောက်
လုံးဆော်ပလော်တီးခံရတာပေါ့ဗျာ. ။ဟိုကောင်မလေးကလည်း ငိုလိုက်တာ ကျွတ်ကျွတ်ကိုညံနေတာပဲ.။
အဲဒီတုန်းကတော့ အဲဒီကောင်မလေးကို မကျေနပ်ဘူးပေါ့ဗျာ.။ သိပ်မနာပဲနဲ့ဘာညာပေါ့ဗျာ.။ အဲဒီအချိန်
တုန်းက အဲဒီကောင်မလေးဟာ. တစ်ချိန်ချိန်မှာ..ကျွန်တော့် အတွက် ရင်နှင့်အမျှ ချစ်ရမယ့်သူဖြစ်လာလိမ့်
မယ် ဆိုတာထင်မထား ဘူးပေါ့ဗျာ.။(နောက်ဆုံးတော့ လည်းဒီဘူတာပါပဲ..ဟိဟိ.။)ခုတောင် သူ့ကို ပြန်ပြော
ပြီး ရယ်နေရတုန်း...။
           ဒီနေ့ပြည်ထောင်စုနေ့ မို့ ပြည်ထောင်စုနေ့နဲ့ပတ်သတ်တာ တင်ချင်ပေမယ့် . အဆင်သင့်ရေးပြီး
သား မရှိလိုက်လို့ မတင်ဖြစ်လိုက်ဘူး..။ဗိုလ်ချုပ်မွေးနေ့အတွက် တစ်ခုခုရေးတင်ဖို့ ရေးဖော်ရေးဖက်
သူငယ်ချင်းတစ်ယောက်နဲ့အဖော်စပ်ပါသေးတယ်.။ သူ့ ကလောင်နာမည်က မုန်းမောင်မောင်တဲ့..။
ဂျီတော့က နေလှမ်းပြောဖို့ဖွင့်လိုက်တော့.. သူ့ Custom Message မှာဘာတင်ထားလဲဆိုတော့..“ မူးမှ
မေ့မှာမို့ မုန်းမောင်မောင် မော့မယ်မေ.. ” တဲ့..။ လူတောင်ပြုံးချင်ချင်ဖြစ်သွားတယ်.။ အဲဒါနဲ့ သူ့ကိုရယ်ရယ်
မောမောနဲ့ မင်းကွာ ကြံကြံဖန်ဖန်..၊ခေါင်းကလည်းထွက်ပါ့ ဆိုတော့.. သကောင့်သားက ထပ်ပြောသေး
တယ်.။ရှိသေးတယ်တဲ့. “ မောင် မုန်းမောင်မောင် မင်းမိန်းမ မေမြို့မှာ မိုးမိမယ် မြန်မြန်မောင်း..” ဆိုတာ
ကြားဖူးလား.တဲ့..။ ဘာပြောလို့ပြောရမှန်းမသိအောင်ဖြစ်သွားတယ်.။ခုထိ ပြန်တွေးရင်ရယ်ချင်နေတုန်း.။
ကျောင်းမှာတုန်းက ကျွန်တော်တို့ အပတ်စဉ်က ကလောင်တွေက..ကျွန်တော် -မုတ်သုံ(ပြင်ဦးလွင်) ၊မင်းဝေ
အောင်-မုန်းမောင်မောင် ၊ သက်နောင် -လွမ်းစစ်နိုင်(ပုလော) ၊၀င်းမြင့်သန်း-မောင်ဝင်းမြင့်သန်း (မကွေး)
တို့ဖြစ်ပါတယ်.။အပြင်မှာလဲ ရေးတဲ့ကလောင်တွေပေါ့.။မုန်းမောင်မောင်နဲ့သက်နောင် ကစာသမားသပ်သပ်
ပေါ့.။ ၀င်းမြင့်သန်းက ကဗျာသမား.၊(တျာချင်း ၊ လေးချိုးကြီး၊ ကာချင်း ၊ ပိုဒ်စုံရတု..၊ အစုံပဲ..ကျွန်တော်လေး
စားတဲ့ သူငယ်ချင်းတစ်ဦးပေါ့.။ ၂၀၀၉ ခုနှစ်က နံရံကပ်စာစောင်မှာ ကျွန်တော်တို့ နိုင်ခါနီးမှ.ကျွန်တော့်တျာ
ချင်းကို တစ်နေရာမြှုပ်ထားတာ သူဖော်သွားလို့ ကျွန်တော်တို့ ရှုံးသွားတာ..။)ကျွန်တော်ကတော့တောင်မ
ရောက်၊ မြောက်မရောက်..။ ကဗျာရော.၊စာရော..ဖီလင်လာတဲ့ဥစ္စာ အကုန်ရေးတယ်...:P။ မော်စကိုထိပါ
လာတာကတော့..ကျွန်တော်နဲ့မုန်းမောင်မောင် ၂ ယောက်တည်းပါ.။
      ကဲပြောရင်းနဲ့လဲ မဆိုင်တဲ့လမ်းကြောင်းတွေလွဲကုန်ပြီ.။ကိုယ့်ခေါင်းစဉ်ကိုပြန်ကြည့်ပြီးရယ်ချင်သွားသေး
တယ်.။ ရေးတဲ့စာနဲ့ တော်တော်ဝေးသွားပြီ.။ ကဲ ..အမျိုးသားဖခင်ကြီးမွေးနေ့ အတွက် စဉ်းစားရဦးမှာမို့.
ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့..။



 

My Blog List